Day: October 5, 2024

ရေဘေးသင့်ခဲ့တဲ့ မင်းပြားမြို့နယ် ဖုံသာချောင်းဒေသခံတွေ ငှက်ဖျား နဲ့ ဝမ်းရောဂါတွေခံစားနေရ
စက်တင်ဘာလအတွင်းက တောင်ကျရေတွေကြောင့် ရေဘေးသင့်ခဲ့တဲ့ မင်းပြားမြို့နယ် ဖုံသာချောင်း ဝန်းကျင် က ဒေသခံတွေဟာ ရေမသန့်ရှင်းမှုကြောင့် ဝမ်းရောဂါနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားနေပြီး ပြန်လည်ထူထောင်ဖို့ ခက်ခဲနေတယ် လို့ သိရပါတယ်။ ဖုံသာချောင်းရိုးတလျှောက်မှာရှိတဲ့ ကျေးရွာတွေ က ဒေသခံတွေဟာ ယားနာရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ သွေးတိုးရောဂါ၊ ဖျားနာရောဂါ၊ ငှက်ဖျားရောဂါများနဲ့…

သံတွဲမြို့က ဖောက်ထွင်းမှုတွေကို မြေပြင်မှာ အာရက္ခတပ်တော်် အရေးယူနေ ပေမယ့် ခိုးမှုတွေ ဆက်လက်ရှိနေဆဲ
သံတွဲမြို့က ဖောက်ထွင်းသူတွေကို အာရက္ခတပ်တော် က မြေပြင်မှာ အရေးယူနေပြီး အောက်ခြေက တပ်သားအချို့ ပါဝင်ပတ်သက်မှုတွေကို ပါ တွေ့ရှိရတယ်လို့ သတင်းရရှိပါတယ်။ သံတွဲမြို့ သိမ်းတိုက်ပွဲဖြစ်ပွားနေစဉ််ကာလတွေနဲ့ သံတွဲမြို့ကို သိမ်းပြီး တစ်လကျော်ကြာလာတဲ့ အချိန်အထိ အဲ့ဒီဖောက်ထွင်းမှုတွေဟာ ဆက်တိုက်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ "အိမ်ထောင်ပရိဘောဂတွေကို လည်း ကားနဲ့ တိုက်ပြီး .(....)မှာသွားရောင်းတယ်…

ကုလားပြင်မှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေ အကျအဆုံးများပြီး ၊ ဂွမြို့ အနီး ကို တဖြည်းဖြည်းတပ်ဆုတ်လာ
ရခိုင်ပြည် ဂွမြို့နယ်မှာ အထိုင်ချပြီး ဒေသခံတွေ ကို အာဏာပြနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ ထိုးစစ်ဆင်ခံရပြီး အကျအဆုံးများတဲ့ အတွက် တပ်ဆုတ်သွားတယ်လို့ သတင်းရရှိပါတယ်။ ကုလားပြင်က တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကြွေချိုင်ကမ်းခြေမှာ အင်အားပေါင်းစုပြီး ခုခံဖို့ ပြင်ဆင်နေတယ် လို့ မြေပြင်…