Laywaddy FM

ဂွမြို့နယ်မှ ပြည်သူ ၃ ဦး စစ်ကောင်စီမှ ဖမ်းဆီး

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့မှ ပြည်သူ ၃ ဦးကို စစ်ကောင်စီမှ ဧပြီလ ၁၁ရက် ည
၁၀နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
\”အဖမ်းခံရတဲ့ တစ်ယောက်ရဲ့ အဖေ (ဦးသိန်းဇံ) ကို လာရှာတာ။ မတွေ့တော့ သားဖြစ်သူ နဲ့
သူတို့အိမ် လာလည်တဲ့ သူ့သား သူငယ်ချင်း ၂ ယောက်ကို ဖမ်းသွားတာ၊ စစ်သား ၁၀
ယောက်လောက် လာဖမ်းတာ\” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ကျိန္တလီမြို့နယ် သဲကုန်းကျေးရွာမှ
ကိုနေဇာလင်း (၃၅ နှစ်)၊ ကိုဝင်းမင်းထွဋ် (၃၅ နှစ်) နှင့် ကိုညီလေးငယ် (၂၈ နှစ်) တို့
ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခံရသူများကို ကျိန္တလီမြို့ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဘာကြောင့်
ဖမ်းဆီးတယ်ဆိုတာကို ပြောကြားခြင်းမရှိကြောင်းလည်း သိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *