Laywaddy FM

ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေး လွတ်ငြိမ်းဖြင့် ပြန်လွတ်လာ

စစ်ကောင်စီရဲ့ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ
ဒေါ်ညိုအေး ပြန်လည် လွတ်မြောက်လာကြောင်း သိရပါတယ်။
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးသည် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၃ရက်က
ကျရောက်သည့် ၅၆နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ ဝမ်းနည်း အောက်မေ့ဖွယ်
အခမ်းအနားသို့ တက်ရောက်မှုကြောင့် မတရားဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရခြင်း
ဖြစ်ပါတယ်။
\”‌ဒေါ်ညိုအေး လွတ်လာတယ် မှန်ပါတယ်။ စစ်တွေထောင်က ၄၀ လောက် လွတ်တယ်
ကြားပါတယ်\” လို့ စစ်တွေ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒေါ်ညိုအေးသည် ဖမ်းဆီးခံရပြီး ၈ လ အကြာ တရားရင်ဆိုင်ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ ၁၈
ရက် က စစ်တွေမြို့နယ် တရားရုံးမှ နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ဥပဒေပုဒ်မှ ၅၀၅ (ခ)ဖြင့်
ထောင်ဒဏ် ၂နှစ်ချက်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ တွင် စစ်ကောင်စီက နိုင်ငံတဝန်းရှိ
အကျဥ်းထောင်များ၊ အချုပ်ထောင်းများ နှင့် စခန်းအသီးသီးမှ ပစ်ဒဏ်ကျခံလျက်ရှိသည့်
အကျဥ်းသား ၃၃၀၃ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *