Laywaddy FM

ဂွမြို့ ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

ဂွမြို့ ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

ရခိုင်ပြည် ဂွမြို့ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းမှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဂွမြို့ မှာ နောက်ဆုံးတပ်အနေနဲ့ ခုခံနေတဲ့ ခမရ ၅၆၂ က တပ်သား ၄၀ ကျော် ကိုဖမ်းဆီးခဲ့ပြီး၊ အပြီးသတ်သိမ်းပိုက် နိုင်ခြင်းဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“မြို့ထဲမှာခုခံနေတဲ့ တပ်သား ၄၀ ကျော်ဖမ်းဆီးရမိတယ်။ ကျန်တဲ့သူတွေကတော့ ရိုးဘက်ကို ထွက်ပြေးသွားတယ်၊ သူတို့တပ်တွေအားလုံး ရှင်းပြီးပြီ “ လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဂွမြို့ကို သုံးရက်ဆက်တိုက်လေကြောင်းက မရပ်မနားခုခံခဲ့သလို ၊ ဒီကနေ့ ညပိုင်း သိမ်းပိုက်ခံရပြီးချိန်မှာလည်း လေကြောင်းက ဆက်လက်ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“လေကြောင်းက တအားပစ်နေတယ်၊ ရပ်ကွက်အချို့တော့ မီးခိုးတအူအူ နဲ့ ထွက်နေတယ်” လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဉီးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဂွမြို့ပေါ်မှာ စစ်ကောင်စီတပ်သားမရှိတော့ဘဲ အာရက္ခတပ်တော်က အပြီးသတ်
စိုးမိုးလိုက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဂွမြို့ကို ဧရာဝတီ တိုင်းက တပ်ကူအင်အား အများအပြားပို့ခဲ့ပြီး AA က ကြားဖြတ်ချေမှုန်းတဲ့ တိုက်ပွဲတွေ ဂွတောင်ကြားလမ်းတစ်လျှောက် ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီဟာ ဂွမြို့ကို စစ်ကားအစီးရေ ၄၀ နဲ့ စစ်အင်အား ၅၀၀ ကျော် အပြင် တင့်ကား ဆယ်စီးကျော်ကို စစ်ကူပို့ထားပြီး ခုခံခဲ့တာဖြစ်ပါတယ်။

အဉ္စနလီညှင်း(လေးဝတီ FM)

Kay Zue

Related Posts

32 thoughts on “ဂွမြို့ ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

  1. Свежие новости SEO https://seovestnik.ru и IT-индустрии — алгоритмы, ранжирование, веб-разработка, кибербезопасность и цифровые инструменты для бизнеса.

Leave a Reply

Your email address will not be published. Required fields are marked *