Laywaddy FM

အမ်းမြို့အနီးက ကျေးရွာတွေကို လေကြောင်းက ဗုံးကျဲ ၊ကျေးရွာလေးရွာမှ ဒေသခံ အများအပြား လက်နက်ထိမှန် ဆေးရုံရောက်

ရခိုင်ပြည်နယ် အမ်းမြို့နယ် အနီးက ကျေးရွာတွေဟာ ဧပြီ ၇ ရက်နေ့ကစစ်ကောင်စီရဲ့
လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခြင်းကိုခံရပြီး ဒေသခံ အမျိုးသမီး အမျိုးသား
နှစ်ဆယ်ကျော်ဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမ်းဒေသ သတင်းရင်းမြစ်က သိရ ပါတယ်။
အမ်းမြို့နယ် ကြောင်ဖြူကွင်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဂွေးကိုင်းကျေးရွာ ၊
ပျဉ်တောင်ကြီးကျေးရွာ တို့ကို နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ တစ်ကြိမ် ၊ ညနေ
လေးနာရီဝန်းကျင်မှာ တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး အရပ်သားနေအိမ် အရေအတွက် သုံးဆယ်ခန့်
ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
\”တကယ်အင်အားနဲ့ ထိုးစစ်ဆင်နေတဲ့ နေရာတိုင်းမှာ ရှုံးနေတော့ ရခိုင်ရွာတွေကို AA နဲ့
ဆက်စပ်တယ်ဆိုပြီး ပစ်မှတ်ထားနေတာဖြစ်ပါတယ်၊ ကလေး နှစ်ယောက်ထိ တယ် ၊ လူကြီးတွေ
လည်းထိတယ် စုသုပေါင်း လူ ၂၀ လောက် ဆေးရုံ ပို့ရတယ် “ လို့
အမ်းဒေသခံတစ်ဦးကပြောပါတယ်။
အမ်းမြို့ပေါ်မှာ အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ် အခြေစိုက်ထားပြီး အမ်းရိုးမ အနီးမှာလည်း
ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
တစ်ရက်တည်းမှာပဲ သံတွဲမြို့ အနီးမှာ ရပ်နားထားတဲ့ရေတပ်သင်္ဘောတွေက သံတွဲ-တောင်ကုတ်
ကြားက ကျေးရွာတွေကို လက်နက်ကြီးနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ပါတယ်။
လေးလ အတွင်းမှာ တိုက်ပွဲတွေကြောင့်လို့ ဒေသခံ သေဆုံးမှုဟာ နှစ်ရာနီးပါးရှိလာခဲ့ပြီး
နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာလည်း သုံးသိန်းကျော်ရှိပြီဖြစ်ပါတယ်။

Shine Bu Chay

Related Posts

One thought on “အမ်းမြို့အနီးက ကျေးရွာတွေကို လေကြောင်းက ဗုံးကျဲ ၊ကျေးရွာလေးရွာမှ ဒေသခံ အများအပြား လက်နက်ထိမှန် ဆေးရုံရောက်

Leave a Reply

Your email address will not be published. Required fields are marked *