Blog

အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းများခေါ်ယူနေ
အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ လက်အောက်မှာ ရှိတဲ့ ကျန်းမာရေးဌာနမှာ အလုပ်လုပ်ကိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ ကို တရားဝင်စာထုတ်ခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဧပြီလ ၂၅ ရက် ရက်စွဲနဲ့ ခေါ်ယူနေတာဖြစ်ပြီး အထက်တန်းပညာသင်ကြားပြီးတဲ့ အသက် သုံးဆယ်အောက်လူငယ်တွေ လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။ ပညာအရည်အချင်းအနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ဖူးသူဖြစ်ရမယ် ၊ ဝေလံခေါင်ဖျားဒေသတွေက ပညာရေးခက်ခဲသူတွေ…

မြောက်ဉီးမြို့ နဲ့ ကျောက်တော်မြို့ က စစ်ဘေးရှောင်ပြည်သူတချို့ နေရပ်ပြန်ဝင်
ရခိုင်ပြည် ကျောက်တော် နဲ့ မြောက်ဦးမြို့နယ် တွေ က စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်စခန်းတွေကနေ ကိုယ့်နေအိမ်တွေကို ပြန်လည်ဝင်ရောက် နိုင် ဖို့ နေရာချထားခဲ့တယ်လို့ HDCO က ထုတ်ပြန်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ဉီးဆောင်ပြီး ၂၃၊ ဧပြီ ၊၂၀၂၅ နေ့ က…

စစ်ကောင်စီ ကင်းလှည့်စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ် (အရှို) ကြားဖြတ်တိုက်ခိုက် ၉ ဦး သေဆုံး
ငဖဲမြို့နယ် ၊ ပဇီရွာ တပ်စခန်းက လုံခြုံရေးယူဖို့ ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၂၀ ကျော်ကိုကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ချင်း ကာကွယ်ရေးတပ် _အရှို က ထုတ်ပြန်လာပါတယ်။ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်း ရဲ့ ကာကင်း ဖြစ်တဲ့ ၊ ပဇီရွာ မကျစေရေး အတွက်…

ကျောက်ဖြူ စစ်မျက်နှာကျယ်လာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
ဧပြီလ နောက်ဆုံးပတ်မှာ ကျောက်ဖြူမြို့နယ်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲဧရိယာတွေ ကျယ်ပြန်လာတာကိုတွေ့ရပါတယ်။ အဓိကတိုက်ပွဲဖြစ်နေတဲ့နေရာတွေက ဂုံးချွိန် အုပ်စု ရဲတပ်ရင်း ၃၂ နဲ့ သစ်ပုတ်တောင်တို့မှာ အပြင်းအထန်ဖြစ်နေသလို ၊ မလကျွန်းရွာ ၊ ပြိုင်းစေ့ကေရွာနဲ့ လိပ်ခမော်ကျေးရွာ တို့မှာ အခုအပတ်အတွင်း တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ "စစ်ကောင်စီမှအခုဖြစ်နေတဲ့နေရာတွေကိုလက်နက်ကြီး၊ ဒရုန်းပစ်ချပြီးထိုးစစ်၀င်လာတယ်။ တိုက်ပွဲကတော့…

ကျောက်ဖြူမြို့ တရုတ်စီမံကိန်းဧရိယာ အတွင်း ထွက်ပြေးရတဲ့ စစ်ဘေးရှောင် ၄၀၀၀၀ ကျော် စားစရာ နဲ့ အမိုးအကာအရေးတကြီးလိုအပ်နေ
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် တွင်းက တရုတ်စီမံကိန်းဧရိယာအတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး အဲ့ဒီ ဧရိယာအတွင်းက ထွက်ပြေးရသူ ဒေသခံစစ်ရှောင် ၄၀၀၀၀ ကျော်ဟာ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲ ဖြစ်နေရုံသာမက ကျန်းမာရေးအတွက် ဆေးဝါးတွေ လည်းအရေးပေါ်လို အပ်နေတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။ "အခုကနေပူလိုက်မိုးရွာလိုက်နဲ့ အမိုးအကာလည်းမလုံဘူးနေရတယ်။…

ကျောက်ဖြူအထူးစီးပွားရေးဇုံ ဖွင့်ပွဲ လုပ်နိုင်ဖို့ ဇုံ ဧရိယာအတွင်းက ကျေးရွာတွေကို အရေးပေါ် ထိုးစစ်ပြင်းပြင်းထန်ထန်ပြုလုပ်နေ
ရခိုင်ပြည်ကျောက်ဖြူမြို့ နယ်ထဲက အထူးစီးပွားရေးဇုံစီမံကိန်း အကောင်အထည်ဖော်မယ့် ဧရိယာထဲမှာ ပါဝင်နေတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီရဲ့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ခြင်းကို နေ့ရောညပါခံနေရတယ် လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။ အထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ရေး ပထမအဆင့် အတွက် စစ်ကောင်စီ နဲ့ တရုတ် ကုမ္ပဏီတို့ ၂၀၂၄ ဖေဖော်ဝါရီက လက်မှတ်ရေးထိုးထားပြီး မြေပြင်မှာ…

ကျောက်ဖြူမြို့ လိပ်ခမော်ကျေးရွာက မြေပဲဖော်နေတဲ့ အမျိုးသမီး သုံးဦး ဒရုန်းဗုံးကြောင့်သေဆုံး
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာက အမျိုးသမီး သုံးဦး ဟာ ဧပြီ ၂၅ ရက် ညပိုင်းက စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ လိပ်ခမော်ကျေးရွာက ဒေါ်ချောစု အသက် ၃၇ နှစ်နဲ့ ၄◌င်းရဲ့ သမီး ဖြစ်သူ အသက် ၁၁ နှစ်အရွယ်…

နတ်ရေကန်ဗျုဟာကုန်း ကို စစ်ကောင်စီဘက်က လူအင်အား လက်နက်အင်အားဖြည့်တင်းနေ
ရခိုင်ရိုးမ ပေါ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာ ကို ဧပြီလ ၂၅ ရက်ကတည်းက စတင်ပြီး စစ်ကောင်စီဘက်က လူအင်အား နဲ့ လက်နက်အင်အားတွေ ဖြည့်တင်းနေတယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီယက်က အပစ်ရပ်သက်တမ်းတိုးကြောင်းထုတ်ပြန်ထားပေမယ့် မြေပြင်မှာ လူအင်အား လက်နက်အင်အားစုဆောင်း တိုးချဲ့နေတာလည်းဖြစ်ပါတယ်။ ဒါအပြင် ဒရုန်းနဲ့ လက်နက်ကြီးတွေ ကိုလည်း နတ်ရေကန်…

စစ်တွေ မြို့ နာဇီရပ်ကွက်က အိမ်တွေကို ALP တပ်သားတွေက လက်ညှိုးထိုးရောင်းစားနေ
စစ်တွေမြို့နာဇီရွာရပ်ကွက်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင် ဆိုသူတွေက လူမရှိတဲ့နေအိမ်တွေကို လက်ညှိုးထိုးပြီး ဒေသတွင်းမှာ ကျန်နေခဲ့တဲ့ မွတ်ဆလင်တွေကို ရောင်းစားနေလို့ နေအိမ်အားလုံးနီးပါး ပျက်စီးသွားပြီလို့ သတင်းရရှိပါတယ်။ စစ်တွေမြို့ မှာ စစ်ရေးတင်းမှာနေပြီး မြို့ထဲလုံခြုံရေးချထားတဲ့ စစ်ကောင်စီ ၊ ရဲ နဲ့ စစ်မှုထမ်းတွေ အပြင် ALP…

အာရက္ခပြည်သစ် ၏ တရားဥပဒေစိုးမိုးရေး
တိုင်းပြည်တစ်ခုတွင် တရားဥပဒေစိုးမိုးရေးသည် အရေးအကြီးဆုံးတစ်ခုဖြစ်သည်။ တရားဥပဒေ စိုးမိုး မှုမရှိလျှင် လုံခြုံမှုလည်းမရှိတော့ပေ။ တရားဥပဒေစိုးမိုးသည်ဆိုရာတွင်လည်း ပြဋ္ဌာန်းဥပဒေများ၏ တရားမျှတ မှု၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ခုခံချေပခြင်း၊ စစ်ဆေးခြင်း၊ စီရင်ခြင်းများ၏ ပွင့်လင်းမြင်သာမှုနှင့် တရား မျှတမှု၊ ပြစ်ဒဏ်သတ်မှတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတို့၏ ပြစ်မှုနှင့်ပြစ်ဒဏ်မျှတမှု၊ လူသားဆန်မှုတို့ ရှိရန် လိုအပ်သည်။…