ယနေ့ Sunday, 1st December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ရမ်းဗြဲသိမ်တောင် စစ်ကောင်စီ ခံစစ် ငရဲခန်းသို့ တစ်ခေါက်

ရမ်းဗြဲ မြို့ နဲ့ ၅ မိုင်ကျော် ဝေးတဲ့ စစ်ကောင်စီ ရဲ့ ခံစစ်စခန်း အဖြစ် အသုံးပြုထားတဲ့
သိမ်တောင်ဘုရားကုန်းထက်ကို ရခိုင့်တပ်တော်က သိမ်းပိုက်ပြီးသည်နှင့် တပ်တော်သားများ
ရှင်းလင်းရေး နှင့်မှတ်တမ်းတင်ခြင်းလုပ်ငန်းများလုပ်ဆောင်နေကြပါတယ်။
ကျွန်တော်လည်း ဖေဖော်ဝါရီ ၁၁ ရက် ရခိုင့်တပ်တော် အဖွဲ့ ဝင်များနဲ့အတူ က
သိမ်တောင်ထက်သို့တက်ခွင့်ရ၍အခြေအနေကို အကဲခတ်ခွင့်ရခဲ့ပါတယ်။
AA တပ်တော်က ဓာတ်ပုံရိုက်ခွင့်မပြု၍ ၊ ဓာတ်ပုံမရိုက်ရ တားမြစ်ထားပါတယ်။
တပ်တော်စစ်သည်များက..ဗီဒီယိုနှင့်ဓာတ်ပုံမှတ်တမ်းများ.ရယူနေကြပါတယ်။ကျွန်တော်က
တော့ ဒီ အဌိဌာရုံ မြင်ကွင်းကို မျက်စိနဲ့ မှတ်တမ်းတင် ခဲ့ပါတယ်။
အမှန်တော့ ဒီစခန်းဟာ ရခိုင်ပြည်နယ် တောင်ပိုင်း အစ မြို့ဖြစ်တဲ့ ရမ်းဗြဲမြို့ ရဲ့ ကြီးမားတဲ့
ခံတပ်စခန်းကြီးလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ တောင်ပိုင်းမြို့တွေ တစ်မြို့မှ
မကျဆုံးရေး ဆိုပြီး တပ်သားတွေကို အသေခံတိုက်ခိုက်ခိုင်းထားတဲ့ စစ်ရာဇဝတ်မှုကြီး
ကျူးလွန်နေတာ လည်းဖြစ်ပါတယ်။ အသေခံ တိုက်ခိုက်ထားတဲ့ စစ်ကောင်စီဟာ ဒီတပ်သားတွေ
ဆီကို ရိက္ခာ နဲ့ ဆေးဝါး တွေရောက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိပါ။ ဒီစခန်းသာမဟုတ်
ရခိုင့်တပ်တော် ဝိုင်းဝန်းပိတ်ဆို့ ခြင်းကိုခံရတဲ့ ဘယ်စစ်စခန်းမဆို ရိက္ခာ ၊ ဆေးဝါးနဲ့ လက်နက်
အကူမမျှော်နဲ့ တော့ ဆိုတာ ကို ဒီစခန်းက သက်သေဖြစ်ပါတယ်။
ရမ်းဗြဲမြို့ နှစ်ပေါင်းများစွာ ဗိုလ်ကျခဲ့တဲ့ စစ်ကောင်စီ တပ်စခန်း ၊ စစ်ပွဲကာလအတွင်းမှာ
လက်နက်ကြီး ငယ်တွေ နဲ့ ဖျက်စီးခဲ့တဲ့ စစ်ကောင်စီ စခန်းရဲ့ ငရဲ သားတွေကို
မျက်ဝါးထင်ထင်တွေ့ရှိခဲ့ ရပါတယ်။
စစ်ကောင်စီရဲ့ တပ်သားတွေဟာ ငရဲ သဖွယ် ဒီ သိမ်တောင် ဘုရားကုန်းထက်မှာ အသေခံ
သွားကြရပုံတွေ ဟာ ထိပ်လန့်စရာ ကောင်းလှပါတယ်။
စစ်ကောင်စီ တပ်မှ စစ်သားတွေ နဲ့ ရမ်းဗြဲမြို့မစခန်းက တွေက တပ်သား ရဲသားတွေဟာ
ပျံ့ကျဲပြီးသေဆုံးနေတဲ့ အလောင်းတွေ အဖြစ် ဟို တစ်စု ဒီ တစ်စု ။ မျက်စိ မှာ တွေ့
သလောက်ရေတွက် ကြည့်တော့အလောင်း ၄၇ လောင်းတွေ့ ပါတတယ်။
ဒီစစ်သားတွေဟာ မသေခင်က ဘယ်လောက်များ ငရဲ ကျခံ ခဲ့ရသလဲ ၎င်းတို့၏
ရုပ်ရည်သွင်ပြင်များဟာ အစာရေစာ ပြတ်လပ်ပြီး ပိန်ချုံးနေပြီ ဖြစ်ပါတယ်။ဗိုလ်မှူး အဆင့်ရှိသူ

အရာရှိတစ်ဦး ဆိုရင် ရင်ဘတ်မှာ ဓားဒဏ်ရာ တွေ နဲ့ သေဆုံးနေ နေတာ တွေ့ ရပါတယ်။
ရခိုင့်တပ်တော် နဲ့ ဓားချင်း ထိုးရအောင်ထိ အနီးကပ် တိုက်ခိုက်ခဲ့ကြတာမဟုတ် တဲ့ အတွက်
လက်နက်ချ မချ အငြင်းပွားရင်း ဓားနဲ့ထိုးခံရပြီး သေဆုံးခဲ့တာများလား စဉ်းစားမိပါတယ်။
အချို့ စစ်သားတွေ ဟာ မသေဆုံးမီဒဏ်ရာ တွေ ရရှိခဲ့ဟန်တူပြီး ရတဲ့ ဒဏ်ရာကို လည်း
ကုသစရာ ဆေးရှိပုံမပေါ်ပါဘူး။
လက်ဒဏ်ယာကြောင့် ဆေးမကုနိူင်ပဲ လက်ပုပ်နေသူ ၊ ခြေထောက်ပုပ်နေသူ တွေ
လည်းရှိပါတယ်။
အချို့စစ်သား တွေက သိမ်ထောက်ထက်မှ ခန္ဓာကိုယ်ကို လှိမ့်ချကာ
အသက်အဆုံးစီရင်ခဲ့ဟန်ရှိပါတယ်။ တောင်စောင်းတွေမှာ သေနတ် ဒဏ်ရာမရှိပဲ သေဆုံးလျှက်
တွေ့ရတာကြောင့် တိုက်ပွဲ သက်သက်သာမဟုတ် ၊ ရိက္ခာ ပြတ်တောက်ခြင်း ၊
ဆေးဝါးပြတ်တောက်ခြင်း နဲ့ အားအင်ချိနဲ့ ခြင်းတွေကို ရင်ဆိုင်ပြီး သေဆုံးခဲ့ကြ ရပုံပါပဲ။
ဒီစစ်သားတွေဟာ ထမင်းတောင်စားရ ပုံမရ ဆန်ပြုတ် ပြုတ်ထားတဲ့ အိုးတွေ လည်း ပြန့်ကျဲ ပြီး
.ခြောက်သရောင်းနေပါတယ်။
တစ်လခွဲ ကြာတဲ့ စစ်ပွဲ အတွင်းက ငရဲသား စစ်စစ်တွေ ဟာ ရိက္ခာ ပြတ်လတ်ပြီး သေအံမူးမူး
ဖြစ်ကာ သေဆုံးမယ့် အချိန်ကို စောင့်နေခဲ့ကြတယ်ဆိုတာအထင်အရှားဖြစ်ပါတယ်။
စစ်ကောင်စီ လေယာဉ်က ချပေးတဲ့ ရိက္ခာထောက်ပံမှုလည်း.သိမ်တောင်ပေါ်ကို
ရောက်ရှိခဲ့ပုံမရပါ။
အဆိုးဆုံး မှာမူ သောက်စရာရေပင် လုံလုံလောက်လောက် ရှိပုံမရပါ။ ရေကန်ရေအိုးတွေ ဟာ
ရေမရှိဘဲ ခြောက်ကပ်နေပါတယ်။အချို့အလောင်းတွေ ဆိုရင် ပုပ်ပွပြီး လောက်တောင်ကျနေပြီ
ဖြစ်ပါတယ်။
အချိန် တစ်လခွဲခန့်ကြာအောင် ဒုက္ခခံ နေခဲ့ပြီး ဒေသခံတွေ ရဲ့ အသက်အိုးအိမ် တွေ ကို ဖျက်စီးခဲ့
သလို သူတို့ကိုယ်တိုင် ငရဲ ခံနေရပုံက လည်း အော်ဂလီ ဆန်စရာ ကောင်းလှ
ပါတယ်။တစ်ချက်တစ်ချက် အပုပ်နံ့ တွေ တက်လာလို့
ကမန်းကတမ်း နဲ့ နှာခေါင်းကိုပိတ်လိုက်ရ သေးတယ်။
အရှင်လတ်လတ် ငရဲကျခံနေရပေမယ့် သူတို့ရဲ့ စစ်တပ်ဟာ စစ်ကူ မပေး တဲ့ အပြင် စခန်းကို ပါ
ဗုံးကျဲခဲ့ပါသေးတယ်။ လေကြောင်းက ပစ်ခတ်တဲ့ အခါ သူ့လူ ကိုယ့်လူမခွဲတော့ ပဲ အောက်မှာ
ရှိတဲ့ မဲမဲမြင်ရာကို ပစ်ခတ်ခဲ့ပုံလည်းရပါတယ်။

အသေခံတိုက်တဲ့ ရလဒ်ဟာ ငရဲကိုလည်း တစ်၀ ကြီး တွေ့မြင်ခံစား ခဲ့ရ ပါသေးတယ်။
ရခိုင်ဒေသ တိုက်ပွဲ တွေ မှာ တချို့ စခန်းကြီးတွေ ဟာ လနဲ့ ချီ ပြီး ခံနေတာဟာ စစ်ကောင် စီ
တပ်သား တွေ ရဲ့ တိုက်ရည် ခိုက်ရည်နဲ့ အင်အား ကြောင့်မဟုတ် မလွန်ဆန်ရဲ တဲ့
အထက်အမိန့်တွေ ကြောင့်သာ ဖြစ်တယ်ဆိုတာ လက်တွေ့ တွေ့မြင်ခဲ့ပါတယ်။
ရမ်းဗြဲမြို့ သိမ်တောင်စခန်းကုန်း ပေါ်က ဒီမြင်ကွင်းကို မြင်တွေ့ရချိန်မှာ
စစ်ကောင်စီတပ်သားတွေ ဟာ ရန်သူပင် ဖြစ်လင့်ကစား စာနာစိတ်ဝင်မိပါတယ်။
အောက်ခြေမှာ ခုခံတိုက်ခိုက်နေရတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ကူကယ်ရာမဲ့တဲ့အခြေ အနေ
ကို လစ်လျှူရှုထားနိုင်တဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စု ဆီမှာ
တာဝန်ထမ်းဆောင်မိတဲ့ တပ်သားတွေကိုလည်း လူသားချင်းစာနာမိပါတယ်။
ရခိုင် ဒေသ လူထု အပေါ် ကျူး လွန်ထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့
စစ်ဝဋ်ကြွေးနိဂုံး တွေ ကို အဆုံးသတ်ဖို့ ငရဲ ခန်းက ခုခံနေရတယ်ဆိုတာ ရမ်းဗြဲ သိမ်တောင် ငရဲ
ခန်းထက်က ငရဲ သား တွေ ကို ကြည့်ရင်း သဘောပေါက် မိပါတော့တယ်။
စစ်ကောင်စီ တပ်သားတွေရဲ့ အင်အားချိနဲ့ ပုံ ၊ စစ်ကောင်စီရဲ့ စစ်ကူ၊ ရိက္ခာ၊ ဆေးဝါး မထောက်ပံ့
နိုင်ပုံတွေနဲ့ ရခိုင့်တပ်တော်က တချီပြီး တချီ တက်လာတဲ့ ထိုးစစ် အရှိန် တို့ ထိပ်တိုက် တွေ့မယ့်
နောက်ထပ် တိုက်ပွဲတွေမှာ ကိုယ့်အသက် ကိုယ် ကို နှမျော ပြီး အသက်ကို ဉာဏ်စောင့် ပြီး
လက်နက်ချ အလံဖြူထောင်မှ သာ ဒီလို ငရဲခန်း တွေ လျော့နည်းမယ်ထင်ပါတယ်။
စောဝင်း(ရမ္မာမြီ) ပေးပို့သည်။
ဒေသခံ ပေးပို့သော ရမ်းဗြဲသိမ်တောင် စခန်းကုန်း အခြေအနေ မြင်ကွင်း ဖြစ်ပါသည်။

Shine Bu Chay

Shine Bu Chay is Photographer, Photo and Video Journalist, Music Producer, Graphic Desginer, Video Editor and Web Developer. He Developed many News Agency Sites and taked many Photos around in Myanmar.

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *