Laywaddy FM

Blog

စစ်ကောင်စီအုပ်ချုပ်မှုအောက်က မလွတ်သေးတဲ့ ရခိုင်မြို့တွေ မှာ သင်္ကြန်ပွဲကျင်းပဖို့စစ်ကောင်စီပြင်ဆင်နေ

စစ်ကောင်စီ တပ်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ လက်ရှိအချိန်ထိ ရှိနေသေးတဲ့ ရခိုင်ပြည်နယ် ကမြို့ အချို့မှာ သင်္ကြန်ပွဲ ကို ကျင်းပဖို့ စစ်ကောင်စီက ပြည်နယ်အဆင့်အစည်းအဝေးတွေလုပ်ပြီးပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။ဒီသင်္ကြန်ပွဲကို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ထိန်လင်းဆိုသူက ဦးဆောင်ပြီး ဒီကနေ့မတ်လ ၂၇ ရက်နေ့မှာ သက်ဆိုင်ရာ ဌာန အလိုက်ညွန်ကြားချက်တွေ…

စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီး တစ်ဦး နှလုံးဖောက်သေဆုံး

အာဏာသိမ်း စစ်ကောင်စီမှ ခန့်ထားတဲ့ ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးသန်းထွန်းဟာ ဒီကနေ့ မနက်ပိုင်းမှာ နှလုံးဖောက်ပြီး စစ်တွေ ဆေးရုံကြီးမှာသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။\"ရုတ်တရက်ဆို တကယ့်ကို ရုတ်တရက်ကြီးဗျာ။ သတိမေ့ပြီး ဆုံးသွားတယ်\" လို့ ဦးသန်းထွန်းရဲ့တပည့်တစ်ဦးက ဆိုပါတယ်။ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ တို့ကြားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပြီးစစ်ကောင်စီနဲ့…

သံတွဲမြို့ မီးလောင်မှု နေအိမ် ငါးလုံး ပါသွား

ရခိုင်ပြည်နယ် သံတွဲမြို့ အကျဉ်း ထောင်အနီး က လူနေရပ်ကွက်မှာ မတ်လ ၂၃ ရက် နေ့လည် ၁၁နာရီ ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ငါးလုံး မီးထဲ ပါသွားတယ်လို့သတင်းရရှိပါတယ်။အကျဉ်းထောင်နဲ့ မျက်နှာချင်းဆိုင်ရပ်ကွက်ထဲက လမ်းသွယ်ထဲက နေအိမ်တွေလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒီ လမ်းသွယ်ထဲကို မီးသတ်ကား ဝင်လို့…

ရခိုင်ပြည်ကို စစ်ကောင်စီ နေ့စဉ် ဗုံးကျဲနေ ၊ အရပ်သားများ နေ့စဉ် သေဆုံးနေရ

ရခိုင်ပြည်နယ် ထဲ က မြောက်ဦး ၊ မင်းပြား၊ မြေပုံ မြို့တွေကို စစ်ကောင်စီ ကဆက်တိုက်လေကြောင်းက တိုက်ခိုက်နေပြီး အရပ်သားတွေ နဲ့ ကလေးငယ်တွေ နေ့စဉ်သေဆုံးနေရကြောင်း သတင်းအချက်အလက်တွေ အရ သိရှိရပါတယ်။ဒီကနေ့ မတ်လ ၂၂ ရက်က မြေပုံမြို့နယ် ညောင်ကန်ရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက…

ငပလီအုပ်စု က အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက လက်နက်ပေးပြီးပျူစောထီးအသွင်ဖန်တီးထား၊ စစ်မှုထမ်းလူငယ်တွေ ကို စစ်ကား နဲ့ ကင်းလှည့်ခိုင်းနေ

ရခိုင်ပြည်တောင်ပိုင်း သံတွဲ မြို့နယ် ငပလီကျေးရွာ၊ လင်းသာ ၊မြပြင် အုပ်စုတွေ ကတပ်သားသစ်စုဆောင်းပေးနိုင်တဲ့ အုပ်ချုပ်ရေးမှုး တွေကို စစ်ကောင်စီကသေနတ်ထုတ်ပေးထားပြီး အဲ့ဒီ တပ်သားသစ်တွေ နဲ့ ညနေခင်း ဆိုရင် ရပ်ကွက်တွေ ကိုကင်းလှည့် ခိုင်း နေတယ်လို့ ဒေသခံ တွေ ဆီက သိရပါတယ်။“ဥက္ကဌတွေ ရာအိမ်မှူးတွေ…

သံတွဲမြို့နယ်ထဲက စစ်ကောင်စီ ရာအိမ်မှူးကို အမည်မသိ လူတစ်စုက သတ်သွား

သံတွဲ မြို့နယ်ထဲက ဒါဝ ကျေးရွာ စစ်‌ကောင်စီရာအိမ်မှူးကို ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာအမည်မသိသူလူတစ်စု က လာသ-တ်သွားတယ်လို့ သတင်းရရှိပါတယ်။ရာအိမ်မှူးဟာ စစ်ကောင်စီ နဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေလည်း တက်ရောက်နေရတဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ဒါအပြင် ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်မှုထမ်းဥပဒေ အရ မဲနှိုက်ခိုင်းတဲ့ ရပ်ကွက်လူကြီးတွေကိုတစ်ယောက်ပြီး တစ်ယောက်သ-တ်ပ-စ်မယ်…

တောင်ကုတ် သံတွဲ ကြားကျေးရွာ အချို့ကို စစ်ကောင်စီဗုံးကျဲ

ရခိုင်ပြည်နယ် တောင်ကုတ် သံတွဲ ကားလမ်းပေါ်က နားပင်းမ နဲ့ ဟုန်းပေါက်ရွာ ကြားကိုစစ်ကောင်စီက ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်က လေယာဥ်နဲ့ ဗုံးကျဲနေကြောင်း သိရပါတယ်။\"နပင်းမ နဲ့ ဟုန်းပေါက် ကြားကို ဗုံးကျဲနေတာ၊ ချီချောင်း နားကိုလည်း ကျဲတယ်၊ ကျမတို့လယ်တွေထဲလည်း ကျတယ်။ အပျက်အစီးတော့…

ရခိုင်ပြည်နယ် ထက်ဝက် ကို AA သိမ်းပိုက်ထားပြီဖြစ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ရခိုင့်တပ်တော် AA ဟာရခိုင်ပြည်နယ်တွင်းက မြို့ အားဖြင့် ၁၇ မြို့ ရှိတဲ့ အနက် မြို့ ၈ မြို့ကို သိမ်းပိုက်ပြီး ဒါဟာရခိုင်ပြည်နယ် ရဲ့ ထက်ဝက်ကို ရရှိသွားတာလည်းဖြစ်ပါတယ်။ပေါက်တော၊ မင်းပြား ၊ ကျောက်တော် ၊ မြောက်ဦး၊…

ပုဏ္ဏားကျွန်း ဒေသခံတွေအုတ်ကျိုးရောင် သံကြေး ရေကို သောက်နေရ၊ အများသုံး သောက်ရေကန် ပျက်စီး နေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲမြန်ကျေးရွာမှာ သောက်သုံးရေကန်ရေခမ်းခြောက်လာပြီး အောက်ခြေအနည်ထိုင်လာတဲ့အတွက် သောက်ရေကန်တွင်းကရေတွေဟာ အုတ်ခဲကျိုးရောင် လို နောက်ကျိနေပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။\"သောက်ရေက အုတ်ခဲရောင်ဖြစ်နေတယ်။ အဲတော့ ရွာသားတွေက မသောက်ရဲကျဘူး။စစ်ဆေးဖို့ ဓာတ်ခွဲခန်းပို့ဖို့ကလည်း ခုအနေအထားနဲ့က လုံးဝမဖြစ်နိုင်၊ ရွာမှာ သောက်ရေကိစ္စတော်တော်ဒုက္ခရောက်နေတယ်\" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ဒီသောက်ရေကန် ဟာ လက်ဝဲမြန်ကျေးရွာအပါ ဝင်…

ရမ်းဗြဲတစ်မြို့လုံးကို ဖျက်စီးပြီးနောက် ဒေသခံတွေ တိမ်းရှောင်နိုင်တဲ့ ကျေးရွာတွေကို ပါစစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေ

ရခိုင်ပြည်နယ် တောင်ပိုင်းအစ ကျွန်းမြို့တစ်မြို့ဖြစ်တဲ့ ရမ်းဗြဲကျွန်းကို ရခိုင့်တပ်တော် AA ကသိမ်းပိုက်ပြီးချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ ဒီမြို့ဟာ တစ်မြို့လုံးနီးပါးပျက်စီးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ် တွေဆီက သိရပါတယ်။ ဒါ့အပြင် မြို့ပေါ်က နေအိမ်တွေ စွန့်ခွာထွက်ပြေးရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ပုန်းခိုနေထိုင်နိုင်တဲ့ ကျေးရွာတွေ ၊ ဘုန်းကြီးကျောင်းတွေကိုပါ…