Laywaddy FM

ဘူးသီးတောင်မြို့ရှိ ရခိုင်အိမ်များ နှင့် MSF ရုံး မီးရှို့ခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ရခိုင်အိမ်များ နှင့် MSF ရုံး ကို စစ်ကောင်စီ နှင့်
စစ်သင်တန်းပေးခံထား‌ရသော မူဆလင်အချို့မှ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးနေကြောင်း
သိရပါတယ်။
\”တစ်မြို့လုံး ပြာပင်လယ် ဖြစ်နေပြီ။ မီးမလောင်တဲ့ တိုက်ကို ဘူဒိုဇာနဲ့ ဖျက်နေတယ်။ ၁၈ရက်နေ့
အပြီး ရခိုင်အိမ်မှန်သမျှ အကုန်ဖျက်စီးမယ် ပြောပါတယ်\” လို့ ဘူးသီးတောင် ဒေသခံတစ်ဦးက
ဆိုပါတယ်။
နယ်စည်းမခြားဆရာဝန်များအသင်းရုံး MSF ကို ဧပြီလ ၁၅ ရက်က
မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး MSF ရုံးတွင် ဝန်ထမ်းများ ရှိမနေသည့်အတွက် လူထိခိုက်
သေဆုံးမှု မရှိခဲ့‌သော်လည်း ရုံးခန်းတွင်း သိုလှောင်ထားသည့် ဆေးများနှင့် တခြား
ဆေးဖက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ရုံးနှင့်အတူ မီးလောင်ကျွမ်းသွားကြောင်း MSF က
ထုတ်ပြန်ထားပါတယ်။
\”ကျနော်သိရသလောက် အိမ်ခြေ တစ်ထောင်ကျော် မီးလောင်သွားပါပြီ။ အခုထိလည်း
မီးလောင်နေတာကို လှမ်းမြင်နေရတယ်။\” လို့ ဘူးသီးတောင် မှ တိမ်းရှောင်နေရသူ တစ်ဦးက
ဆိုပါတယ်။
ဘူးသီးတောင်မြို့တွင်းရှိ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ရိက္ခာသိုလှောင်ထားသော
ဂိုဒေါင်များကိုလည်း စစ်ကောင်စီက ဖောက်ထွင်းကာ စစ်သင်တန်းပေးခံထားရသော
မူဆလင်များကို ပေးကာ ရခိုင်အိမ်များကို မီးရှို့ခိုင်းစေခဲ့တယ်လို့ လုံခြုံရေးအရ
အမည်မဖော်လိုသည့် မူဆလင် တစ်ဦးက ဆိုပါတယ်။
ဘူးသီးတောင် မြို့ထဲရှိ ဟိန္ဒူဘာသာဝင် ၁၆၀၀ နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ တို့ကိုလည်း
စစ်သင်တန်းပေးခံထားရသော မူဆလင်များက ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း Indian
Express သတင်းစာတွင် ဧပြီလ ၁၅ ရက်က ဖော်ပြထားကြောင်း သိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *