Laywaddy FM

ဘူးသီးတောင်မြို့တွင် အိမ် (၅၀)ခန့် မီးရှို့ခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း
ဦးအောင်သောင်းရွှေ နေအိမ်အပါအဝင် အိမ် (၅၀) ခန့် မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
“ဒေရုံးနဲ့ ဒေအိမ်ကိုမီးတိုက်ပြိုပျက်လားကေလည်း ဒေလုပ်ရပ်တိကတော့
သမိုင်းမှတ်တမ်းတိယာယေ” (မြန်မာလို \”ဒီရုံးနဲ့ ဒီအိမ်ကို မီးရှို့ လို့ ပြိုပျက်သွားပေမယ့်
ဒီလုပ်ရပ်တွေကတော့ သမိုင်းမှတ်တမ်းတွေပါဘဲ” လို့ ဦးအောင်သောင်းရွှေက သူ့ရဲ့
လူမှုကွန်ရက်တွင် ရေးသားထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေ နေအိမ် အပါအဝင် အိမ်(၅၀) ခန့် ကို
ဧပြီ ၁၄ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီမှ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင် တချို့မှ
မီးရှို့ခြင်းဖြစ်တယ်လို့ ဦးအောင်သောင်းရွှေက ဆိုပါတယ်။
မီးရှို့ခံရသော နေအိမ်များမှာ ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက် အနောက်ကွင်းတွင်
တည်ရှိပြီး အမှတ်(၅) ရပ်ကွက် ရွှေကျင်ဘုန်းတော်ကြီးကျောင်းအနီးထိ ဖြစ်တယ်လို့
သိရပါတယ်။
ဧပြီ ၁၄ ရက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက်အနောက်ကွင်းရှိ
အခြေခံပညာအထက်တန်း ကျောင်းနားတွင် မွတ်ဆလင်လူမျိုးများက AA အလိုမရှိကြောင်း
တတိယအကြိမ် ဆန္ဒ ထုတ်ဖော်မှု အပြီးတွင် မီးရှို့ခဲ့ခြင်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စည်းရုံးမှုကြောင့် ဘူးသီးတောင်မြို့ရှိ မွတ်ဆလင် ၅၀၀ ကျော်သည် ပြီးခဲ့သည့်
မတ်လ ၁၉ ရက်က ပထမအကြိမ် နှင့် မတ်လ ၂၀ ရက်နေ့ က ဒုတိယအကြိမ် အဖြစ် မြို့ပေါ်တွင့်
လှည့်လည်ကာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်း မြိုလုံးကျွတ်
ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
\”မူဆလင်အားလုံး အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းတာတော့ မဟုတ်ပါဘူး။
သမာသမတ်ရှိတဲ့ မူဆလင်ဘာသာရေးခေါင်းဆောင်တွေအနေနှင့် အမှန်တရားကိုပြောပြီးတော့
သူတို့ မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်\” လို့
အာရက္ခတပ်တော်ရဲ့ ပြေရေးဆိုခွင့်ရှိသူ ဦးခိုင်သူခက ဆိုပါတယ်။
အာရက္ခတပ်တော်အနေနှင့် အယင်ရပ်တည်ချက်အတိုင်းပါဘဲ အပြစ်မဲ့ပြည်သူတွေကို
လုံးဝအကာအကွယ်ပေးသွားမှာဖြစ်ပြီး အပြစ်ရှိသည့် မည်သူ့ကိုမဆို အရေးယူသွားမှာဖြစ်သလို

စစ်ပွဲကာလမှာတော့ စစ်ကာလနှင့်အညီ လိုအပ်ရင်လိုအပ်သလို
ပြတ်ပြတ်သားသားတုံ့ပြန်လုပ်ဆောင်သွားမှာလို့ ဦးခိုင်သုခက ဆိုထားပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *