Laywaddy FM

အာရက္ခပြည်သူ့အစိုးရ အုပ်ချုပ်နယ်မြေ ၁၀ မြို့နယ် မှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့ ကြောင်း စစ်ကော်မရှင် ကြေညာ

အာရက္ခပြည်သူ့အစိုးရ အုပ်ချုပ်နယ်မြေ ၁၀ မြို့နယ် မှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့ ကြောင်း စစ်ကော်မရှင် ကြေညာ

အာရက္ခပြည်သူ့အစိုးရ ရဲ့ ပြန်လည်ထူထောင်ရေး နဲ့ အုပ်ချုပ်ရေးလည်ပတ်နေတဲ့ ရခိုင်ပြည်က မြို့နယ် ၁၀ ခုမှာ စစ်ကော်မရှင် ဘက်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိတော့ ကြောင်း ကြေညာလိုက်ပါတယ်။

စစ်ကော်မရှင် ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင် က စက်တင်ဘာ ၁၄ ရက်ညပိုင်းမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေကို ကြေညာခဲ့ပြီး အဲ့ဒီအထဲမှာ ရခိုင်ပြည်က မြို့နယ် ၁၀ ခုလည်းပါဝင်ခဲ့တာပါ။

ရမ်းဗြဲ ၊ ပေါက်တော ၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ ဘူးသီးတောင် ၊ မောင်တော ၊ ကျောက်တော် ၊ မင်းပြား ၊မြေပုံ နဲ့ မြောက်ဦး မြို့နယ်တို့မှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲ မပြုလုပ်နိုင်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

ဒါအပြင် ULA/AA ထိမ်းချုပ်ထားတဲ့ ပလက်ဝ မြို့နယ် ကိုလည်း ရွေးကောက်ပွဲ မကျင်းပနိုင်တော့ ကြောင်း ကြေညာထားပါတယ်။

ဒါပေမယ့် ဂွ ၊ သံတွဲ ၊ တောင်ကုတ် နဲ့ အမ်းမြို့နယ်တွေကိုတော့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေရဲ့ စာရင်းထဲမှာ ပါမလာတာကိုတွေ့ရပါတယ်။

အဲ့ဒီမြို့တွေဟာ ULA/AA က ထိမ်းချုပ်ထားပြီး အာရက္ခပြည်သူ့ အစိုးရ ရဲ့ အုပ်ချုပ်မှု အသက်ဝင်နေတာ မြို့တွေဖြစ်တဲ့အတွက် ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားတဲ့ မြို့တွေ ထဲမှာလည်း ပါမနေပါဘူး။

ရခိုင်ပြည်က ကျောက်ဖြူ ၊ စစ်တွေ ၊ မာန်အောင် မြို့သုံးမြို့မှာ ပဲ ရွေးကောက်ပွဲကျင်းပမယ် လို့ စစ်ကောင်စီက ကြေညာထားတာပါ ။

စာရင်းချုပ်ရ ရင်တော့ ရခိုင်ပြည်မှာ မြို့ ၁၇ မြို့နယ် ရှိပြီး ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားတာ ၃ မြို့ ၊ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေညာထားတာ ၁၀ မြို့ ဖြစ်ပြီး ကျန် တဲ့ မြို့ ၄ မြို့ ကို စစ်ကော်မရှင် ဘက်က စာရင်းဖျောက်ထားပါတယ်။

ဒါပြင် ၁၀၂၇ တော်လှန်ရေးနောက်ပိုင်းမှာ လက်လွှတ်ထားရတဲ့ ကချင်ပြည်နယ်က ၄ မြို့နယ်၊ ကယားပြည်နယ်က ၃ မြို့နယ်၊ ချင်းပြည်နယ်က ၄ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးက ၁၀ မြို့နယ်၊ မကွေး တိုင်းဒေသကြီး ၅ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးက ၃ မြို့နယ်၊ မြို့နယ်နှင့် ရှမ်းပြည်နယ်က ၁၇ မြို့နယ် တို့ မှာ လည်း ရွေးကောက်ပွဲ မကျင်းပ နိုင်တော့ကြောင်း ကြေညာထားပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

3 thoughts on “အာရက္ခပြည်သူ့အစိုးရ အုပ်ချုပ်နယ်မြေ ၁၀ မြို့နယ် မှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့ ကြောင်း စစ်ကော်မရှင် ကြေညာ

  1. 86win? Yeah, I’ve seen it around. Going to give it a go tonight, see what all the fuss is about. Will update you all once I’ve had a proper look! You can find it here: 86win

  2. pgbetvip caught my eye with its name. It promises the VIP treatment, and while I’m not sure if I’m quite there yet, the games selection is good and the site runs smoothly. Try pgbetvip for yourself.

Leave a Reply

Your email address will not be published. Required fields are marked *