ယနေ့ Thursday, 12th December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ကုလားပြင်မှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေ အကျအဆုံးများပြီး ၊ ဂွမြို့ အနီး ကို တဖြည်းဖြည်းတပ်ဆုတ်လာ

ကုလားပြင်မှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေ အကျအဆုံးများပြီး ၊ ဂွမြို့ အနီး ကို တဖြည်းဖြည်းတပ်ဆုတ်လာ

ရခိုင်ပြည် ဂွမြို့နယ်မှာ အထိုင်ချပြီး ဒေသခံတွေ ကို အာဏာပြနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ ထိုးစစ်ဆင်ခံရပြီး အကျအဆုံးများတဲ့ အတွက် တပ်ဆုတ်သွားတယ်လို့ သတင်းရရှိပါတယ်။

ကုလားပြင်က တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကြွေချိုင်ကမ်းခြေမှာ အင်အားပေါင်းစုပြီး ခုခံဖို့ ပြင်ဆင်နေတယ် လို့ မြေပြင် သတင်းရင်းမြစ် က ပြောပါတယ်။

ကုလားပြင်မှာ ဆင်ထားတဲ့ ဟောင်၀ှစ်ဇာ လေးစီးကို ကားတွေနဲ့ ပြန်သယ်သွားတယ်၊ စစ်ရှုံးရင် ပေးလိုက်ရမှာစိုးလို့ရှိမှာပေါ့ ကြွေချိုင် ၊ တိုင်ကျိုး ရွာ က ပုဂံဘုရားတောင် မှာဆင်ထားတယ် ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကြွေချိုင်ကမ်းခြေဟာ ဂွမြို့နယ် အတွင်းက ကမ်းခြေကျေးရွာတစ်ခုဖြစ်ပြီး အဲ့ဒီကမ်းခြေကနေ ဂွမြို့ကို ရောက်ဖို့ မိုင်နှစ်ဆယ်ကျော် ကွာဝေးတာ ဖြစ်ပါတယ်။

ကုလားပြင်ကျေးရွာမှာ အထိုင်ချခဲ့တဲ့စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေ ရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ယူဆောင်တာတွေ ၊ ဒေသခံတွေရဲ့ ကား၊ ဆိုက်ကယ်တွေကို စစ်သုံးယဉ် အဖြစ် အသုံးပြုဖို့ ပေါ်တာဆွဲတာတွေလည်း လုပ်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေ က ပြောပါတယ်။

၃ ရက်နေ့ ကုလားပြင်တိုက်ပွဲမှာ ဗိုလ်တစ်ဦးကျတယ် ပြီးတော့ စစ်ကောင်စီ တပ်သားတွေ အကျအဆုံးများတယ်၊ သူတို့ တပ်ဆုတ်တာမှာ လမ်းမှာတွေ့တဲ့ လူကို ပစ်တယ်၊ ကိုင်းခုံရွာက ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ကိုလည်း စကစ က ပစ်သတ်ခဲ့တယ်“လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဉီးက လေးဝတီ FM ကို ပြောပါတယ်။

အောက်တိုဘာ ၂၊ ၃၊ ၄ ရက်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်လာပြီး ဒီကနေ့မှာတော့ အထိနာတဲ့ စစ်ကောင်စီဟာ ကုလားပြင်က တပ်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။

ဂွ ၊ ကျိန္တလီ ၊ ကုလားပြင် လမ်းပိုင်းဟာ လတ်တလောမှာ စစ်ပွဲ ဧရိယာဖြစ်နေပြီး ဒေသတွင်း သွားလာလှုပ်ရှားသူတွေ အနေနဲ့ အခုရက်ပိုင်းမှာ သတိထားဆင်ခြင်ဖို့ လိုတယ် လို့ ဒေသအခြေအနေ ကို နားလည်သူက သတိပေးပါတယ်။

လတ်တလောမြေပြင်အခြေအနေများဟာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ခက်ခဲနေပြီး အစားအသောက်ရ ရှိဖို့ကိုလည်း အကူအညီပေးရေးအဖွဲ့တွေကို မှီခိုနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *