ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ကို အချုပ်ထောင်တွေမှာ ထားရှိရာက နေ
အကျယ်ချုပ်ထားရှိဖို့ ပြောင်းရွှေ့လိုက်သလို ၊ အကျဉ်းသား ၃၀၀၀ ကျော်ကိုလည်း နှစ်ဆန်း ၁
ရက် နေ့မှာ ပြန်လွှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
မြန်မာ့ နှစ်သစ်ကူးမှာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပြီး နိုင်ငံရေး အရ သူကောင်းဘွဲ့ခံ
အမြတ်ထုတ်တဲ့ အလေ့အထ လည်း နှစ်တိုင်းမှာ အစိုးရတိုင်းက ပြုလုပ်နေကျဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းစဉ် ကာလ က မတရားဖမ်းဆီးထားတဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ကို အကျဉ်းထောင်မှာထားရှိရာက
နေအိမ်အကျယ်ချုပ်ကို ပြောင်းလဲထားရှိပေမယ် လို့ ပြည်တွင်းမီဒီယာတွေကို
အသိပေးခဲ့တာဖြစ်ပါတယ်။
ဒီသတင်းအချက်အလက် အရ ဘယ်နေရာကို ပြောင်းရွှေ့ထားမယ်ဆိုတာ ဖော်ခြင်းမရှိသလို ၊
အမှန်တကယ် ပြောင်းရွှေ့ကြောင်း ခိုင်လုံတဲ့ သက်သေတွေလည်းမရှိသေးပါဘူး။