Laywaddy FM

တိုက်ပွဲကြာင့် ပျက်စီးသွားသော အိမ်ဆောင်များ ပြန်လည်ပြုပြန်ရန် ဒုတိယအကြိမ် လှူဒါန်း

တိုက်ပွဲကြာင့် ပျက်စီးသွားသော အိမ်ဆောင်များ ပြန်လည်ပြုပြန်ရန် ဒုတိယအကြိမ် လှူဒါန်း

ရခိုင်ပြည်နယ် စစ်တွေ နှင့် ပုဏ္စားကျွန်းမြိုနယ်ရှိ စစ်ကောင်စီမှ မီးရှို့၊ ဖျက်စီးခြင်းခံခဲ့ရသော
အိမ်ဆောင်များအတွက် ပြည်တွင်း ပြည်ပ အလှူရှင်များကိုယ်စား
စာရေးဆရာကိုဝေဟင်အောင်မှ အလှူငွေ ၂၅၂ သိန်းကို ဒုတိယအကြိမ်အဖြစ် ယနေ့တွင်
လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
\”ပထမအကြိမ်ကတော့ မြောက်ဦးက မီးလောင်ပျက်စီးသွားတဲ့ ၂၄၁ ဆောင် အတွက် ၂၄၁ သိန်း
လှူပါတယ်။ ဒီ တစ်ခါကျတော့ မီးလောင်ခံရတဲ့အိမ်ရယ် ဖျက်ဆီးခံလိုက်ရတယ် အိမ်ရယ်
စုစုပေါင်း ၂၅၂ အိမ်စာအတွက် ၂၅၂ သိန်း လှူပေးတာပါ\” ဟု စာရေးဆရာ ဝေဟင်အောင်က
ဆိုပါတယ်။
စစ်တွေမြို့နယ် တောကန်ရွာတွင် မီးလောင်ပျက်စီးအိမ် ၉၈ အိမ်၊ ဖျက်ဆီးခံရအိမ် ၃၁ အိမ် နှင့်
ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာ မှ မီးလောင်ပျက်စီးအိမ် ၁၂၃ အိမ် ကို တစ်အိမ်လျင်
တစ်သိန်းကျပ်နှုန်း လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။
\”ဒီကာလမှ သွားလာရေးကလည်း သိတဲ့အတိုင်း အန်မတန်ခက်ခဲပြီး စာရိတ်စကကြီးပါတယ်။
ကြားကနေကူညီပေးတဲ့ ကျနော်တို့အဖွဲကို လမ်းစာရိတ် ၅ သိန်း လှူပေးလို့လည်း
ကျေးဇူးတင်ပါတယ်\” လို့ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
အထက်ပါ တိုက်ပွဲကြောင့် တိမ်းရှောင်ပြည်သူများသည် တစ်နေရာတည်းတွင် စုစည်းကာ
မနေရဲကြသဖြင့် လုံခြုံမည်ထင်ရသောရွာများနှင် ဆွေမျိုးသားချင်းများရှိရာ ရွာများတွင်
ခိုလုံနေရကြောင်း သိရပါတယ်။

Shine Bu Chay

Related Posts

5 thoughts on “တိုက်ပွဲကြာင့် ပျက်စီးသွားသော အိမ်ဆောင်များ ပြန်လည်ပြုပြန်ရန် ဒုတိယအကြိမ် လှူဒါန်း

  1. Грати в найкраще онлайн казіно — широкий вибір автоматів та настільних ігор, вітальні бонуси та спеціальні пропозиції. Дізнайтеся про умови участі та актуальні акції.

Leave a Reply

Your email address will not be published. Required fields are marked *