Laywaddy FM

ဘူးသီးတောင်တွင် အိမ်ခြေ ၅၀၀၀ ကျော် မီးလောင်ပျက်စီး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် စစ်ကောင်စီ နှင့် စစ်သင်တန်းပေးခံထားရသော
မူဆလင်အချို့ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ ၅၀၀၀ ကျော်
မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။
\”အိမ်တွေကို မီးရှို့ရုံတင်မကဘူး။ စာသင်းကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေက
သံပန်းတံခါးတွေ၊ တန်ဖိုးကြီး ပစ္စည်းတွေလည်း ယူသွားကြတယ်\” လို့ ဘူးသီးတောင်မြို့မှ
တိမ်းရှောင်ထွက်ပြေးနေရသူ ဒေသခံတစ်ဦးက ဆိုပါတယ်။
မီးရှို့ဖျက်ဆီးခံသော ရပ်ကွက်များမှာ အမှတ်(၃)၊ (၄)၊ (၅) နှင့် (၇) ရပ်ကွက်မှ
ရခိုင်ပိုင်အိမ်များ နှင့် ဟိန္ဒူဘာသာဝင်တို့ အိမ်များ ဖြစ်ကြောင်း သိရပါတယ်။
\”မနေ့က မြို့ထဲ ခဏခိုးဝင်တာမှာ သူတို့ဘာသာဝင်နားကအိမ်တွေဆို မီးမရှို့ဘူး။ သစ်ခွာ၊
သံဖြူဖြုတ်ပြီး ဖျက်ဆီးထားတာပဲ တွေ့ရတယ်။ မြို့ထဲမှာတော့ လုံးဝ မသွားမလာနိုင်တဲ့
သက်ကြီးရွယ်အို အယောက် ၂၀ လောက်ကျန် ရှိတော့တယ်\” လို သူက ထပ်မံ ဆိုပါတယ်။
ဘူးသီးတောင်မြို့တွင် စစ်သင်တန်းပေးခံထားရသော မူဆလင်များ နှင့် ဒေသခံ
မူဆလင်အချို့သည် စစ်ကောင်စီက အတင်းအကျပ်ဖိအားပေး ဆန္ဒပြခိုင်းသဖြင့် မတ်လ ၁၉ရက်
မှ ၂၂ရက်ထိ ၃ရက်တာ ဆန္ဒပြခဲ့ပြီး ဧပြီလ ၄ရက်ကလည်း ထပ်မံ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
ယခုအခါ ဘူးသီတောင်မြို့မှ ဒေသခံပြည်သူများသည် ဘူးသီးတောင်မြို့နယ်ရှိ တောင်မူဇာ
ဖုံညိုလိပ်သို့ လည်းကောင်း မောင်တောမြို့နယ်အတွင်းသို့လည်းကောင်း
ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *