Day: April 8, 2024
အမ်းမြို့အနီးက ကျေးရွာတွေကို လေကြောင်းက ဗုံးကျဲ ၊ကျေးရွာလေးရွာမှ ဒေသခံ အများအပြား လက်နက်ထိမှန် ဆေးရုံရောက်
ရခိုင်ပြည်နယ် အမ်းမြို့နယ် အနီးက ကျေးရွာတွေဟာ ဧပြီ ၇ ရက်နေ့ကစစ်ကောင်စီရဲ့လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခြင်းကိုခံရပြီး ဒေသခံ အမျိုးသမီး အမျိုးသားနှစ်ဆယ်ကျော်ဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမ်းဒေသ သတင်းရင်းမြစ်က သိရ ပါတယ်။အမ်းမြို့နယ် ကြောင်ဖြူကွင်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဂွေးကိုင်းကျေးရွာ ၊ပျဉ်တောင်ကြီးကျေးရွာ တို့ကို နေ့လည် ၁၂ နာရီ…
သံတွဲက စားသောက်ကုန်ဆိုင်အချို့ သက်တမ်းလွန်စားသောက်ကုန်များ ရောနှောရောင်းချနေ
ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရှိ စားသောက်ကုန်ရောင်းချနေတဲ့ ကုန်စုံဆိုင်အချို့ဟာသက်တမ်းကုန် စားသောက်ကုန်တွေ ကို ရောနှောရောင်းချနေတယ်လို့ သိရပါတယ်။\"အအေးဖျော်တဲ့ အဆီပုလင်းဝယ်တာ ၂၀၂၃ ဆယ်လပိုင်းက သက်တမ်းကုန်တာတွေကိုရောင်းပေးလိုက်တယ်။ အိမ်ရောက်မှ ကြည့်မိတော့ အကုန်သွန်ပစ်လိုက်ရတယ်\" လို့သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။သက်တမ်းကုန်နေသော စားသောက်ကုန်များတွေကို မဖျက်ဆီးပဲ သက်တမ်းမကုန်တဲ့စားသောက်ကုန်များနဲ့ ရောနှောရောင်းချနေတာကြောင့် သတိထားဝယ်ယူဖို့ လိုအပ်နေပါတယ်။\"သူတို့က သက်တမ်းမကုန်သေးတဲ့ စားသောက်ကုန်တွေကို…
တောင်ကုတ် အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုး ၊ ဒေသခံများ တိမ်းရှောင်နေရလူငယ်သုံးဦးကို ဖမ်းဆီးသွား
စစ်ကောင်စီဟာ တောင်ကုတ်နဲ့ အမ်းကြားက ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီးဒေသခံလူငယ် သုံးဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။တောင်ကုတ်မြို့နယ် ဆားပြင်၊ ကင်းတောင်၊ နွားချောင်း၊ ဘူးသီးကွင်း ၊ စတဲ့ ကျေးရွာတွေကိုစစ်ကြောင်းထိုးခဲ့ပြီး ကင်းတောင်ရွာ မှာ ကင်းပုန်းချထားတယ်လို့ ဆိုပါတယ်။\"သူတို့စစ်ကြောင်းထိုးတဲ့ လမ်းမှာ တောင်ပေါ်မှာ…