Laywaddy FM

ရခိုင့် သယံဇာတကျိန်စာ အဆုံးသတ်တော့မှာလား အပိုင်း(၁)

ရခိုင့် သယံဇာတကျိန်စာ အဆုံးသတ်တော့မှာလား အပိုင်း(၁)

ရခိုင်ပြည်သည် သဘာဝသယံဇာတနှင့် တကွ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ မဟာဗျူဟာမြောက် သော ပထဝီဝင်အနေအထားကို ပိုင်ဆိုင်သော်လည်း မြန်မာတစ်ပြည်ထောင်စနစ်အောက်တွင် အရာခပ်သိမ်း ဆုံးရှုံးခဲ့ရသည်။

ရခိုင့်သဘာဝဓာတ်ငွေ့သာမက ရခိုင့်ပင်လယ်ပြင်သည်လည်းကောင်း၊ ရခိုင့်သစ်တောများ သည်လည်းကောင်း ရခိုင်တို့က အကျိုးခံစားခွင့်မရဘဲ ယင်းသယံဇာတများကြောင့်ပင် ရခိုင်ပြည်သူများ ကျိန်စာသင့်ခဲ့ကြရသည်။

အာရက္ခတပ်တော်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်၍ ရခိုင်ပြည်ကို တစ်မြို့ပြီး တစ်မြို့ ပြန်လည်သိမ်းပိုက်ခဲ့ရာ ယခုအခါတွင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့မှလွဲ၍ အားလုံးကို ရရှိပြီး ဖြစ်သည်။
သို့ဖြစ်၍ ကျိန်စာသင့်ခဲ့ရသော ရခိုင့်သယံဇာတများသည်လည်း ကျိန်စာလွင့်ပြယ်ရန် နီးကပ်လာခဲ့ ပြီးဖြစ်သည်။

ထို့ပြင် ရခိုင့်သယံဇာတများထဲမှ လက်ရှိစီမံကိန်းပြု၍ ထုတ်လုပ်နေသော ရွှေသဘာဝဓာတ်ငွေ့များ၊ ရှာဖွေတွေ့ရှိထားပြီးသော နောက်ထပ်သဘာဓာတ်ငွေ့သိုက်များနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ကုလား တန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း စသည့်အခြားစီမံကိန်းများဆိုင်ရာ ရသင့်ရထိုက်သော ရပိုင်ခွင့်များ ကို တရားဝင်ရရှိရမည်ဖြစ်သည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည်တွင် လက်ရှိကျန်ရှိနေသည့် ရွှေသဘာဝဓာတ်ငွေ့နှင့် တရုတ်ရင်းနှီး မြှုပ်နှံမှုများရှိရာ ကျောက်ဖြူ၊ စစ်ကောင်စီ၏ ရခိုင်ပြည်မြို့တော်နှင့် အိန္ဒိယစီမံကိန်းရှိရာ စစ်တွေတို့ကို တိုက် ခိုက်သိမ်းပိုက်ခြင်း၊ မြန်မာပြည်မြေပြန့် တိုင်း ၃ တိုင်းသို့ ထိုးစစ်အရှိန်မြှင့်ခြင်းနှင့် အပစ်အခတ်ရပ်စဲရေး ဆွေး နွေးခြင်းများသည် တစ်ခုနှင့်တစ်ခုဆက်နွှယ်အချိုးကျနေသည်ဖြစ်ရာ ယင်းတွင် ရခိုင့်သဘာသယံဇာတများနှင့်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည်လည်း အဓိကအခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်လျက်ရှိနေသည်။

သို့ဖြစ်ရကား ဤစာတမ်းကို ရေးသားရာ၌ မြန်မာတစ်ပြည်ထောင်အစိုးရလက်အောက်တွင် သယံဇာ တ ရပိုင်ခွင့်များ အားလုံးဆုံးရှုံးခဲ့ရသော ရခိုင်ပြည်သူများ၏ အကျိုးစီးပွားကိုရည်မျှော်၍ သယံဇာတကျိန်စာကို အဆုံးသတ်ရာ၌ အထောက်အပံ့တစ်စုံတစ်ရာဖြစ်နိုင်ရန် ရည်ရွယ်သည်။

၂။ အပစ်အခတ်ရပ်စဲရေး အလားအလာ

မြန်မာအစိုးရသည် ရခိုင်ပြည်နယ်ရှိ သဘာဝသယံဇာတများကို ဉပဒေများပြဋ္ဌာန်း၍လည်းကောင်း၊ စစ်တပ်အားကိုးဖြင့်လည်းကောင်း ဗဟိုချုပ်ကိုင်မှုဖြင့် ပိုင်ဆိုင်မှု၊ ထိန်းချုပ်မှု၊ စီမံမှုများအားလုံးကို ရယူထား ခဲ့သည်။

ရခိုင်ပြည်သူတို့သည် ၎င်းတို့၏သဘာဝသယံဇာတ အကျိုးစီးပွားကို တစ်စုံတစ်ရာ မခံစားရသည် သာမက ၎င်းတို့မြေယာများ၊ အသက်မွေးဝမ်းကျောင်းများကိုပါ ဆုံးရှုံးခဲ့ကြရသည်။ သဘာဝသယံဇာတ စီမံ ကိန်းများနှင့်ပတ်သက်၍ ရခိုင်ပြည်သူများ၏ ရပိုင်ခွင့်တောင်းဆိုမှုများမှာလည်း တစ်စုံတစ်ရာ အရာမထင်ဘဲ လျစ်လျူရှုခြင်းကိုသာ ရရှိခဲ့ကြသည်။

သို့ရာတွင် လက်ရှိ၌ ရခိုင်ပြည်၏အခြေအနေများမှာ ပြောင်းလဲခဲ့ပြီဖြစ်သည်။ ၂၀၂၄ ခုနှစ်အကုန်တွင် အာရက္ခတပ်တော်သည် ရခိုင်ပြည်၏ ၁၄ မြို့နယ်နှင့် ပလက်ဝဒေသအပါအဝင် မြို့နယ် ၁၅ မြို့နယ်ကို သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ ရခိုင်ပြည်၏ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ အိန္ဒိယနယ်စပ်များနှင့် မြန်မာပြည်နှင့် ထိစပ်လျက်ရှိသည့် ကုန်းမြေများအားလုံးသည် အာရက္ခတပ်တော်၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်ခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့၊ စစ်ကောင်စီ၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ နှင့် မာန်အောင်မြို့တို့သာလျှင် ကျန်ရှိနေသည်။ ကျောက်ဖြူမြို့တည်ရှိရာ ရမ်းဗြဲကျွန်းတွင် ရမ်းဗြဲမြို့ကို သိမ်း ပိုက်ပြီးဖြစ်ကာ ကျောက်ဖြူမြို့ပေါ်တစ်ဝိုက်၊ ရေတပ်စခန်းနှင့် မဒေးကျွန်းမျှသာ စစ်ကောင်စီထိန်းချုပ်ရာ ဖြစ်၍ ကျောက်ဖြူ၏ ကျန်သောကျေးလက်နယ်ပယ်များအားလုံးမှာ အာရက္ခတပ်တော်က ထိန်းချုပ်ပြီးဖြစ် သည်။

စစ်တွေသည်လည်း မြို့ပေါ်တစ်ကွက်သာလျှင် စစ်ကောင်စီ၏ထိန်းချုပ်ရာဖြစ်ပြီး စစ်တွေ၏ကျေးလက် အများစုနှင့် ဆက်စပ်နေသည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်ဒေသများမှာ အာရက္ခတပ်တော်က ထိန်းချုပ်ပြီး ဖြစ်သည်။

စစ်ကောင်စီအတွက် ကျန်ရှိနေသေးသော ၎င်းမြို့ ၃ မြို့သို့ ဆက်သွယ်ရန်နှင့် ထောက်ပို့ရန်မှာ လေ ကြောင်းနှင့် ရေကြောင်းသာရှိသည်။ သံတွဲနှင့်အမ်းတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအရ လက်နက်ကြီး များကို ပိုင်ဆိုင်ထားသည့် အာရက္ခတပ်တော်သည် လေဆိပ်များအနီးတဝိုက်သို့ ရောက်ရှိနိုင်သည်နှင့် စစ်ကောင်စီသည် လေကြောင်းထောက်ပို့များကို လုပ်ဆောင်၍ မရနိုင်တော့ပေ။

သံတွဲ၊ ဂွ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့များတွင် လုပ်ဆောင်ခဲ့သော တိုက်ခိုက်ရေးဗျူဟာများအရ ရေတပ်စခန်းများကို သိမ်းပြီးသည်နှင့် ရေတပ်စစ်သင်္ဘောများသည် အဝေးကလှမ်းပစ်ရုံအပြင် ကမ်းကပ်ခြင်း၊ ကမ်းတက်ခြင်းများ ကို မစွမ်းဆောင်နိုင်တော့ပေ။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အာရက္ခတပ်တော်သည် လက်ရှိဖြစ်ပေါ်နေသော မြန်မာ ပြည်အခင်းအကျင်းများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အသင့်ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်း နောက်တွင် စစ်ကောင်စီသည် အာရက္ခတပ်တော် ထိန်းချုပ်ထားသော ရခိုင်ပြည်၏ အရပ်သားပစ်မှတ်များကို ဆက်တိုက်ဆိုသလို ဗုံးကြဲနေခဲ့သည်။

ထို့အတူ အာရက္ခတပ်တော်၏ ၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ချက်များအရ အာရက္ခတပ်တော်သည် အမ်းရိုး၊ တောင်ကုတ်ရိုးနှင့် ဂွရိုး များအားလုံးကို အပြီးအပိုင် သိမ်းပိုက်နိုင်ပြီး ယင်းတို့နှင့် ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းများဆီသို့ ထိုးစစ်ကို ဖြန့်ကျက်လာခဲ့ပြီးဖြစ်သည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင်းတိုက်ပွဲများတွင် အင်အား ၁၃၀၀ ကျော်သော တပ်မ ၉၉ လက်အောက် ခံတပ်များကို အင်အား ၇၀၀ သာကျန်ရှိအောင် တိုက်ထုတ်နိုင်ခဲ့ပြီး ဧရာဝတီတိုင်းတွင်လည်း လက်ရှိရခိုင်ပြည် နယ် နယ်နိမိတ်ကို ကျော်လွန်ကာ မကျီးဇင်၊ ရွှေသောင်ယံ၊သာပေါင်းတို့မှတစ်ဆင့် အနောက်တောင်တိုင်းစစ် ဌာနချုပ်ရှိရာ ပုသိမ်မြို့သို့ ဦးတည်နေသည်။

အာရက္ခတပ်တော်သည် ဇန္နဝါရီလ ၂၆ ရက်နေ့တွင် ရခိုင် – ပဲခူး တိုင်း နယ်စပ်ဖြစ်သည့် မိုးထိတောင်စခန်းကိုသိမ်းယူကာ ပဲခူးတိုင်းသို့ ထိုးစစ်မျှားဦး လှည့်နေပြီဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်တစ်နှစ်ကျော်ကာလအတွင်း အာရက္ခတပ်တော်၏ စစ်စွမ်းရည်နှင့် စစ်ဗျူဟာကို မျက်ဝါးထင်ထင် လက်တွေ့မြင်ခဲ့ရသည့်အတိုင်း မြန်မာမြေပြန့်ဒေသ တိုင်းသုံးတိုင်းကို ထိုးစစ်ဖြန့်ကျက်လာ သော်လည်း ရခိုင်ပြည်တွင် သိမ်းပိုက်ရန်ကျန်ရှိသည့် မြို့ ၃ မြို့ကို ချန်ထားခဲ့ပြီဟု အပြီးပြတ်ပြော၍ မရနိုင်ချေ။

အထူးသဖြင့် ကျောက်ဖြူနှင့် စစ်တွေမြို့များမှာလည်း ဖော်ပြခဲ့ပြီးသည့်အတိုင်း မြို့နေရာများမှလွဲ၍ ကျန်သော ကျေးလက်ဒေသများအားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်။ အာရက္ခတပ် တော်သည် ၎င်းစစ်မျက်နှာများအားလုံးကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည့် အနေအထားတွင် လည်း ရှိနေသည်။

စစ်ကောင်စီသည် ရခိုင်ပြည်၊ ရှမ်းမြောက်၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း စသည်ဖြင့် တိုင်းပြည်အနှံ့တွင် စစ်အရှုံးကြီးရှုံးခဲ့ကာ နိုင်ငံ့အာဏာဖြန့်ကျက်နိုင်မှုမှာ များစွာယုတ်လျော့ခဲ့ပြီးဖြစ်သည်။ တိုင်းဒေသကြီးများ၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏
တော်လှန်တိုက်ခိုက်မှုများကြောင့်လည်း အုပ်ချုပ်ရေးယန္တရားကို ကောင်းစွာ အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့ဘဲ တည်ငြိမ်မှုပျက်စီးကာ စီးပွားရေးအဆောက်အအုံများလည်း ပြိုလဲ ခဲ့ပြီးဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးအများစုနှင့် သဘာဝသယံဇာတထွက်ရှိရာ ဌာနေလူမျိုးများ၏ ဒေသ အရင်းအမြစ်များကိုလည်း
လက်လွတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
စစ်မှုထမ်းဥပဒေကြောင့် လူသားအရင်းအမြစ် များ တိုင်းပြည်မှယိုစီးခြင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှု ကျဆင်းသွားခြင်း၊ တိုင်းပြည်မတည်ငြိမ်ခြင်းနှင့် စီးပွားရေးပိတ်ဆို့ခံရမှုများကြောင့် တိုင်းပြည်၏ဝင်ငွေများလည်း
ဆက်တိုက်ကျဆင်းလာခဲ့ပြီးဖြစ်သည်။

စစ်ကောင်စီသည် တိုင်းပြည်အာဏာကို မတရားရယူထားခြင်း၊ ပြည်သူလူထု၏ ထောက်ခံမှုကို မရရှိ ခြင်းနှင့် နိုင်ငံတကာစာမျက်နှာတွင် တရားဝင်အစိုးရမဖြစ်ခြင်းများကြောင့် ရွေးကောက်ပွဲကို အပူတပြင်း အကောင်အထည်ဖော်လိုနေသော အခိုက်အတန့်သို့ ရောက်ရှိနေသည်။

ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် တိုင်းပြည်၏ ယာယီတည်ငြိမ်သည့်အနေအထားတစ်ခုကို ဖန်တီးဖို့နှင့် ရွေးကောက်ပွဲကျင်းပနိုင်မည့်ဒေသများကို ရနိုင်သမျှတိုးချဲ့ရန်အတွက် စစ်ကောင်စီသည် တရုတ်ကြီးအပါအဝင် ရနိုင်သမျှနည်းလမ်းများကို သုံးမည်ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲမှုများ၊ ငြိမ်းချမ်း ရေးဆွေးနွေးမှုများကို လာမည့် ၆ လတာကာလအတွင်း မဖြစ်မနေပြုလုပ်ရတော့မည်ဟု ယူဆနိုင်သည်။ ယင်းတွင် ရခိုင်ဒေသသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ မဟာဗျူဟာမြောက် အရေးပါသောဒေသဖြစ်ပြီး စစ်ကောင်စီက စစ်ရေးအရ အားလုံးနီးပါးဆုံးရှုံးထားသောဒေသလည်းဖြစ်သည်။

တစ်ဖက်တွင်လည်း တရုတ်သည် ၎င်း၏စွမ်းအင်အရင်းအမြစ်များထဲမှ တစ်ခုဖြစ်သော ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းများ လုံခြုံစွာဆက်လက်လည်ပတ်နေရေးနှင့် အိန္ဒိယသမုဒ္ဒရာထွက် ပေါက်ဖြစ်သည့် ရေနက်ဆိပ်ကမ်းအပါအဝင်
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ဆက်လက်အကောင် အထည်ဖော်ရန်အတွက် ရခိုင်ဒေသတွင်းအပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးမည်ဖြစ်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်တွင် အာရက္ခတပ်တော်ကို ပြန်လည်ထိုးစစ်ဆင် အနိုင်ပြန်တိုက်နိုင်သော အနေအထားမရှိသည့်အတွက် ကျောက်ဖြူရှိစီမံကိန်းများကို အကောင်အထည်ဖော်ရန် အာရက္ခတပ်တော်ကို ထည့်သွင်းမစဉ်းစားဘဲ စစ်ကောင်စီတစ်ခုတည်းဖြင့် ဆက်သွားရန် မဖြစ်နိုင်မှန်း တရုတ်က သိပြီးဖြစ်သည်။

သို့ဖြစ်၍ တရုတ်ကို ကျောထောက်နောက်ခံပြုရန် အားကိုးနေသော စစ်ကောင်စီသည်လည်း အပစ်အခတ်ရပ်စဲ ရန်
ဖိအားကို ရရှိနိုင်သည်။ အာရက္ခတပ်တော်အနေဖြင့်လည်း တရုတ်၏လိုအင်ဆန္ဒကို လုံးလုံးလျားလျား
ထည့်သွင်းမစဉ်းစားဘဲ နေရန် မဖြစ်နိုင်ချေ။ တရုတ်သည် ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်သည့်အပြင် အနောက်အုပ်စုအပါအဝင် အခြားနိုင်ငံများနှင့်စာလျှင် မြန်မာ့အရေးတွင် ကိုယ်ထိလက်ရောက် ပါဝင်နေသောနိုင်ငံဖြစ်သည်။

ထို့ပြင် အာရက္ခတပ်တော်၏ စစ်ရေးအခြေပြုရာ ပထဝီဝင်အကြောင်းရင်း၊ လက်ရှိအနေအထားနှင့် အနာဂတ်စီးပွား ရေး
အလားအလာ စသည်များသည်လည်း တရုတ်၏ကြားဝင်မှုကို အာရက္ခတပ်တော်က အတိုင်းအတာတစ်ခု အထိ လက်ခံရမည့်အကြောင်းများထဲတွင် ပါဝင်သည်။

သို့ရာတွင် ကျောက်ဖြူနှင့်စစ်တွေမှ စစ်ကောင်စီဆုတ်ခွာရေး သို့မဟုတ် ဆက်လက်တည်ရှိနေရေး၊ ယင်းအဆုံးအဖြတ်များနှင့် ပတ်သက်၍ ဖြစ်ပေါ်လာအံ့သည့် စစ်ရေးအခြေအနေ၊ ကျောက်ဖြူရှိ တရုတ်စီမံကိန်း များနှင့် ၎င်းတို့အား ထိန်းချုပ်စီမံခွင့်၊အကျိုးအမြတ်ရယူပိုင်ခွင့် စသည်များတွင် တရုတ်၏ကြားဝင်မှုက မည်မျှ စွမ်းဆောင်နိုင်မည်ဆိုသည့်အပေါ်၌ အပစ်အခတ်ရပ်စဲခြင်း သို့မဟုတ် ကျောက်ဖြူ၊ စစ်တွေမြို့သိမ်းပွဲများနှင့် မြေပြန့်ဒေသထိုးစစ်များ၏ အလားအလာတစ်စိတ်တစ်ပိုင်းသည်မူတည်နေသည်။

သည့်အတွက် အာရက္ခတပ်တော်နှင့် ဆွေးနွေးရန် အရေးကြီးသော်လည်း စစ်ကောင်စီသည် ဆွေးနွေးပွဲ များတွင် မိမိ၏အနေအထားနှင့် လိုက်လျောညီထွေမှုမရှိသော အပေါ်စီးရပ်တည်မှုများမှ ချဉ်းကပ်ခြင်း၊ လက် တွေ့မဆန်သောတောင်းဆိုမှုများ တောင်းဆိုခြင်းများကိုလုပ်ဆောင်လေ့ရှိသောကြောင့် ဆွေးနွေးပွဲဖြစ်မြောက်ရန်နှင့် အောင်မြင်ရန် ခက်ခဲသော အခြေအနေတွင်လည်း ရှိသည်။

အာရက္ခတပ်တော်အနေဖြင့်လည်း ဒေသအားပြန်လည်ထူထောင်ရန်အတွက် အပစ်အခတ်ရပ်စဲရန် လို အပ်မည်ဖြစ်သည်။ သို့ရာတွင် အာရက္ခနယ်များအတွင်း၌ စစ်ကောင်စီတပ်များ၊ အုပ်ချုပ်ရေးများကို ဆက်လက် ထားရှိခြင်း၊ အာရက္ခရေပြင်ပိုင်နက်၌ စစ်ကောင်စီရေတပ်သင်္ဘောများ သွားလာလှုပ်ရှားခြင်း၊ ရခိုင်ပြည်အရေး နှင့် ပတ်သက်၍ နိုင်ငံတကာနှင့်ဆက်ဆံရာတွင် ရခိုင်ပြည်အား စစ်ကောင်စီလက်အောက်ခံဒေသတစ်ခုအဖြစ် ပုံဖော်ခြင်း၊ ရခိုင်ပြည်အရေးကိုဝင်ရောက်စွက်ဖက်ခြင်းများကို အာရက္ခတပ်တော်နှင့်ရခိုင်ပြည်သူများက လက်ခံရန် ခဲယဉ်းမည်ဖြစ်သည်။

ထို့ပြင် ရခိုင့်သဘာဝသယံဇာတစီမံကိန်းများနှင့် အခြားစီမံကိန်းများသည် အာရက္ခတပ်တော်၊ စစ် ကောင်စီ၊ တရုတ်၊ အိန္ဒိယနှင့် POSCO အုပ်စုများအတွက် အရေးပါသောကဏ္ဍ၌ ရှိနေသည်ဖြစ်၍ ယင်းတို့ကို အကြောင်းပြု၍ အပစ်အခတ်ရပ်စဲရေးများ ဖြစ်လာနိုင်သကဲ့သို့ ဆန့်ကျင်ဘက်အားဖြင့် ပဋိပက္ခများလည်း ပို၍မြင့်တက်လာနိုင်သည်။

မည်သို့ပင်ဖြစ်စေ ရခိုင့်သဘာဝသယံဇာတစီမံကိန်းများသည် ရခိုင်ပြည်ပြန်လည်တည်ဆောက်ရေး တွင် အဓိကကျသောအပိုင်းမှ ပါဝင်နေသည်ဖြစ်၍ သဘာဝသယံဇာတဆိုင်ရာ မိမိတို့၏ရပိုင်ခွင့်များ ထပ်မံ မဆုံးရှုံးရစေရန်မှာမူ ပို၍အရေးကြီးသောအပိုင်းဖြစ်သည်။

၃။ ရခိုင်ပြည် ပြန်လည်ထူထောင်ရေးအတွက် သဘာဝသယံဇာတစီမံကိန်းများ၏ အရေးပါမှု

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ပြန်လည်စတင်ခဲ့သော ရခိုင်စစ်ပွဲတွင် မြို့ရွာအများအပြား ပျက်စီးခဲ့ရသည်။ အိုးအိမ်အဆောက်အဦများ၊ လမ်းတံတားများ၊ ဆက်သွယ်ရေးကွန်ရက်များ၊ စီးပွားရေး လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး အစရှိသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများလည်း ပြိုလဲပြတ် တောက်ခဲ့ရသည်။

ကုန်စည်ကူးသန်းရောင်းဝယ်ရေးများလည်း ပိတ်ဆို့ဖြတ်တောက်ခံရကာ ပြတ်လပ်ခေါင်းပါး မှုဘေးကို ရင်ဆိုင်နေကြရသည်။ စစ်ကောင်စီက နေ့စဉ်ရက်ဆက်နီးပါး လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် လည်း လုံခြုံမှုကင်းမဲ့ကာ သေကြေထိခိုက်မှုများ မြင့်တက်လျက်ရှိသည်။

သို့ဖြစ်၍ အာရက္ခတပ်တော်သည် ရခိုင်မြို့ရွာများကို အလျှင်အမြန် ပြန်လည်ထူထောင်ရန် လိုအပ် မည်ဖြစ်သည်။ ယင်းသို့ ပြန်လည်ထူထောင်မှုများ စတင်နိုင်ရန်အတွက်လည်း အပစ်အခတ်ရပ်စဲကြရန် လိုအပ် မည်ဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် ရခိုင်သဘာဝသယံဇာတ စီမံကိန်းများသည် အရေး ပါသော အခန်းကဏ္ဍတွင် တည်ရှိနေခြင်းအား
အောက်ပါအတိုင်း သုံးသပ်ကြည့်နိုင်သည်။

(၃.၁) အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်စေနိုင်ခြင်း

အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်များအရ အာရက္ခတပ်တော်သည် ရခိုင့်သဘာဝသယံဇာတ စီမံ ကိန်းများရှိရာ ကျောက်ဖြူနှင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်မြို့တော် စစ်တွေအပါအဝင် ရခိုင်တစ်ပြည်လုံးကို ပြီးဆုံးအောင် တိုက်ခိုက်သိမ်းပိုက်သွားမည်ဟုသုံးသပ်နိုင်သည်။

သို့ဖြစ်၍ စစ်ကောင်စီသည် ရခိုင်ပြည်ကို အလုံးစုံ ဆုံးရှုံးရသော်လည်း ရခိုင့်သယံဇာတဝင်ငွေများထဲမှ အချိုးအစားတစ်ခုကို ခွဲဝေရယူပြီး ရခိုင်စစ်မျက် နှာကို ခေတ္တရပ်စဲကာ ကျန်စစ်မျက်နှာများအား ပို၍အာရုံစိုက်မှု ရယူနိုင်သည်။ ဆိုလိုသည်မှာ ရခိုင့်သဘာဝ သယံဇာတ စီမံကိန်းများဆိုင်ရာ အကျိုးအမြတ်များကြောင့် ရခိုင်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများ ပေါ်ပေါက်လာနိုင်သည်။

(၃.၂) ပြန်လည်ထူထောင်ရေးအတွက် သေချာသော အထောက်အပံ့ကို ရရှိစေနိုင်ခြင်း စစ်ပွဲများကို အဆုံးသတ်ရန်အတွက်ဖြစ်စေ၊ သဘာဝသယံဇာတစီမံကိန်းများကြောင့်ဖြစ်စေ နိုင်ငံရေး ဆွေးနွေးပွဲများကို ပြုလုပ်ကြရာ၌ ရခိုင့်သဘာဝသယံဇာတဆိုင်ရာကဏ္ဍသည် အဓိကအကြောင်းအရာတစ်ခု ဖြစ်သည်။

၎င်းဆွေးနွေးမှုများမှ ကောင်းမွန်သော ရလဒ်တစ်ခုကို အဖြေထုတ်နိုင်ခဲ့လျှင် ရခိုင်ပြည်အစိုးရသည် ရခိုင်သယံဇာတစီမံကိန်းများမှ ဝင်ငွေတစ်ခုကို တရားဝင်ရရှိမည်ဖြစ်သည်။ ယင်းဝင်ငွေသည် ရခိုင်ပြည်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ခိုင်မာသေချာသော အထောက်အပံ့ကို ဖြစ်စေမည်ဖြစ်သည်။

(၃.၃) အစိုးရတစ်ရပ်အဖြစ် စတင်လည်ပတ်နိုင်ရန် ခိုင်မာသော ပြည်ပဝင်ငွေကို ရရှိစေနိုင်ခြင်း အစိုးရအဖွဲ့တစ်ခု လည်ပတ်နိုင်ရန်အတွက် ပြည်ပဝင်ငွေရရှိမှုသည် အရေးကြီးသော အခြေခံ အကြောင်းရင်းတစ်ခုဖြစ်သည်။ အကယ်၍ ရခိုင်သယံဇာတခွဲဝေရေးဆိုင်ရာ ညှိနှိုင်းမှုများ အောင်မြင်ခဲ့လျှင် ရခိုင်ပြည်အစိုးရသည် အစိုးရလုပ်ငန်းများ စတင်လည်ပတ်နိုင်ရန်အတွက် သေချာခိုင်မာသော ပြည်ပဝင်ငွေ တစ်ရပ်ကို ရရှိမည်ဖြစ်သည်။

(၃.၄) အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာ‌စေနိုင်ခြင်း

ရခိုင်ပြည်အစိုးရသည် ရခိုင့်သဘာဝ သယံဇာတဆိုင်ရာစီမံကိန်းများ (ဥပမာ – ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၊ ကုလားတန်စီမံကိန်း) ကို ဆက်လက်အကောင်အထည် ဖော်ရန် စာချုပ်များ ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ်ပြန်လည်ချုပ်ဆိုခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်။

၎င်းစာချုပ်များတွင် ဒေသခံများ၏ မြေယာနှင့် အလုပ်အကိုင်များ ဆုံးရှုံးနစ်နာမှုများအတွက် တာဝန်ယူမှုများ၊ ရခိုင်ပြည်သူများအတွက်
အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အာမခံချက်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ယူမှုများ စသည်များကို ထည့်သွင်းချုပ်ဆိုကြရမည်ဖြစ်သည်။ သို့ဖြစ်လျှင် စစ်ပွဲအတွင်း ထိခိုက်ပျက်စီး ခဲ့ရသော အလုပ်အကိုင်များကို ပြန်လည်ထေမိနိုင်မည်ဖြစ်ပြီး စီးပွားရေးတည်ငြိမ်မှုကို အထိုက်အလျောက် ဖြစ်စေနိုင်မည်ဖြစ်သည်။

(၃.၅) ငွေကြေးစနစ်တစ်ခုကို တည်ဆောက်ရန် အစပျိုးနိုင်ခြင်း ရခိုင့်သဘာဝသယံဇာတ ခွဲဝေရေးဆိုင်ရာ ညှိနှိုင်းမှု အောင်မြင်ပါက ရခိုင်ပြည်အစိုးရသည် သယံဇာတ ဝင်ငွေများကို ရယူရန် ဘဏ်စနစ်တစ်ခုကို တည်ထောင်ရမည်ဖြစ်သည်။

၎င်းကိုအခြေခံ၍ ရခိုင်ပြည်တွင်း ငွေကြေးလည်ပတ်သုံးစွဲမှုစနစ်တစ်ခုကို တည်ဆောက်နိုင်ပြီး စစ်ကောင်စီ၏ ရခိုင်ပြည်အပေါ် မြန်မာကျပ်ငွေ ပိတ်ဆို့မှုများမှ ရုန်းထွက်စေနိုင်မည်ဖြစ်သည်။

(၃.၆) လျှပ်စစ်ဓာတ်အားရရှိစေနိုင်ခြင်း

ရခိုင့်သဘာဝသယံဇာတ ခွဲဝေရေးဆိုင်ရာ ညှိနှိုင်းမှု အောင်မြင်ပါက ရခိုင်ပြည်အစိုးရသည် သယံဇာတ ဝင်ငွေများနှင့်အတူ ရခိုင်ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ကိုပါ ရရှိနိုင်မည်ဖြစ်သည်။ ၎င်းဓာတ်ငွေ့ကို အသုံးပြု ၍ ရခိုင်ပြည်တွင်း သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ထောင်ကာ ရခိုင်ပြည်ကို လျှပ်စစ်ဓာတ်အား ရရှိစေနိုင်မည်ဖြစ်သည်။ ထို့ပြင် သံတွဲရှိသူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းကို ဆက် လက် အကောင်အထည်ဖော်နိုင်ပါက
ရေအားလျှပ်စစ်မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်သည်။

လျှပ်စစ် ဓာတ်အားရရှိခြင်းသည် ရခိုင်ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို ပြန်လည်ထူထောင်ရန် အခြေခံလိုအပ်ချက် တစ်ရပ်ကိုရရှိစေမည်ဖြစ်သည်။

(၃.၇) ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပြန်လည်ဖြစ်ပေါ်စေနိုင်ခြင်း

ရခိုင့်သဘာဝသယံဇာတ ခွဲဝေရေးဆိုင်ရာ ညှိနှိုင်းမှု အောင်မြင်၍ ရခိုင်ပြည်အစိုးရသည် သယံဇာတ စီမံကိန်းများကို စနစ်တကျ ဆက်လက်အကောင်အထည်ဖော်နိုင်ပါက –

ဥပမာ (၁) – ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအားဖြင့် အိန္ဒိယနှင့်
ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်နိုင်ပြီး၊ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ပြည်ပနှင့်
ပို့ကုန်၊သွင်းကုန်များ ပြုလုပ်နိုင်မည်ဖြစ်သည်။

ဥပမာ (၂) – ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအားဖြင့် ပြည်ပနှင့် ရေလမ်းမှ
ပို့ကုန်၊သွင်းကုန်များ ပြုလုပ် နိုင်မည်ဖြစ်သည်။

၄။ ရခိုင့်သဘာဝသယံဇာတခွဲဝေရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်းအတွက် အကြံပြုချက်များ

ရခိုင်ပြည်တွင်း ယခုဖြစ်ပွားနေသော စစ်ပွဲများသည် သဘာဝသယံဇာတဆိုင်ရာ ရပိုင်ခွင့်များတစ်ခု တည်းသက်သက်ကြောင့် မဟုတ်သော်လည်း သဘာဝသယံဇာတကဏ္ဍသည် အဓိကအကြောင်းအရာများထဲမှ တစ်ခုဖြစ်သောကြောင့် စစ်ပွဲများချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှုတွင် ရခိုင့်သယံဇာတများကို မည် သို့စီမံခန့်ခွဲကြမည်ဆိုခြင်းသည် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။

ဒုတိယ ပိုင်းဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်

နေထက်မိုးဇော် (futureroads) ရေးသည်။
လေးဝတီ FM
သုံးသပ်ချက် ဆောင်းပါး

Kay Zue

Related Posts

27 thoughts on “ရခိုင့် သယံဇာတကျိန်စာ အဆုံးသတ်တော့မှာလား အပိုင်း(၁)

  1. I was reading through some of your content on this internet site and I believe this web site is very informative ! Continue posting .

  2. Hi, I just hopped over to your web-site through StumbleUpon. Not somthing I might typically browse, but I liked your views none the less. Thanks for making something worthy of reading through.

  3. This has to be one of my favorite posts! And on top of thats its also very helpful topic for newbies. thank a lot for the information!

  4. Nice blog here! Also your web site loads up very fast! What host are you using? Can I get your affiliate link to your host? I wish my web site loaded up as fast as yours lol

  5. I feel that is among the so much significant info for me. And i am satisfied studying your article. However should commentary on some basic issues, The site style is ideal, the articles is in reality excellent : D. Excellent activity, cheers

  6. Thanks for another great post. Where else may anybody get that type of info in such an ideal way of writing? I have a presentation next week, and I’m at the search for such information.

  7. I would really like to appreciate the endeavors you cash in on written this article. I’m going for the similar best product from you finding out in the foreseeable future as well. Actually your creative writing abilities has urged me to begin my very own blog now. Genuinely the blogging is distributing its wings rapidly. Your write down is often a fine illustration showing it.

  8. This is really interesting, You’re a very skilled blogger. I have joined your feed and look forward to seeking more of your fantastic post. Also, I have shared your website in my social networks!

  9. Thanks pertaining to discussing the following superb written content on your site. I ran into it on the search engines. I will check back again if you publish extra aricles.

Leave a Reply

Your email address will not be published. Required fields are marked *