Laywaddy FM

သံတွဲမြို့အဝင်ကို စစ်ကောင်စီပိတ်ဆို့

ရခိုင်ပြည်နယ် သံတွဲမြို့အဝင် ၇မိုင် အကွာခန့်ရှိ ရေစင်ကျေးရွာ မှ စတင်ကာ စစ်ကောင်စီက
ပိတ်ဆို့ထားပြီး အနီးအနားရှိ တောတောင်များတွင် ကင်းပုန်းများ ချထားကြောင်း သိရပါတယ်။
\”မနက်က တိုက်ပွဲအသေးစားဖြစ်တယ်။ အဲဒါကို အကြောင်းပြီးပြီးတော့
ရေစင်တံတားနားကနေစပြီး အဝင် အထွက် ပိတ်လိုက်တယ်။ လမ်းပိတ်ရုံတင်မဟုတ်ဘူး၊
ရေစင်ရွာ အဝင်အထွက်ကိုပါ ပိတ်ထားတယ်\” လို့ သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။
ချင်းတိုင်းရင်းသားအများစုနေထိုင်သည့် ပွင့်ဖြေကျေးရွာ၊ လက်မဲကျေးရွာ နှင့်
ကျားကြီးကျေးရွာနေ ပြည်သူများသည် သံတွဲမြို့သို့ စျေးရောင်း စျေးဝယ် နှင့် ဆေးကုသရန်
ရေစင်ကျေးရွာကို ဖြတ်သန်းသွားလားရသော ကျေးရွာများ ဖြစ်ကြပြီး ယခုအခါ သွားလာခွင့်
မရရှိတော့သဖြင့် အခက်အခဲများနှင့် ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
\”အခုလို လမ်းပိတ်လိုက်တာဟာ ရေစင် နဲ့ အဲဒီရွာကို ဖြတ်သန်း သွားလာရတဲ့ ရွာတွေ
တော်တော်ကို အခက်အခဲတွေဖြစ်ကြမှာ။ စာနီတောင်ဂိတ် နဲ့ ဘားတောင်းတောင်ဂိတ် မှာလည်း
စစ်သားတွေပါ စစ်နေတယ်\” လို့ ထပ်မံ ပြောပါတယ်။
ရေစင်ကျေးရွာသည် သံတွဲ-တောင်ကုတ် ကားလမ်းမပေါ်တွင် တည်ရှိပြီး သံတွဲမြို့မှ
၇မိုင်ခန့်အကွာတွင် တည်ရှိပါတယ်။ ရေစင်ကျေားရွာအနီးတွင် သံတွဲမြို့
သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းလည်း တည်ရှိနေပြီး အဆိုပါ အနီးတဝိုက်ကို
မြေမြှုပ်မိုင်းများ‌ ထောင်းထားကြောင်းလည်း သိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *