Laywaddy FM

Day: April 22, 2024

Day: April 22, 2024

သံတွဲမြို့အနီးတွင် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကျဲနေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတွင်းရှိ ရွှေလှေကျေးရွာ သူဌေးချောင်းရေအားလျပ်စစ်စီမံကိန်းအနီးကို စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကျဲနေကြောင်း သိရပါတယ်။\"ရွှေလှေနားကို လာကျဲတာ။ နေ့လည်း ၁၂နာရီကျော်လောက်ကပဲ။ ပတ်ပြီးကို ကျဲချနေတာ။ဆယ်လုံးလောက် ရှိမယ်ထင်တယ်\" လို့ သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။စစ်ကောင်စီမှ လေယာဥ်ဖြင့် လာရောက် ကျဲချနေသော နေရာများမှသူဌေးချောင်းရေအားလျပ်စစ်စီမံကိန်းအနီးရှိ ဒေါ်မြရွာနား ဖြစ်ကြောင်းလည်း သိရပါတယ်။\"ကြားရသလောက်…

ရခိုင်မှာ ဒေသခံတွေ သယ်ဆောင်လာတဲ့ ဆန်အိတ်တွေကို စစ်ဆေးရေးဂိတ်တွေက သိမ်းယူပြီးစစ်တပ်ရိက္ခာလုပ်နေ

အခြေခံစားသောက်ကုန် ဖြစ်တဲ့ ဒေသတွင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်း တွေကို စစ်ကောင်စီကကန့်သတ်လာတဲ့ အတွက် ရခိုင်ပြည်နယ် အနှံ့မှာ နေ့စဉ်စားသုံးဖို့ ဆန် ကို အလွယ်တကူဝယ်လို့မရတဲ့ အခြေအနေ ကို ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ရပ်ကွက်အတွင်းမှာ ရောင်းချနေတဲ့ ဆန်ဆိုင်အသေးစားသမားတွေဟာ မြို့ပေါ်မှာဆန်သွားတိုက်ရင် ဂိတ်တွေ က အပြင်းအထန် စစ်ဆေးပြီး…

သံတွဲတွင် တိုက်ပွဲ ပြင်းထန်နေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် တွင် စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီမှ လေကြောင်း၊ ရေကြောင်းမှ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။\"ချီချောင်း နဲ့ ပုရစ်ရေကောက် နားမှာ နှစ်ဖက် ပစ်ခတ်မှုတွေ ရှိတယ်။ စစ်ကောင်စီဖက်ကလည်းအသေအပျောက်ရှိသလို AA ဖက်ကလည်း အကျအဆုံး ရှိတယ်ကြားတယ်။ အသေးစိတ်တော့မသိရသေးဘူး\" လို့…

သံတွဲ နဲ့ အနီးက ရွာတွေကို စစ်ကောင်စီ လေကြောင်းက နေ့ရော ညပါ တိုက်ခိုက်နေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ထဲ မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲနဲ့ အနီးတစ်ဝိုက်ကကျေးရွာတွေကို လေကြောင်းက နေ့ရော ညပါ တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။\"ရွှေလှေ အနီးတစ်ဝိုက်က ရွာတွေကို လေကြောင်းက ပစ်တာ ၊ အကြိမ် သုံး ဆယ် ကျော်ပါပြီဒီနေ့ အများဆုံးပဲ ၊ အခုည…