Laywaddy FM

သံတွဲမြို့ ဒေါ်မြရွာသစ် အနီးတွင် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့်ပြည်သူတစ်ဦးသေဆုံး

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဒေါ်မြရွာသစ် အနီးတွင် စစ်ကောင်စီမှ ခရီးသည်တင်ကားကို
သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကားဒရိုင်ဘာဖြစ်သူ သေဆုံးခဲ့ပြီး ခရီးသည် ၅ ဦး ဒဏ်ရာ
ရရှိခဲ့ကြောင်း သိရပါတယ်။
\”ဖြစ်တာက မနေ့ညနေက ဖြစ်တာ။ အလောင်းကို ဒီမနက်မှ ကောက်လို့ရတယ်။ သံတွဲကို မနက်
၁၀နာရီလောက်က သယ်လာခဲ့ပါပြီ\” လို့ သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။
သေဆုံးသူမှာ အသက် ၃၀ အရွယ် ကိုစိုးသူ ဖြစ်ပြီး ရိုးမမဏ္ဏိုင်ခရီးသည်ယာဥ်လိုင်းတွင်
ယာဥ်မောင်းတစ်ဦးဖြစ်ကာ သံတွဲမြို့ နယ်အံတော်ကျေးရွာတွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း
သိရပါတယ်။
\”ဒဏ်ရာရတဲ့ ခရီးသည်ထဲမှာ EPC ရုံးက ဝန်ထမ်းတစ်ဦးပါတယ်။ လက်ထိသွားတယ်။
နည်းနည်း စိုးရိမ်ရတာ နှစ်ယောက်လို့ ကြားပါတယ်\” လို့ သူက ထပ်မံ ပြောပါတယ်။
ဖြစ်စဥ်မှာ သံတွဲမြို့ မှ တောင်ကုတ်မြို့သို့ ခရီးသည်ကားနှစ်စီး အတူတူသွားနေစဥ် ရွှေလှေ
သူဌေးချောင်းရေအားလျပ်စစ်စီမံကိန်း အနီးရှိ ဒေါ်မြရွာသစ် မရောက်ခင် အလိုတွင်
စစ်ကောင်စီမှ ရှေ့ဆက်မသွားရန် တားမြစ်ခဲ့ရာ တစ်စီးမှာ နောက်ပြန်လှည့်ခဲ့ပြီး အပစ်ခံရသော
တစ်စီးမှာ နောက်ပြန်လှည့်ရန် ရှေ့တိုးစဥ် ချက်ခြင်း မလှည့်သဖြင့် သေနတ်ဖြင့်
ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

Shine Bu Chay

Related Posts

8 thoughts on “သံတွဲမြို့ ဒေါ်မြရွာသစ် အနီးတွင် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့်ပြည်သူတစ်ဦးသေဆုံး

Leave a Reply

Your email address will not be published. Required fields are marked *