Laywaddy FM

Arakan Army ကို Arakan Drug Army ဟု စစ်ကောင်စီ သုံးနှုန်း

အာရက္ခတပ်တော် Arakan Army ကို Arakan Drug Army လို့ စစ်ကောင်စီ ရဲ့
သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က သုံးနှုန်းလိုက်တာဖြစ်ပါတယ်။
\”AA မဟုတ်ပါဘူး။ ADA ပါ။ Arakan Drug Army ဖြစ်ပါတယ်။ သူတို့ရဲ့
အဓိကစီးပွားရေးလုပ်ငန်းသည် မူးယစ်ဆေးဝါး သယ်ယူ/ပို့ဆောင် နေတဲ့ လုပ်ငန်းဖြစ်ပါတယ်\”
လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ထပ်မံပြီး သူက ရန်ကုန်မှာ မိလိုက်ရင်လည်း AA အဖွဲ့နဲ့ ပတ်သက်နေတာပဲ။ မန္တလေးမှာ
မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စိတ်ကြွဆေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့
ဖမ်းဆီးဖော်ထုတ်ရမိရင်လည်း AA နဲ့ ပတ်သက်နေတာပဲ ဖြစ်ပါတယ် လို့ ဆိုပါတယ်။
အထက်ပါ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်တွေဒေသခံတစ်ဦးက \”သူတို့က အဲလိုပဲ
ဝါဒဖြန့်နေတာ။ ကျန်တာ မကြည့်နဲ့ ပရဟိတလုပ်ပြီး တိုက်ပွဲရှောင်တွေကို ကူညီနေတဲ့ မေယုထွန်း
ကိုလည်း မူးယစ်ဆေး ကုန်ကူးတယ်ဆိုပြီး သူတို့ သတင်းစာမှာ ထည့်ကြေညာသေးတာပဲ။ သူတို့
ဘာပြောပြော အယုံအကြည်ကို မရှိဘူး\” လို့ ပြောပါတယ်။
၎င်းက ကျနော်တို့ မြေပြင်မှာ လက်တွေ့ ကြုံနေရတာက စစ်ကောင်စီက စစ်သားတွေ
အတင်းစုဆောင်းတယ်။ ရခိုင် နဲ့ မူဆလင် တွေကို ရန်တိုက်တယ်။ သူတို့စာမျက်နှာမှာကျတော့
သူတို့က သူတော်ကောင်းတွေ AA လူဆိုးတွေ လုပ်တယ်။ ဒါကို ရခိုင်လူထုက နောကျေနေပါပြီ လို့
ဆိုပါတယ်။

Shine Bu Chay

Related Posts

6 thoughts on “Arakan Army ကို Arakan Drug Army ဟု စစ်ကောင်စီ သုံးနှုန်း

Leave a Reply

Your email address will not be published. Required fields are marked *