ရခိုင်ပြည်နယ် မောင်တောမြို့ ရဲ့အကြီးဆုံးဗျူဟာဖြစ်တဲ့ ကြိမ်ချောင်း အမှတ် ၂၄ ဗျူဟာ ကို
ရခိုင့်တပ်တော် AA သိမ်းပိုက်လိုက်ပြီး တိုက်ပွဲတွေဟာ မောင်တောမြို့နဲ့ အနီးဆုံးကို
ရောက်ရှိလာပြီဖြစ်တယ်လို့ မောင်တော သတင်းရင်းမြစ် က ပြောပါတယ်။
မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် တစ်လျှောက်မှာ အခိုင်အမာ ဗျူဟာ ကျကျတည်ဆောက်
နေရာယူထားတဲ့ ဒီစခန်းမှာ ကို သိမ်းပိုက်ပြီးနောက်မှာ AA ထိုးစစ်ဟာ မောင်တောမြို့ အနီးဆုံးက
မြို့စောင့်တပ်တွေကို အနီးကပ်ထိုးစစ်ဆင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
\”မြို့အ၀ က နခခ အမှတ် (၅) စခန်းကို ဝင်တိုက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က
ကတုတ်ကျင်းတွေ အရှည်ကြီး တူးပြီး ခံစစ် ပြင်နေရာ ယူထားပါတယ်။ မြို့ထဲမှာ အုပ်ချုပ်ရေး နဲ့
ပတ်သက်တဲ့ ဌာန ဆိုင်ရာတွေ တော့ မရှိတော့ဘူး \’ လို့ မောင်တောမြို့ အခြေ အနေကို
ပြောပါတယ်။
မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် ဖြစ်တဲ့ မောင်တောမြို့ဟာ စစ်ကောင်စီရဲ့
အခိုင်အမားစခန်းများစွာရှိပြီး မောရဝတီ ဗျူဟာ ၊ အလယ်သံကျော် နယ်မြေတပ်ရင်း ၊
ဒုဒေါင်းရဲတပ်ရင်း မောင်တော မြို့သူကြီး ရဲတပ်ရင်း ၊ လေးမိုင်ရဲတပ်ရင်း၊ မြောက်ပိုင်းဌာန ချုပ်
တောင်ပြိုရဲစစ်တပ်ပူးပေါင်းတပ်ရင်း တွေ ကို ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ရခိုင့်တပ်တော် AA ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် က တောင်ပြိုလက်ဝဲမြို့ကို မတ်လ
အတွင်းက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
မောင်တောမြို့ပေါ်မှာ ရရှိတဲ့ဌာန ဆိုင်ရာ နဲ့ တပ်မိသားစု အများအပြားဟာလည်း ဧပြီလ ၁ ရက်
နေ့က စစ်ကောင်စီ ရဲ့ နေဗီနဲ့ ဘေးလွတ်ရာ ကို ရွှေ့ပြောင်းထားပါတယ်။