ယနေ့ Sunday, 1st December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

သံတွဲမြို့က ဖောက်ထွင်းမှုတွေကို မြေပြင်မှာ အာရက္ခတပ်တော်် အရေးယူနေ ပေမယ့် ခိုးမှုတွေ ဆက်လက်ရှိနေဆဲ

သံတွဲမြို့က ဖောက်ထွင်းမှုတွေကို မြေပြင်မှာ အာရက္ခတပ်တော်် အရေးယူနေ ပေမယ့် ခိုးမှုတွေ ဆက်လက်ရှိနေဆဲ

သံတွဲမြို့က ဖောက်ထွင်းသူတွေကို အာရက္ခတပ်တော် က မြေပြင်မှာ အရေးယူနေပြီး အောက်ခြေက တပ်သားအချို့ ပါဝင်ပတ်သက်မှုတွေကို ပါ တွေ့ရှိရတယ်လို့ သတင်းရရှိပါတယ်။

သံတွဲမြို့ သိမ်းတိုက်ပွဲဖြစ်ပွားနေစဉ််ကာလတွေနဲ့ သံတွဲမြို့ကို သိမ်းပြီး တစ်လကျော်ကြာလာတဲ့ အချိန်အထိ အဲ့ဒီဖောက်ထွင်းမှုတွေဟာ ဆက်တိုက်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။

အိမ်ထောင်ပရိဘောဂတွေကို လည်း ကားနဲ့ တိုက်ပြီး .(….)မှာသွားရောင်းတယ် ၊ သံတွဲဒေသခံ ‌အောက်ခြေက လူတွေပါ နေလို့ နိုင်ငံရေးမှူးက သံတွဲနယ်ထဲ လာပြီး ဒီကိစ္စကို ကိုင်တွယ်နေတယ်၊” လို့ အမည်မဖော်လိုတဲ့ ‌စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

(လုံခြုံရေအခြေအနေများကြောင့် ရွာနာမည်ကို မဖော်ပြဖို့ သတင်းရင်းမြစ်က တောင်းဆို ထားပါတယ်။ )

သံတွဲမြို့ ပေါ်ရပ်ကွက်တွေနဲ့ ငပလီ ၊ မြပြင် ၊ ဂျိတ္တော စတဲ့ ကမ်းခြေ ဒေသတွေမှာပါ ခိုးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ် ။

ဟိုရက်က ဂျိတ္တောမှာ ခိုးရာပါ ပစ္စည်းတွေ ဝယ်တဲ့သူကို ရိုက်တာ ၊ ဘေးအိမ်က အမျိုးသမီးက မြင်ပြီး နှလုံးဖောက်ပြီးဆုံးသွားတယ်။ ” လို့ တခြားသတင်းရင်းမြစ်တစ်ဉီးက ပြောပါတယ်။

သံတွဲစေ◌ျးတွင်းက စေ◌ျးဆိုင်များ၊ ကမ်းခြေဟိုတယ် တွေက ပရိဘောဂများ ၊ ဒေသခံတွေ ရဲ့ ကား ၊ ဆိုက်ကယ်နဲ့ တခြား အသုံးအဆောင်တွေ ဟာ ဖောက်ထွင်းခိုးယူခံခဲ့ရတာဖြစ်ပါတယ်။

အာရက္ခတပ်တော် AA ဘက်က အရေးယူမှုတွေ လုပ်ဆောင်နေပြီဖြစ်ပြီး DLEPS လို့ ခေါ်တဲ့ “ပြည်သူ့လုံခြုံရေးနဲ့ တရားဉပဒေစိုးမိုးရေးဌာန ကို ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတွဲမြို့နယ် တစ်ခုလုံးကို အာရက္ခတပ်တော် AA က ထိမ်းချုပ်ထားပြီး လတ်တလောအခြေအနေ မှာ လျှပ်စစ်မီး ၊ ဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *