ယနေ့ Friday, 22nd November 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

Month: April 2024

Month: April 2024

ဘူးသီးတောင်မြို့ရှိ ရခိုင်အိမ်များ နှင့် MSF ရုံး မီးရှို့ခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ရခိုင်အိမ်များ နှင့် MSF ရုံး ကို စစ်ကောင်စီ နှင့်စစ်သင်တန်းပေးခံထား‌ရသော မူဆလင်အချို့မှ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးနေကြောင်းသိရပါတယ်။\"တစ်မြို့လုံး ပြာပင်လယ် ဖြစ်နေပြီ။ မီးမလောင်တဲ့ တိုက်ကို ဘူဒိုဇာနဲ့ ဖျက်နေတယ်။ ၁၈ရက်နေ့အပြီး ရခိုင်အိမ်မှန်သမျှ အကုန်ဖျက်စီးမယ် ပြောပါတယ်\" လို့ ဘူးသီးတောင် ဒေသခံတစ်ဦးကဆိုပါတယ်။နယ်စည်းမခြားဆရာဝန်များအသင်းရုံး…

သင်္ကြန် အကြတ်နေ့ သံတွဲနဲ့ အနီးဆုံး က ကျေးရွာတွေကို လေကြောင်းက တိုက်ခိုက် ၊သံတွဲမြို့ပေါ် ဘုရားကုန်းတွေမှာ စစ်ကောင်စီ လုံခြုံရေးယူထား

သင်္ကြန်ကာလ တွင်းမှာ စစ်ကောင်စီဟာ သံတွဲမြို့နဲ့ အနီးတစ်ဝိုက်မှာ ရှိတဲ့ကျေးရွာတွေကိုလေကြောင်းက တိုက်ခိုက်ခဲ့ပြီး ကျွဲနွားတွေ ထိမှန်သေဆုံးခဲ့သလို ၊ လူနေအိမ် အချို့လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။သံတွဲမြို့နယ် မကျည်းချောင်ကျေးရွာ၊ ရှင်စောပြင်ကျေးရွာ ၊ ကံကော်ကွင်းကျေးရွာ တွေကိုလေယာဉ်နဲ့ လာရောက်ဗုံးကျဲခဲ့တယ်လို့ ဒေသခံတွေ ဆီက သတင်းရရှိပါတယ်။\"ဗုံးစထိမှန် ပြီး နွားတစ်ကောင်သေတယ်၊ ပြီးတော့ ဘုန်းကြီးကျောင်းနားက…

မောင်တော ကြိမ်ချောင်း ဗျူဟာစခန်းကို AA အပြီး သိမ်းပိုက်

ရခိုင်ပြည်နယ် မောင်တောမြို့ ကြိမ်ချောင်း ဗျူဟာစခန်းကို အာရက္ခတပ်တော်မှ ဧပြီလ ၁၂ရက်က အပြီးသိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။အဆိုပါ ကြိမ်ချောင်း ဗျူဟာစခန်းကို အာရက္ခတပ်တော်မှ မတ်လ ၂၃ရက် မှစတင်ကာသိမ်းပိုက်နိုင်ရန် စတင်ထိုးစစ်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။ကြိမ်ချောင်းဗျူဟာစခန်းသည် နခခ(၇) ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ကျော် နှင့်နယ်ခြားစောင့်တပ်သား ၄၀၀ ကျော်…

သံတွဲဈေးတွင် ရောင်းချနေသော စားသောက်ကုန် ၃ မျိုး စားသုံးရန် မသင့် လို့ စစ်ကောင်စီကြေညာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဒွါရာဝတီမြို့မဈေးတွင် ရောင်းချနေသော စားသောက်ကုန်၃မျိုးသည် စားသုံးရန် မသင့်ကြောင်းကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အဆိုပါ စားသောက်ကုန် ၃ မျိုးမှာ fancy juice, fancy jelly နှင့် ဒွါရာဝတီရခိုင်ငပိထောင်း တို့ဖြစ်ပါတယ်။အဆိုပါ စားသောက်ကုန် ၃ မျိုးကို မစားသုံးသင့်ခြင်းမှာ Sodium Cyclamate…

သံတွဲမြို့အဝင်ကို စစ်ကောင်စီပိတ်ဆို့

ရခိုင်ပြည်နယ် သံတွဲမြို့အဝင် ၇မိုင် အကွာခန့်ရှိ ရေစင်ကျေးရွာ မှ စတင်ကာ စစ်ကောင်စီကပိတ်ဆို့ထားပြီး အနီးအနားရှိ တောတောင်များတွင် ကင်းပုန်းများ ချထားကြောင်း သိရပါတယ်။\"မနက်က တိုက်ပွဲအသေးစားဖြစ်တယ်။ အဲဒါကို အကြောင်းပြီးပြီးတော့ရေစင်တံတားနားကနေစပြီး အဝင် အထွက် ပိတ်လိုက်တယ်။ လမ်းပိတ်ရုံတင်မဟုတ်ဘူး၊ရေစင်ရွာ အဝင်အထွက်ကိုပါ ပိတ်ထားတယ်\" လို့ သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။ချင်းတိုင်းရင်းသားအများစုနေထိုင်သည့်…

ဂွမြို့နယ်မှ ပြည်သူ ၃ ဦး စစ်ကောင်စီမှ ဖမ်းဆီး

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့မှ ပြည်သူ ၃ ဦးကို စစ်ကောင်စီမှ ဧပြီလ ၁၁ရက် ည၁၀နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။\"အဖမ်းခံရတဲ့ တစ်ယောက်ရဲ့ အဖေ (ဦးသိန်းဇံ) ကို လာရှာတာ။ မတွေ့တော့ သားဖြစ်သူ နဲ့သူတို့အိမ် လာလည်တဲ့ သူ့သား သူငယ်ချင်း ၂ ယောက်ကို…

သင်္ကြန်ကာလအတွင်း လူစုလူဝေး နှင့် ပျော်ပွဲရွှင်ပွဲ မလုပ်ရန် AA မေတ္တာရပ်ခံ

သင်္ကြန်ကာလအတွင်း မြို့ပြ နှင့် ကျေးလက်ဒေသများတွင် လူစုလူဝေးများ ပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲများကို မပြုလုပ်ရန် အာရက္ခတပ်တော် မှ မေတ္တာရပ်ခံလိုက်ကြောင်း သိရပါတယ်။\"စစ်ကောင်စီသည် အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားသောဒေသများတွင်သာမက နောက်ထပ်သိမ်းပိုက်ရန် ကြိုးပမ်းသော နေရာများတွင်ပါ လူစုလူဝေးဟုယူဆသော နေရာများတွင် လေယာဥ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း\"ကြောင့် ဆိုပါတယ်။အာရက္ခတပ်တော်မှ…

နေရပ်မပြန်နိုင်ကြသော ရခိုင်တက္ကသိုလ်ကျောင်းသားများကို ရခိုင်သဟာယအသင်းကူညီထောက်ပံ့ပေးနေ

ရန်ကုန်မြို့မှ နေရပ်မပြန်နိုင်ကြသော ရခိုင်တက္ကသိုလ်ကျောင်းသားများကိုရခိုင်သဟာယအသင်း နှင့် မိတ်ဖက်အသင်းများ ပူးပေါင်းကာ ကူညီပေးနေကြောင်းသိရပါတယ်။\"ကျောင်းပိတ်ကာလဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်ကြတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ စားဝတ်နေရေး ခက်ခဲနေကြတယ် ဒါကြောင့် စားရေး သောက်ရေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့ အခုလို ထောက်ပံ့ရေး အစီအစဥ် လုပ်ဆောင်တာပါ\" လို့ရခိုင်သဟာယအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အဆိုပါကျောင်းသားများအားကူညီထောက်ပံ့နိူင်ရေးအစီအစဥ်ဖြင့် ဧပြီလ…

စစ်ရေးပြင်းထန်နေတဲ့ အမ်းမှာ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ပြတ်လပ်

စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် တို့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့မှာစစ်ကောင်စီရဲ့လမ်းခရီးပိတ်ဆို့ထားမှုတွေကြောင့် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့နယ်အတွင်းကစစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် က ပြီးခဲ့တဲ့ မတ်လ (၂၄)ရက် ကစလို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်ကလည်း ခရီးသွားလာခွင့်နဲ့ကုန်ပစ္စည်းသယ်ယူခွင့်တွေကို တင်းကျပ်စွာ ပိတ်ဆို့ထားခဲ့တာလည်း ဖြစ်ပါတယ်။အခုလို…

သံတွဲက အဖမ်းခံထားရတဲ့ အမျိုးသမီးနဲ့ ၂ ရက်ကြာတဲ့အထိ အဆက်သွယ်မရလို့မိသားစုဝင်များ စိတ်ပူနေ

ရခိုင်ပြည်နယ် သံတွဲမြို့ကအမျိုးသမီးတစ်ဦးကို ဧပြီလ ၇ ရက်က သံတွဲစျေးက အပြန် မှာစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး ၂ ရက်ကြာတဲ့ အထိ သတင်းအစအနမရသေးလို့ မိဘတွေ စိတ်ပူနေကြပါတယ်။အဖမ်းဆီးခံရသူ အမျိုးသမီး အမည်မှာ မမေသဇင်ဖြစ်ပြီး အသက် ၃၀ အရွယ်ရှိကာဘောက်တောင်ရွာမှာနေထိုင်သူဖြစ် တယ်လို့ သိရပါတယ်။\"သူ့မိသားစုတွေက သူ့သမီး…