Laywaddy FM

စစ်တွေတွင် မူဆလင်ကလေးငယ် ၈၀ကျော် ဝမ်းလျောကာ သေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်း နှင့် ကျေးရွာများမှ မူဆလင်ကလေးငယ် ၈၀
ကျော်သည် ဝမ်းပျက်/ဝမ်းလျော ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။
\”ဒီလဆန်းလောက်ကတည်းက စဖြစ်တာ။ ဆေးဝါးက မရှိ။ အဲတော့ ဝမ်းလျောပြီး
ရောဂါဒဏ်မခံနိုင်တဲ့ ကလေးငယ်နဲ့ သက်ကြီးရွယ်အို ၈၀ ကျော် သေတယ်။ အခုထိ
ဖြစ်နေသူတွေ ရှိတုန်းပဲ။ သေစာရင်းက ဒီထပ် ပိုများနိုင်တယ်\” လို့ စစ်တွေမြို့မှ
ကူညီလုပ်ကိုင်ပေးနေသူ မူဆလင်လူငယ်တစ်ဦးက ဆိုပါတယ်။
ဝမ်းပျက်/ဝမ်းလျော ဖြစ်ပေါ်နေသော နေရာများမှာ ဆေးသမားဒုက္ခသည်စခန်း၊
အုန်းတောကြီးဒုက္ခသည်စခန်း၊ ဒါးပိုင်ကျေးရွာ၊ ဘာဆာကျေးရွာ၊ သက္ကယ်ပြင် နှင့် ဘုမေ တို့
ဖြစ်ကြောင်း သိရပါတယ်။
\”ဆေးခန်းတစ်ခါပြရင် နှစ်သိန်းလောက်ကုန်မှ ပြလို့ရတာ။ အဲတော့ မပြနိုင်တော့
အသေခံနေရတဲ့ သဘောလည်း ဖြစ်နေတယ်။ ဆေးဝယ်သောက်ရအောင်ကျလည်း လုံးဝကို
ဝယ်မရဘူး\” လို့ ဘုမေဒေသခံတစ်ဦးက ပြောပါတယ်။
အထက်ပါကဲ့သို့ သေဆုံးရခြင်းမှာ စစ်ကောင်စီမှ အသွားအလာများကန့်သတ်ထားခြင်း၊
ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားခြင်း နှင့် ဆေးခန်းများကိုလည်း သူတို့သတ်မှတ်ထားသည့်
နေရာတွင်သာ ပြသရခြင်းကြောင့် သေဆုံးမှုမှာ များပြားခြင်း ဖြစ်ကြောင်း သိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *