Laywaddy FM

အမ်းနပခဌာနချုပ် ကို စစ်ကူလွှတ်လိုက်တဲ့ စစ်ကြောင်း ရိုးမထဲမှာ ပျောက်ဆုံးနေ(နှစ်ပတ်ကျော်ကြာသည်အထိ နပခ ကို မရောက်သေး)

အမ်းနပခဌာနချုပ် ကို စစ်ကူလွှတ်လိုက်တဲ့ စစ်ကြောင်း ရိုးမထဲမှာ ပျောက်ဆုံးနေ(နှစ်ပတ်ကျော်ကြာသည်အထိ နပခ ကို မရောက်သေး)

ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့ကို စစ်ကူပို့လိုက်တဲ့ အင်အား ၄၀၀ ကျော်ပါရှိတဲ့ စစ်ကြောင်း တစ်ခုဟာ နပခ ဌာနချုပ် ဆီမရောက်ဘဲ ရခိုင်ရိုးမထဲမှာ ပျောက်ဆုံးနေတာ နှစ်ပတ်ကျော်ပြီလို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

စစ်ကောင်စီဟာ နပခ ဌာနချုပ် ထဲ က အင်အား ၄၀၀ ခန့်ပါတဲ့ စစ်ကြောင်းကို ပဒါန်း-အမ်း လမ်းပိုင်းက တဆင့် ရခိုင်ရိုးမကို ဖြတ်ကျော်ပြီး နပခ ဌာနချုပ်ဆီကို ပို့ဆောင်လိုက်တာဖြစ်ပါတယ်။

” စစ်ကူဆင်းလာတဲ့ အဖွဲ့နဲ့ AA အဖွဲ့က ရိုးမထက်မှာ တိုက်ပွဲက နှစ်နေရာ သုံးနေရာ ဖြစ်နေတယ်။ သူတို့ကအနီးစပ်ဆုံးအမ်းလပေါ်ရိုး( ရှုခင်းသာ)ထိတိုက်ပွဲ

ရောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ အခုထိတော့ နပခကိုရောက်လာနိုင်တာတော့ မရှိသေးဘူး” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီ စစ်ကားအစီးရေ ၂၀ ကျော်နဲ့ အင်အား ၄၀၀ ပါတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာ ၂၃ ရက်နေ့ မှာ ပဒါန်းအခြေစိုက် အမြှောက်ကြီးစခန်းက နေ ရခိုင်ရိုးမ ကို စတင် ဖြတ်သန်းခဲ့တာဖြစ်ပါတယ် ။ ဒီကနေ့ ဒီဇင်ဘာ ၄ ရက် နေ့ အထိ ဆိုရင်တော့ နှစ်ပတ်ကျော်ကြာမြင့်ပြီ ဖြစ်ပါတယ်။

စစ်ကြောင်းထဲက အင်အားတချို့ဟာ အမ်းနပခ ဌာနချုပ်နဲ့ ၁၅ မိုင်ကျော်အကွာက လပေါ်ရိုး ဆိုတဲ့ နေရာအထိ ရောက်ခဲ့ပြီး

အဲ့ဒီမှာ အာရက္ခတပ်တော် နဲ့ တိုက်ပွဲဖြစ်ပြီး ရိုးမထဲမှာ ထပ်မံပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီပို့လွှတ်တဲ့ စစ်ကြောင်းထဲက အင်အား ၅၀ ပါတဲ့ စစ်ကြောင်းတစ်ခုကို AA လက်ရဖမ်းဆီးခဲ့တာရှိတယ်လို့ သိရပါတယ် ။ ဒါ့အပြင် စစ်မှုထမ်းလူငယ်တွေ ပါတဲ့ စစ်ကြောင်းတစ်ခုဟာလည်း ရိုးမ တစ်နေရာက တိုက်ပွဲမှာ အလံဖြူထောင်ခဲ့တယ်လို့ လေးဝတီ FM က သတင်းရရှိထားပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အမ်းတစ်မြို့လုံးကို ထိန်းချုပ်ပြီး နပခ ဌာနချုပ် တစ်ခုတည်းကိုသာ စုပေါင်းထိုးစစ်ဆင်တိုက်ခိုက် နေပြီး နေ့ရော ည ပါ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီ ဘက်က လေကြောင်းကို အဓိက ထားပြီး ခုခံကာကွယ်နေပြီး နပခ ဌာနချုပ်နဲ့ အနီးအနား က ရပ်ကွက်တွေကို ပေါင် ၁၀၀၀ ဖျက်အားပြင်းဗုံးတွေကို

အသုံးပြု တိုက်ခိုက်နေပါတယ်။

လက်ရှိမှာ အမ်းမြို့ပေါ်က ရက်ကွက်(၃) ၊ မြို့သစ်၊ အောက်ရွာ ရပ်ကွက်နဲ့ ရပ်ကွက် (၄) တို့က နေအိမ် အများအပြား ပျက်စီးနေတယ်လို့ သိရပါတယ်။

အဉ္စနလီညှင်း(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

7 thoughts on “အမ်းနပခဌာနချုပ် ကို စစ်ကူလွှတ်လိုက်တဲ့ စစ်ကြောင်း ရိုးမထဲမှာ ပျောက်ဆုံးနေ(နှစ်ပတ်ကျော်ကြာသည်အထိ နပခ ကို မရောက်သေး)

Leave a Reply

Your email address will not be published. Required fields are marked *