ယနေ့ Thursday, 21st November 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

Blog

နပခဌာန ချုပ် အနီးကို စစ်ကောင်စီ လေကြောင်းက ပြင်းပြင်းထန်ထန်ဗုံးကြဲ အမ်းမြို့ပေါ်နေအိမ်အချို့မီးလောင်

နပခဌာန ချုပ် အနီးကို စစ်ကောင်စီ လေကြောင်းက ပြင်းပြင်းထန်ထန်ဗုံးကြဲ အမ်းမြို့ပေါ်နေအိမ်အချို့မီးလောင်

အာရက္ခတပ်တော် AA ရဲ့ အနီး ကပ်ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတဲ့ နပခ ဌာနချုပ် က စခန်းတွေ လက်မလွှတ်ရ ရေးအတွက် စစ်ကောင်စီဟာ ဒီကနေ့ တစ်ရက်လုံး အမ်းမြို့ပတ်ပတ်လည်ကို လေကြောင်း က တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။ နပခ ဌာနချုပ် က တပ်စခန်းတွေဟာ အမ်းမြို့ပေါ်မှာ…

တောင်ကုတ်မြို့သင်္ချီကိုင်းရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ဦးအပါအဝင် ၄ ဉီးသေဆုံး

တောင်ကုတ်မြို့သင်္ချီကိုင်းရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ဦးအပါအဝင် ၄ ဉီးသေဆုံး

ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်း ကျေးရွာ ကို နိုဝင်ဘာ ၁၉ ရက် နံနက်မှာ စစ်ကောင်စီ လေကြောင်းဗုံးကြဲ ခဲ့လို့ အသက်မပြည့်သေးတဲ့ မိန်းကလေး နှစ်ဉီးအပါအဝင် အရပ်သားလေးဉီး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီလေကြောင်း ကနေ ဂျက်ဖိုက်တာနဲ့ ကြဲချခဲ့တာဖြစ်ပြီး သင်္ချီကိုင်း ကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။…

မောင်တော နခခ (၅)တပ် အနီးဆုံးအထိ အာရက္ခတပ်တော် ထိုးစစ်ရောက်ရှိ အဆုံးဖြတ်တိုက်ပွဲပြင်းထန်နေ

မောင်တော နခခ (၅)တပ် အနီးဆုံးအထိ အာရက္ခတပ်တော် ထိုးစစ်ရောက်ရှိ အဆုံးဖြတ်တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည် အနောက်ဖက် နယ်စပ်မြို့တစ်ခုဖြစ်တဲ့မောင်တောမြို့ ကို အလုံးစုံထိမ်းချုပ်နိုင်ရေး စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့နယ်ခြားစောင့်တပ် နခခ (၅)ကို အာရက္ခတပ်တော်AA မှ အနီးကပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဆုံးသတ်တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီဟာ လက်ကျန် တစ်ခုတည်း အဖြစ်နောက်ဆုံးကျန်ခဲ့တဲ့ နခခ (၅) မြို့သူကြီးတပ်ရင်း မှာ ARSA ၊RSO တပ်ဖွဲ့တွေနဲ့…

ဘဂ်လားဒေ့ရှ် ငါးဖမ်းလှေများ မကြာခဏဝင်ရောက်နေမှု ကို AA ဘက်ကတရားဝင်ကန့်သတ်

ဘဂ်လားဒေ့ရှ် ငါးဖမ်းလှေများ မကြာခဏဝင်ရောက်နေမှု ကို AA ဘက်ကတရားဝင်ကန့်သတ်

AA အနေနဲ့ အာရက္ခပြည်သူ့ အစိုးရ ၊ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းပြီး နောက်မှာ ရခိုင်-ဘဂ်လားဒေ့ရှ် နယ်စပ်က နယ်စပ်ကျူးကျော် ငါးဖမ်းသူတွေကို တရားဝင် ဖမ်းဆီးကန့်သတ်တာတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်တဲ့ အကြောင်းကို တရားဝင်ထုတ်ပြန်လာပါတယ်။ နယ်စပ်လုံခြုံရေးပြသနာနဲ့ အတူ နယ်စပ်စစ်ပွဲတွေ ပြင်းထန်နေတဲ့ အတွက် အဲ့ဒီလို ဘဂ်လားဒေ့ရှ်ဒေသ…

အမ်းရိုးမထဲ က ဓာတ်ငွေ့ခွဲစက်ရုံမှာ တရုတ်စီမံကိန်းလုပ်သားတွေ ပိတ်မိနေ(ကျောက်ဖြူ ၊ အမ်း ၊ မကွေး လမ်းပိုင်းက တရုတ်ပိုက်လိုင်းဖြတ်သန်းရာ နေရာတွေကို စစ်ကောင်စီ အင်အားတိုးချ)

အမ်းရိုးမထဲ က ဓာတ်ငွေ့ခွဲစက်ရုံမှာ တရုတ်စီမံကိန်းလုပ်သားတွေ ပိတ်မိနေ(ကျောက်ဖြူ ၊ အမ်း ၊ မကွေး လမ်းပိုင်းက တရုတ်ပိုက်လိုင်းဖြတ်သန်းရာ နေရာတွေကို စစ်ကောင်စီ အင်အားတိုးချ)

လတ်တလော စစ်ရေးရှုပ်ထွေးနေတဲ့ အမ်းမြို့နယ်ဟာ ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ အဓိက ကျတဲ့နေရာ ဖြစ်ပြီး ကျောက်ဖြူ ကနေ အမ်း ၊ အမ်းကနေ မကွေး ပိုက်လိုင်းဖြတ်သန်း ရာ ရိုးမတော တလျှောက်မှာ စစ်ကောင်စီ ဂိတ်ပေါင်း ၂၀ ကျော် ကို အင်အားတိုးမြှင့်…

ပြန်လည် မထူထောင်နိုင်သေးတဲ့ ရေလုပ်သားတွေရဲ့ ထမင်းအုံးကြီး (သို့မဟုတ်) ဂျိတ္တောရွာ

ပြန်လည် မထူထောင်နိုင်သေးတဲ့ ရေလုပ်သားတွေရဲ့ ထမင်းအုံးကြီး (သို့မဟုတ်) ဂျိတ္တောရွာ

ရခိုင်ပြည် သံတွဲမြို့ နယ် က ဂျိတ္တောကျေးရွာဟာ ရခိုင်ပြည် အရပ်ရပ်က လက်လုပ်လက်စား ရေလုပ်သားတွေ နဲ့ အခြေခံလူတန်းစားတွေကို ဝမ်းဝအောင် ၊ ခါးလှအောင်ထားနိုင်ခဲ့တဲ့ ကျေးရွာကြီး တစ်ရွာဖြစ်ပါတယ်။ ဂျိတ္တောကျေးရွာဟာ အိမ်ခြေ ၃၀၀၀ ကျော် နဲ့ လူဉီးရေ နှစ်သောင်းဝန်ကျင် ရှိပါတယ်။ အဲ့ဒီအထဲက…

ပြားတောနံဘေးက ကူရာမဲ့ သူများ

ပြားတောနံဘေးက ကူရာမဲ့ သူများ

လမုပင်ငုတ်တို ၊ သမဲ့ပင်ငုတ်တို တွေ ကျို့တို့ကျဲတဲ ရှိနေတဲ့ သမန်းပြင် (လတာပြင်)ပေါ်မှာ အသက်ငါးဆယ်အရွယ် လူတစ်ဦးဟာ ​ဘယ်ညာယိမ်းပြီး သူ့ အရှေ့ဖက် မှာရှိ​နေတဲ့ ဓနိတောဆီ ကို ဦးတည်သွားရောက် နေပါတယ်။ သူ့ရဲ့ပုခုံးထက်မှာတော့ ဝါးနဲ့ ရက်လုပ်ထားတဲ့ ဂဏန်းပိုင်(ဂဏန်းထောင်ဖမ်းသည့်ပစ္စည်း)အလုံး ၈၀ ကျော်ကို ကြိုးနဲ့သီပြီး…

အမ်းမြို့ အောက်ရွာ ရပ်ကွက်က ဒေသခံ (၁၀၀) ကျော် စစ်တပ်က နပခ ဌာနချုပ်ထဲ ကို ခေါ်သွား

အမ်းမြို့ အောက်ရွာ ရပ်ကွက်က ဒေသခံ (၁၀၀) ကျော် စစ်တပ်က နပခ ဌာနချုပ်ထဲ ကို ခေါ်သွား

ရခိုင်ပြည် အမ်းမြို့ နပခ ဌာနချုပ်အနီးက ရပ်ကွက်သူရပ်ကွက်သား ၁၀၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ က လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားပြီး နပခ ဌာချုပ်ထဲမှာ ဖမ်းဆီးထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် က ပေးပို့ပါတယ်။ အမ်းမြို့ တစ်ခုလုံးမှာ နေ့ရောညပါ တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်လောက်ကြာမြင့်ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇…

ရခိုင်ရိုးမ ကို ခြေလျင်ဖြတ်ကျော် စစ်ရှောင်လာသူ ၄၀၀ ကျော် ရိုးအဆင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရ

ရခိုင်ရိုးမ ကို ခြေလျင်ဖြတ်ကျော် စစ်ရှောင်လာသူ ၄၀၀ ကျော် ရိုးအဆင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရ

အမ်းရိုးမပေါ်ကိုခြေလျှင်ဖြတ်ကျော် စစ်ရှောင်လာသူ စစ်ရှောင် ၄၀၀ ကျော်ဟာ အမ်းရိုးမ က စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရထားရတယ်လို့ သတင်းရ ရှိပါတယ်။ ခြေလျှင်ဖြတ်ကျော်စစ်ရှောင်လာသူ ၄၀၀ ကျော်ဟာ အမ်းရိုးမ တောင်ကြားလမ်းတစ်ခု ဖြစ်တဲ့ အမ်းမြို့နယ်နဲ့ မင်းဘူးမြို့နယ် ကြားက ကမြင်းကံ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံထားရတာ တစ်ပတ်နီးပါးကြာမြင့်ပြီဖြစ်တယ်…

ရခိုင်မှာ တိုက်ပွဲအတွင်း အရပ်သား ၇၀၀ ကျော်သေဆုံးပြီး ၊ ငါးသိန်း ကျော်ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်ရ

ရခိုင်မှာ တိုက်ပွဲအတွင်း အရပ်သား ၇၀၀ ကျော်သေဆုံးပြီး ၊ ငါးသိန်း ကျော်ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်ရ

ရခိုင်ပြည်သိမ်းတိုက်ပွဲ တစ်နှစ်တာ ကာလ အတွင်းမှာ အရပ်သားပြည်သူ ၇၀၀ ကျော်သေဆုံးခဲ့ရပြီး ငါးသိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရတယ်လို့ အာရက္ခအစိုးရ လူ့အခွင့်ရေးဌာန HODC က နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ပါတယ်။ အဲ့ဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၃၂ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါအပြင်…