Category: ဓာတ်ပုံသတင်း
ကားအစီး(၂၀) နဲ့ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အမ်းမြို့နဲ့ ၈ မိုင်အကွာမှာ AA စောင့်ကြိုချေမှုန်း ပါလာတဲ့ လက်နက်တွေ အကုန်သိမ်းယူ
ရခိုင်ပြည် ၊ အမ်းမြို့ကို စစ်ကြောင်းပြန်ထိုးဖို့ စစ်ကောင်စီဟာ အမ်းတောင်ကြားလမ်းတစ်နေရာမှာ အင်အားစုနေတာ တစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်မှာတော့ ကားအစီး နှစ်ဆယ် နဲ့ စစ်ကြောင်းထိုးခဲ့ပြီး အမ်းမြို့ကို မရောက်ခင် ရှစ်မိုင်အလိုက ပတ်ကွေ့ဆိုတဲ့နေရာမှာ အာရက္ခတပ်တော် AA ရဲ့ ချေမှုန်းတိုက်ခိုက်တာကို…
တောင်ကုတ် စကခ (၅) ကို AA သိမ်းပိုက် တပ်သား၁၀၀ ကျော် အလံဖြူထောင် လက်နက်ချ
ရခိုင်ပြည်တောင်ကုတ် မြို့ စကခ(၅) အတွင်း က လက်ကျန်တပ်သား ၁၀၀ ကျော်အလံဖြူထောင်ပြီး ၊ တပ်မတစ်ခုလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီ လို့ သတင်းရရှိပါတယ်။ စကခ(၅) အတွင်းက လက်ကျန်တပ်သားတွေဟာ အသက်ဘေးလွတ်မြောက်ရေးအတွက် ဒီဇင်ဘာ ၁၃ ရက် ညတိုက်ပွဲမှာ အလံဖြူထောင်လိုက်ပြီး စကခ(၅) ကို…
တောင်ကုတ်စကခ( ၅) ထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းခံရတဲ့ အချုပ်သားတွေကို စစ်ကောင်စီ ပစ်သ-တ်
ရခိုင်ပြည်တောင်ကုတ်မြို့ ၊ စကခ (၅) ထဲမှာ အနီးကပ်တိုက်ပွဲပြင်းထန်နေပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံနေရတဲ့ အကျဉ်းသားတချို့ဟာ တိုက်ပွဲထဲက ထွက်ပြေးခဲ့ပါတယ်။ စစ်ကောင်စီက အဲ့ဒီအချုပ်သားတွေကို နောက်ကနေ လိုက်လံ ပစ်ခတ်လို့ ဆယ်ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ တောင်ကုတ်မြို့နယ် ကျေးရွာ အသီးသီးက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းစီးခံထားရတဲ့…
ရခိုင်မှာ ကျန်တဲ့ လေဆိပ် သုံးခုကို စစ်ကောင်စီ လုံခြုံရေး တိုးမြှင့်
ရခိုင်ပြည် ကို လေကြောင်းက ပြေးဆွဲနေတဲ့ လေယာဉ်ကွင်း ၅ ခုအနက်က သံတွဲ နဲ့ အမ်းလေဆိပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးချိန်မှာ ကျန်တဲ့လေယာဉ်ကွင်းသုံးခုကို စစ်ကောင်စီဟာ လုံခြုံရေး တွေ အပြင်းအထန် တိုးမြှင့်လိုက်ပါတယ်။ အာရက္ခတပ်တော်ဟာ သံတွဲနဲ့ အမ်းမြို့ကို တိုက်ခိုက်ရာမှာ လေဆိပ်တွေကို အရင်ဆုံးတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီရဲ့…
အမ်းနပခဌာနချုပ် ကို ကွပ်ကဲနေတဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့ အဖွဲ့ထွက်ပြေး
အမ်းနပခဌာနချုပ် ကိုဉီးစီးကွပ်ကဲနေတဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မူးချုပ်ကျော်ကျော်သန်းနှင့်အဖွဲ့ ဟာ နပခက ထွက်ပြေးသွားကြောင်းသတင်းရရှိပါတယ်။ အမ်းနပခဌာနချုပ် စစ်ရေးကာလ အတွင်းမှာ နပခ ဌာနချုပ်ကို တာဝန်ပေးခြင်းခံရတဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ဟာ သူ့ ကိုယ်ရေးအရာရှိနဲ့ အတူ တိုက်ပွဲအတွင်းက ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ "နပခ ထဲမှာ…
အမ်းမြို့နဲ့ မိုင်နှစ်ဆယ်အကွာက ဓာတ်အားခွဲစက်ရုံမှာ ခြေကုတ်ယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ထဲမှာ တရုတ်လူမျိုးတွေ ပါဝင်နေတယ်လို့ ယူဆရ
အမ်းမြို့နဲ့ မိုင် ၂၀ ကျော်အကွာမှာရှိတဲ့ တရုတ်ဓာတ်အားခွဲ စက်ရုံမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ခြေကုတ်ယူနေပြီး တပ်ဖွဲ့ဝင်တွေထဲမှာ ယူနီဖောင်းမတူတဲ့ တပ်သားတွေပါဝင်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်က သတင်းရရှိပါတယ်။ ရခိုင်ရိုးမ အမ်းတောင်ကြားလမ်းပေါ်က တောင်စောက်ကျေးရွာအနီး က ဓာတ်အားခွဲစက်ရုံမှာ စစ်ကောင်စီ အင်အား ၄၅၀ ဝန်းကျင်ခြေကုတ်ယူလိုက်ပြီး အဲ့ဒီကနေ တန်ပြန်ထိုးစစ်တွေကို ဖန်တီးဖို့…
မောင်တော နခခ (၅) ကို သိမ်းပိုက်ဖို့ မြေအောက်လှိုင်းခေါင်းတူပြီး AA ဝင်ရောက် ခဲ့ ရ
မောင်တောမြို့ ၊ မြို့သူကြီးအခြေစိုက် အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းအာရက္ခတပ်တော်က ဗီဒီယို ၊ ဓာတ်ပုံများနဲ့တကွ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ကြေညာချက်မှာ အာရက္ခတပ်တော် AA ရဲ့ တပ်သားတွေဟာ မြေအောက်လှိုင်ဂူ လမ်းကြောင်းကို တူးဖော်ပြီး စစ်ဆင်ရေးကို…
အမ်းတောင်ကြားလမ်း တနေရာမှာ စစ်ကောင်စီ ဗျူဟာကုန်းအသစ် အထိုင်ချ (နပခ) ကို အဝေးက ပြန်တိုက်နေရတဲ့ စစ်ကောင်စီ
စစ်ကောင်စီဟာ အကူအညီမဲ့နေတဲ့ အမ်းမြို့ က နပခ ဌာနချုပ်ကို စစ်ကူပို့နိုင်ဖို့ အမ်းမြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ နတ်ရေကန်တောင်မှာ ဗျူဟာကုန်းတစ်ခု အထိုင်ချပြီး စစ်ကြောင်းတွေကို စုနေတယ်လို့ သတင်းရရှိပါတယ်။ အမ်း နပခဌာနချုပ်ကို အဝေးက ပြန်လည်ထိုးစစ်ဆင်ဖို့ အမ်းမြို့ အနီးက နတ်ရေကန်တောင်မှာ လေကြောင်း ၊ခြေလျှင် ၊…
မောင်တော နခခ(၅) က လေယာဉ်ပစ် နိုင်တဲ့ စက်လက်နက်တွေ AA ရရှိ
မောင်တော နခခ(၅) တိုက်ပွဲမှာ အာရက္ခတပ်တော်က စစ်သုံ့ပန်းတွေ နဲ့ အတူ လက်နက်အမြောက်အများသိမ်းဆည်းရမိကြောင်း ဒီဇင်ဘာ ၁၀ ရက် သန်းခေါင်ယံ အချိန်မှာ ထုတ်ပြန်ခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့အထဲမှာ တာဝေးပစ် စက်လက်နက် ပစ္စည်းတွေ ၊ ဒရုန်းတွေ နဲ့ လေယာဉ် ပစ်နိုင်တဲ့ စက်လက် တစ်ခု…
နပခ ဌာနချုပ်ထဲက ဒုတိုင်းမှူးသောင်းထွန်းနဲ့ ယာယီ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း နေအိမ် ကို AA သိမ်းပိုက်ထား
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ကွက်ကဲနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဉီးရဲ့နေအိမ်ကိုအာရက္ခတပ်တော်AA က သိမ်းပိုက်ရှင်းလင်းပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီရဲ့ ပြန်တန်းဝင် အရာရှိ ဒုတိုင်းမှူးသောင်းထွန်းနဲ့ ယာယီဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့ နေထိုင်တဲ့ နပခ ဌာနချုပ်ထဲက နေအိမ်ကို ဒီဇင်ဘာ ၆ ရက်က ထိန်းချုပ်ရှင်းလင်းခဲ့တယ် လို့ စစ်ရေးသတင်းရင်းမြစ်က…