Laywaddy FM

Category: လူ့အခွင့်အရေး

Category: လူ့အခွင့်အရေး

November မှတ်စု

November မှတ်စု

November လ ရဲ့ နေ့ ရက်တွေဟာ အေးလာ ပြီး ကျနော်စိတ်တွေဟာလည်း လွင့်ချင်လာပါတယ်။ဒါဟာ လူငယ်သဘာဝဖြစ်လိမ့်မယ် ထင်ပါတယ်။ ကျနော်တို့ ရွာ မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတည်းကလိုင်းပြတ်သွားခဲ့တယ်။ဖုန်း ၊ အင်တာနက် နဲ့ ဆက်သွယ်ရေးမှန်သမျှ အကုန်ပြတ်တောက်သွားခြင်းဖြစ်ပါတယ်။ ဖုန်းလိုင်းအင်တာနက်လိုင်း တစ်ကြိမ်မှ ပြန်မရတော့…

ဂွစစ်မျက်နှာပြင်မှာ ရင်ဆိုင်နေရတဲ့ တပ်သားတွေကို လက်နက်မချဖို့ တပ်မိသားစုတွေကို စစ်ကောင်စီ အကြပ်ကိုင်ထား

ဂွစစ်မျက်နှာပြင်မှာ ရင်ဆိုင်နေရတဲ့ တပ်သားတွေကို လက်နက်မချဖို့ တပ်မိသားစုတွေကို စစ်ကောင်စီ အကြပ်ကိုင်ထား

ဂွစစ်မျက်နှာပြင်မှာ AA ရင်ဆိုင်နေရတဲ့ အရာရှိ စစ်သည် တွေကို လက်နက်မချ ဖို့ မိသားစုတွေကို အကြပ် ကိုင်ထားတယ်လို့ စစ်တပ် အသိုင်းအဝိုင်း က သိရပါတယ်။ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတဲ့ ဂွမြို့ စစ်မျက်နှာပြင် ကို ပို့လွှတ်ခံရတဲ့ တပ်မမှူး၊ စစ်ကြောင်းမှူး ၊ ဗိုလ်ကြီး…

စစ်ဖီးရှောင်(၂)

စစ်ဖီးရှောင်(၂)

စစ်ဖီးရှောင်ဆိုစာသျှစ်သောင်းပွဲလားရေပွဲကြည့်လာလူမဟုတ်လို့စျီးဝယ်ဖို့ဖေသာမပါအဝတ်အစားမပါအစားအသောက်မပါလက်ဗလာနန့်မှီရေလက်ကိုဆွဲလို့အသက်လု ဗြီးခရရေ။ လီထက်ပျံဝဲနိန်ရေလူသားစားငှက်ချီးစိုက်ချတိုင်းကိုယ်လက်အဂ်ါနန့်အသက်နိ့စိုင်ရက်ဆက်ပီးဆပ်နိန်ကတ်ရရေ။ နွီရာသီဆိုလေ့ပူလွန်းလို့မိုးရာသီဆိုလေ့ မိုးယိုလို့ဆောင်းရာသီဆိုလေ့ချမ်းလွန်းလို့ သဘာဝဒဏ်ကိုအံတုပနာအလှူရှင်တိပီးလာဖို့ထမင်းထုပ်နန့်အချေအငယ်တိဝမ်းဝဖို့အကျန်စားခရရေနိန့်ရက်ပေါင်းမနည်းယာ။ ဆီးဝါးဆိုကေ့လေ့ဒေါ်နု ထွန်းရွှေဝါမမြင်ဖူးစာတောင်ကြာယာအပူယော့တလုံးမြိုလို့ရင်တွင်းအပူငြိမ်းဖိုဆိုကေအမ်းလမ်းကိုဖြတ်ရိုးမကိုကျော် ဟိုဘက်မှာဆီးဝါးပေါရေဆိုမလားတခေါက်လားလို့ရှာချင်ရေ။ သားသ္မီးငတ်နေစာထိုင်ကြည့်နိန်ရရေမိဘသားသ္မီးနေမကောင်းဟာငိုင်ပနာကြည့်နိန်ရရေမိဘသူရို့ရင်တွင်း ဝင်ကြည့်ကတ်ထမင်းနပ်မှန်ဖို့တောင်မသေချာရေနိ့ရက်တိမှာဗာဟီယ ကိစ္စအသာထားဒေနာကျင်မှုကိုအနာဂျင်စီသောက်လို့ပျောက်ပစ်ချင်ရေ။ ဒေမိုးခါသားတောင်ပို့မှိုရှာစားဖို့လူမရှိ။ကြာတန်နန့်ငယက်ရောချက်စားဖို့ငါးရှာဖို့လူမရှိငပိခခြူနန့်ငရုပ်သီးတခွက်ကျွဲချပက်လောက်ဇာသူကြိတ်စားနိုင်ဖို့လဲ။ မြောင်နားတလျှောက်ခရုချေကောက်ဖို့ဇာသူလမ်းလျှောက်ရဲဖို့လဲ။ယကေလေ့သော့သားသ္မီးငိုစာ မမြင်သာကေထွက်ပနာရှာခိုက်မိုင်းနင်းလိုက်ကေအဖော်မပါ ဇာနေရာမှန်းမသိပေါက်ကွဲသံကြားလူများလိုက်ရှာတွီ့ပါဗျာလ်ထော။ ဝမ်းရီးအတွက်ခြီတဖက်ထားခရရေဝမ်းရီးအတွက်လက်တဖက်ထားခရရေဝမ်းရီးအတွက်အသက်ကိုထားခရရေ။မျိုးဇော်သိန်းအသည်းကြွီမြို့

စစ်ဘေးရှောင် (၁)

စစ်ဘေးရှောင် (၁)

တဖျောက်ဖျောက်နန့် မိုးသီးမိုးပေါက် မြီကိုရောက်ယာ မိုးကျဗျာလ်မလားရေ။ ဒေတမိုးကို တဲထိုးလို့နေဖို့လဲ ခေါင်းမိုးမရှိ။ အအီးဒဏ်ကိုခုခံနိုင်ဖို့ ပုဆိုးမရှိ။ အဝတ်တထည် ရီစွတ်ကေလဲ အလည်မရှိ။ ဟင်းချေတနပ် ခူးဆွတ်စားဖို့ တောင်ရပ်နားကိုမလားဝံ့။ ငါးချေတသိုက် ထွက်ရှာပစ်ဖို့ ကွန်ပစ်ဖို့လဲ ချောင်းချေနားကိုမလားဝံ့။ နှာစီးခြောင်းဆိုးရောဂါတိုးလဲ ဆီးထိုးပစ်ဖို့ ဖေသာမရှိ။ ဆီးချေတလိပ် ကွမ်းချေတယာ စားချင်ပါလဲ…

“ငှက်ချေ”

“ငှက်ချေ”

ယင်းနိန်က မိုးမရွာ၊ လီလည်းမထ၊ မုန်တိုင်းလည်း မတိုက်ခတ် ငှက်တစ်ကောင် အသိုက်က လွင့်စိုင်လားရေ။ လှိုင်းသင့် လီသင့် သင်္ဘောတစီးပိုင် ရွက်လွှင့်လားစွာကားမဟုတ်၊ ရီဆန် လီဆန် တိုးဝင်လခစွာ။ ကြာယာ။ ကောင်းကြာလခယာ...... အသိုက်နန့် အဝီးကြီးမှာ ကောင်းကြာယာ။ အာကာထက်မာ ပျံသန်းနီရေလို့ မြင်ကတ်တေ၊ သူရို့က။ ငှက်တစ်ကောင်…

လူလှောင် အိမ်

လူလှောင် အိမ်

နေထက်မိုးဇော် တကယ်တော့ ကမ္ဘာကြီးဆိုတာ အုပ်စုဖွဲ့ပြီး တိုက်နေကြတဲ့ စစ်မြေပြင်တစ်ခုဖြစ်နေခဲ့တာကြာပြီ။ အမှန်အမှားဆိုတာ ကိုယ့်ဖက်က ဘယ်နှစ်ယောက်ရှိလဲ။ ကိုယ်အုပ်စုက ဘယ်လောက်တောင့်လဲ။ ကိုယ့်နောက် မှာ ကမ္ဘာ့ အင်အားကြီး အကောင်ကြီးတွေ ဘယ်နှစ်ယောက်ပါလဲ ဆိုတာအ‌ပေါ်မှာ မူတည်နေခဲ့တာလည်း ကြာခဲ့ပြီပေါ့။ ဥပမာ - အခု အစ္စရေးနဲ့ ဟစ္စဘိုလာ…

ဂွမြို့နယ် ဆပ်သွား တိုက်နယ်က ကျေးရွာ ဆယ်ရွာကျော် ‌စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရ

ဂွမြို့နယ် ဆပ်သွား တိုက်နယ်က ကျေးရွာ ဆယ်ရွာကျော် ‌စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရ

ရခိုင်ပြည် ဂွမြို့နယ် အတွင်းက တိုက်ပွဲတွေ ကြောင်း ဆပ်သွားတိုက်နယ်ထဲက ကျေးရွာ ဆယ်ရွာက ဒေသခံတွေ ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ် က ပြောပါတယ်။ ဂွမြို့နယ် ဆပ်သွားတိုက်နယ်ထဲက ရွှေဦးကွင်း၊ ဆပ်သွား၊ ရေသိုး၊ ဘာလီချောင်၊ ကျောက်ချပ်၊ ကျောင်းတောင်၊ ဆင်ကူး၊…

ကမ်းသာယာကမ်းခြေကို တပ်ဆုတ်လာတဲ့ မင်းအောင်လှိုင်တပ်တွေ အရပ်ထဲမှာ အရက်၊ ဘီယာ ရသလောက် ဝယ်ယူစုဆောင်းနေ

ကမ်းသာယာကမ်းခြေကို တပ်ဆုတ်လာတဲ့ မင်းအောင်လှိုင်တပ်တွေ အရပ်ထဲမှာ အရက်၊ ဘီယာ ရသလောက် ဝယ်ယူစုဆောင်းနေ

ကမ်းသာယာကမ်းခြေကို တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဟာ ရိက္ခာနဲ့ အရက်တွေ ဒေသတွင်း က ဝယ်ယူစုဆောင်းနေတယ်လို့ သတင်းရရှိပါတယ်။ဂွမြို့နယ် ကြွေချိုင် ၊ တိုင်ကျိုးနဲ့ ဇီးကုန်း ကျေးရွာ ဘက်က တပ်ဆုတ်လာတဲ့ တပ်သားတွေဟာ ကမ်းသာယာကမ်းခြေမှာ တပ်စွဲနေကြပြီး ဒေသတွင်းက အရက်ဘီယာနဲ့ ရိက္ခာတွေ ကို ရသလောက်…

သံတွဲမြို့ အံတော်ရပ်ကွက် ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ

သံတွဲမြို့ အံတော်ရပ်ကွက် ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ

ဖိုးလပြည့် (လေးဝတီ FM ) အာရက္ခတပ်တော် AA ထိမ်းချုပ်မှုအောက်ကိုရောက်နေပြီဖြစ်တဲ့ သံတွဲမြို့ကို စစ်ကောင်စီက မနေ့ည က လေကြောင်းက ထပ်ပြီးတော့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကနဉီးသတင်းရရှိပါတယ်။ သံတွဲမြို့ အံတော်ရပ်ကွက် က စစ်မှုထမ်းဟောင်းရုံး ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ရုံး ၊…

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်းကျင်က ကျေးရွာတွေ မီးရှို့သတ်ဖြတ်ခံနေရ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်းကျင်က ကျေးရွာတွေ မီးရှို့သတ်ဖြတ်ခံနေရ

ရခိုင်ပြည် အမ်းမြို့မှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရဲ့ စစ်ကြောင်းထိုးလာတဲ့ တပ်သားတွေဟာ အမ်းမြို့နယ်ထဲက ကျေးရွာတွေကို အောက်တိုဘာ ၂၁ ရက် ဝင်ရောက်ပြီးမီးရှို့ဖျက်ဆီးခဲ့လို့ အမ်းမြို့နယ်က လုံးကျေးရွာဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို ဖုန်းနဲ့ ဆက်သွယ်ရေးတွေ ဖြတ်တောက်ပြီးနောက်ပိုင်းမှာ သူတို့ ထိမ်းချုပ်မှုအောက်မှာရှိနေတဲ့…