Blog

အမ်း မြို့မ ရဲစခန်းက ဒုရဲမူးကြီးဝင်းနိုင် အပါအဝင် အရာရှိ များထွက်ပြေး
ရခိုင်ပြည် ၊ အမ်းမြို့ က မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ဒုရဲမှူးကြီး ဝင်းနိုင် အပါအဝင် အရာရှိ လေးဆယ်ဝန်းကျင်ဟာ အမ်းမြို့ စစ်ပွဲအတွင်းက ထွက်ပြေးသွားပြီး ခြေရာပျောက်နေတယ် လို့ လေးဝတီ FM က သတင်းရရှိပါတယ်။ အဲ့ဒီထွက်ပြေးသွားတဲ့ အဖွဲ့မှာ အမ်းမြို့ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့…

၁၀၂၇ ကို စတင်ခဲ့တဲ့ညီနောင်မဟာမိတ်အဖွဲ့ထဲက နှစ်ဖွဲ့ဟာ စစ်ကောင်စီ ကို အပစ်ရပ်ဖို့ ကမ်းလှမ်း လာ
၁၀၂၇ တော်လှန်ရေးကို စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့သုံးဖွဲ့အနက်က မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA ) နဲ့ တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဟာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ ဆွေးနွေးလိုကြောင်း စတင်ကမ်းလှမ်းလာတဲ့ သဘော ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က TNLA…

အမ်းနပခဌာနချုပ် ကို စစ်ကူလွှတ်လိုက်တဲ့ စစ်ကြောင်း ရိုးမထဲမှာ ပျောက်ဆုံးနေ(နှစ်ပတ်ကျော်ကြာသည်အထိ နပခ ကို မရောက်သေး)
ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့ကို စစ်ကူပို့လိုက်တဲ့ အင်အား ၄၀၀ ကျော်ပါရှိတဲ့ စစ်ကြောင်း တစ်ခုဟာ နပခ ဌာနချုပ် ဆီမရောက်ဘဲ ရခိုင်ရိုးမထဲမှာ ပျောက်ဆုံးနေတာ နှစ်ပတ်ကျော်ပြီလို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ စစ်ကောင်စီဟာ နပခ ဌာနချုပ် ထဲ က အင်အား…

စစ်ကောင်စီလေကြောင်းက ဗုံးကြဲ ၊ တောင်ကုတ်မြို့မစျေးမီးလောင်ပျက်စီး
ရခိုင်ပြည်တောင်ကုတ်မြို့အခြေစိုက်တပ်မ စကခ (၅) ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဟာ သူ့ရဲ့ တပ်မ မကျရေးအတွက် လေကြောင်းက အဆက်မပြတ်ခုခံတိုက်ခိုက်နေတဲ့ အတွက်တောင်ကုတ်မြို့မ ဈေးကို လက်နက်ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းရ ရှိပါတယ်။ "တောင်ကုတ်တိုက်ပွဲက ဒီရက်ပိုင်း ဒီဇင်ဘာလ ထဲ…

အမ်းနပခဌာနချုပ် ကိုAA စတင်ထိုးစစ်ဆင်
ရခိုင်ပြည် အမ်းမြို့က တပ်အင်အားတွေ စုပေါင်းထားတဲ့ အနောက်ပိုင်တိုင်း စစ်ဌာနချုပ်အတွင်း ကို အာရက္ခတပ်တော်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ စတင်ထိုးစစ်ဆင်နေတယ် လို့ သတင်းရရှိပါတယ်။ အမ်းမြို့ပေါ်မှာ ဖြန့်ပြီး နေရာယူထားတဲ့ တပ်ရင်း ၊ တပ်မတွေနဲ့ ခံစစ်စခန်းတွေ အကုန်လုံးကို နိုဝင်ဘာ ၃၀ ရက် က အပြီးသတ်သိမ်းပိုက်ပြီးနောက်မှာ…

ရခိုင်မှာ ရင်သားကင်ဆာ ၊ သားအိမ်ရောဂါ လို အမျိုးသမီးရောဂါတွေ တောဆေး တောဝါးနဲ့ ကုသနေရ
ရခိုင်ပြည် သံတွဲ နဲ့ ဂွမြို့နယ် စစ်ရှောင်စခန်းတွေ မှာ ရှိတဲ့ အမျိုးသမီးရောဂါ ခံစားနေရသူများဟာ ကုသစရာ ဆေးဝါးမရှိတာကြောင့် တောဆေးဆရာ နဲ့ ကုသနေရတယ်လို့ သတင်းရရှိပါတယ်။ ဒါအပြင် အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေနဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက် သန္ဓေ တားဆေးတွေလည်း အရေးပေါ်လိုအပ်နေတယ် လို့ ဒေသတွင်းကူညီနေသူတွေက…

ဂွမြို့ ခမရ (၅၆၃) တပ်ကို စစ်ကောင်စီ အင်အား ၄၀၀ ပို့ဆောင်(ကိုင်းတောကွင်း ကျေးရွာ အနီးမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ )
မကြာခင်မြို့သိမ်းတိုက်ပွဲ ပြင်းထန်လာဖွယ်ရှိတဲ့ ဂွမြို့က ခမရ (၅၆၃) တပ်ကို စစ်အင်အား ၄၀၀ ကျော်ဖြည့်တင်းလိုက်တယ်လို့ သတင်းရရှိပါတယ်။ တစ်ဖက်မှာလည်း အာရက္ခတပ်တော် ရဲ့ ထိုးစစ်ဟာ ဂွမြို့ကို တဖြည်းဖြည်းချဉ်းကပ်လာပြီး ဂွမြို့နယ် ကိုင်းတောကွင်း ကျေးရွာမှာ ဒီကနေ့မနက် တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဟာ ဂွမြို့ပေါ်က ခမရ (၅၆၃)…

“ငှက်ချေ”
ယင်းနိန်က မိုးမရွာ၊ လီလည်းမထ၊ မုန်တိုင်းလည်း မတိုက်ခတ် ငှက်တစ်ကောင် အသိုက်က လွင့်စိုင်လားရေ။ လှိုင်းသင့် လီသင့် သင်္ဘောတစီးပိုင် ရွက်လွှင့်လားစွာကားမဟုတ်၊ ရီဆန် လီဆန် တိုးဝင်လခစွာ။ ကြာယာ။ ကောင်းကြာလခယာ...... အသိုက်နန့် အဝီးကြီးမှာ ကောင်းကြာယာ။ အာကာထက်မာ ပျံသန်းနီရေလို့ မြင်ကတ်တေ၊ သူရို့က။ ငှက်တစ်ကောင်…

တပ်ရင်း (၄) ခု ထပ်သိမ်းပြီးနောက် အမ်းမြို့ကို AA ထိမ်းချုပ်( နပခ ဌာနချုပ် သာ ထိုးစစ်ဆင် ရန် ကျန်ရှိ)
ရခိုင်ပြည် အမ်း မြို့ပေါ်မှာ ရှိတဲ့ တပ်ရင်း၊ တပ်မတွေ နဲ့ ခံစစ်စခန်းတွေ အကုန်လုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး အမ်းမြို့ကို ထိမ်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ တစ်ခုတည်းသာကျန်ရှိတော့တဲ့ နပခ ဌာနချုပ်ကို ထိုးစစ်ဆင်နေတယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။…

တောင်ကုတ် မြို့ ခရိုင်ကျေးရွာ ကို လေကြောင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရ(လူ နှစ်ဆယ်ကျော် ထိခိုက် ၊ နှစ်ဉီးသေဆုံး)
ရခိုင်ပြည်တောင်ကုတ်မြို့ ခရိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့လို့ စစ်ရှောင်ပြည်သူ နှစ်ဉီးသေဆုံးပြီး လူ ၂၀ ဝန်းကျင် လက်နက်အစအန တွေ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီခရိုင်ကျေးရွာဟာ တောင်ကုတ်မြို့နယ် တိုက်ပွဲအတွင်း မကြာခဏ လေကြောင်းတိုက်ခိုက်ခံနေရပြီး အခု အကြိမ်ဟာ ငါးကြိမ်မြောက်တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ တောင်ကုတ်မြို့…