Month: December 2024
နပခ ဌာန ချုပ်က တပ်စခန်းတွေ သိမ်းပိုက်ခံရပြီးနောက် အမ်း ကို စစ်ကြောင်းထိုးလာ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဂွင် က လွဲပြီးကျန်တဲ့ တပ်ရင်း တပ်မတွေ ကို သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် AA က တရားဝင်ကြေညာပြီးနောက်မှာ စစ်ကောင်စီက စစ်ကြောင်းတစ်ခု ကို ထပ်မံ ပို့လွှတ်ခဲ့တယ် လို့ သတင်းရရှိပါတယ်။ ဒီစစ်ကြောင်းဟာ အမ်း ကို ပို့လွှတ်တဲ့ အထဲ မှာ…
မောင်တော နခခ(၅) အလုံးစုံ သိမ်းပိုက်ပြီးစီး( မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ် တစ်ခုလုံး AA ထိန်းချုပ်)
ရခိုင်ပြည်နယ်စပ်မြို့ က မောင်တော နခခ (၅) ကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ ပြီး ဖြစ်တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၇ ရက် နေ့ မှာ သတင်းရရှိပါတယ်။ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ဒီဇင်ဘာ (၅)(၆) ရက်တွေ မှာ နခခ(၅) ရဲ့…
နပခ ရဲ့ တပ်ရင်း (၉) ခု ထပ်မံသိမ်းပိုက် နပခဌာချုပ်ဂွင် ကို အာရက္ခတပ်တော် ထိုးစစ်ဆင်နေ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းဒေသ မှာ သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ တပ်ရင်း (၉) ခု ကို ထပ်မံသိမ်းပိုက်ပြီး ကြောင်း အာရက္ခတပ်တော်က ဒီကကနေ့ ဒီဇင်ဘာ (၆) ရက် က ထုတ်ပြန်လိုက်ပါတယ်။ နပခ အတွင်း က စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊…
စစ်ဘေးရှောင် (၁)
တဖျောက်ဖျောက်နန့် မိုးသီးမိုးပေါက် မြီကိုရောက်ယာ မိုးကျဗျာလ်မလားရေ။ ဒေတမိုးကို တဲထိုးလို့နေဖို့လဲ ခေါင်းမိုးမရှိ။ အအီးဒဏ်ကိုခုခံနိုင်ဖို့ ပုဆိုးမရှိ။ အဝတ်တထည် ရီစွတ်ကေလဲ အလည်မရှိ။ ဟင်းချေတနပ် ခူးဆွတ်စားဖို့ တောင်ရပ်နားကိုမလားဝံ့။ ငါးချေတသိုက် ထွက်ရှာပစ်ဖို့ ကွန်ပစ်ဖို့လဲ ချောင်းချေနားကိုမလားဝံ့။ နှာစီးခြောင်းဆိုးရောဂါတိုးလဲ ဆီးထိုးပစ်ဖို့ ဖေသာမရှိ။ ဆီးချေတလိပ် ကွမ်းချေတယာ စားချင်ပါလဲ…
မောင်တော နခခ (၅ ) ရဲ့နောက်ဆုံးခံတပ် အဆင့်အထိ AA ဝင်ရောက် အနီးကပ် ထိုးစစ်ဆင်နေ
အာရက္ခတပ်တော် AA ဟာ မောင်တော နခခ (၅) ရဲ့ နောက်ဆုံးခံတပ် ဘန်ဘာတွေ အထိ အနီးကပ်ဝင်ရောက် ထိုးစစ်ဆင် နေတယ် လို့ သတင်းရရှိပါတယ်။ နခခ(၅) ဝန်းထဲမှာ ဒီဇင်ဘာ ၅ ရက် နဲ့ ၆ ရက်တွေမှာ နေ့ရော ညပါ…
မကြာခင်ထိုးစစ်ဆင်ခံရနိုင်တဲ့ ကျောက်ဖြူ နဲ့ စစ်တွေ ကို စစ်ကောင်စီ ရေကြောင်းက အင်အား ဖြည့် နေ
မကြာခင်မှာ ထိုးစစ်ဆင်ခံရနိုင်တဲ့ ရခိုင်ပြည်က ကျောက်ဖြူမြို့ နဲ့ စစ်တွေ မြို့ ကို စစ်ကြောင်စီ ရေကြောင်းက တဆင့် လူအင်အား ၊ လက်နက်အင်အား နဲ့ စားနပ်ရိက္ခာတို့ကို ဖြည့်တင်းနေတယ်လို့ သတင်းရရှိပါတယ်။ တရုတ်စီမံကိန်းတွေ ရှိတဲ့ ကျောက်ဖြူမြို့နဲ့ ရခိုင်ပြည် ရဲ့ မြို့တော် စစ်တွေ…
စစ်ကောင်စီ ရိက္ခာထောက်ပို့ ကားတန်း ကို အမ်း-ပဒါန်းလမ်းပိုင်းပေါ်မှာ PRA တိုက်ခိုက်(နိုဝင်ဘာလ ကနေ ဒီဇင်ဘာ ပထမ အပတ်ထိ စစ်ကောင်စီ ၅၀ ခန့်ကို ချေမှုန်းပြီးကြောင်းထုတ်ပြန် )
အမ်း-ပဒါန်းလမ်းပိုင်းကို အသုံးပြုပြီး နပခ ဌာနချုပ်ကို ရိက္ခာထောက်ပို့ ဖို့ တက်လာတဲ့ စစ်ကောင်စီ ရဲ့ စစ်ကားသုံးစီးကို ဒီဇင်ဘာ ၄ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ပြီးခဲ့ပြီး စစ်ကောင်စီ အင်အားအများအပြား ကျဆုံးခဲ့တယ်လို့ PRA (မကွေး) က ထုတ်ပြန်ပါတယ်။ မကွေးတိုင်း ငဖဲမြို့နယ် စွန်တက်ရွာနဲ့ လင်းတဲရွာကြား…
အမ်း မြို့မ ရဲစခန်းက ဒုရဲမူးကြီးဝင်းနိုင် အပါအဝင် အရာရှိ များထွက်ပြေး
ရခိုင်ပြည် ၊ အမ်းမြို့ က မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ဒုရဲမှူးကြီး ဝင်းနိုင် အပါအဝင် အရာရှိ လေးဆယ်ဝန်းကျင်ဟာ အမ်းမြို့ စစ်ပွဲအတွင်းက ထွက်ပြေးသွားပြီး ခြေရာပျောက်နေတယ် လို့ လေးဝတီ FM က သတင်းရရှိပါတယ်။ အဲ့ဒီထွက်ပြေးသွားတဲ့ အဖွဲ့မှာ အမ်းမြို့ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့…
၁၀၂၇ ကို စတင်ခဲ့တဲ့ညီနောင်မဟာမိတ်အဖွဲ့ထဲက နှစ်ဖွဲ့ဟာ စစ်ကောင်စီ ကို အပစ်ရပ်ဖို့ ကမ်းလှမ်း လာ
၁၀၂၇ တော်လှန်ရေးကို စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့သုံးဖွဲ့အနက်က မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA ) နဲ့ တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဟာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ ဆွေးနွေးလိုကြောင်း စတင်ကမ်းလှမ်းလာတဲ့ သဘော ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က TNLA…
အမ်းနပခဌာနချုပ် ကို စစ်ကူလွှတ်လိုက်တဲ့ စစ်ကြောင်း ရိုးမထဲမှာ ပျောက်ဆုံးနေ(နှစ်ပတ်ကျော်ကြာသည်အထိ နပခ ကို မရောက်သေး)
ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့ကို စစ်ကူပို့လိုက်တဲ့ အင်အား ၄၀၀ ကျော်ပါရှိတဲ့ စစ်ကြောင်း တစ်ခုဟာ နပခ ဌာနချုပ် ဆီမရောက်ဘဲ ရခိုင်ရိုးမထဲမှာ ပျောက်ဆုံးနေတာ နှစ်ပတ်ကျော်ပြီလို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ စစ်ကောင်စီဟာ နပခ ဌာနချုပ် ထဲ က အင်အား…