လေးဝတီ FM (၁၉၊ သြဂုတ်၊ ၂၀၂၄)
ရခိုင်ပြည် ဂွမြို့နယ်မှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး ဂွမြို့နယ် မကျဆုံးစေရေးအတွက် ဧရာ၀တီတိုင်းရဲ့ အနောက်တောင်တိုင်း စစ်ဌာန ချုပ်က ကြည်းတပ် ၊ ရေတပ် ၊ လေတပ် အင်အားတွေနဲ့ အသည်းအသံ ခုခံ ကာကွယ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ အထိုင်ချတဲ့ အနောက်တောင် တိုင်းစစ်ဌာချုပ် (ပုသိမ်) ကနေပြီး စစ်အင်အား အများအပြား ဖြည့်တင်းထားသလို
တင့်ကား၊ ကမ်းထိုးယာဥ် နှင့် ဂျက်ဖိုက်တာ စတဲ့ စစ်ဘက်ဆိုင်ရာ အသုံးပြုတဲ့ ယာဉ်မျိုးစုံနဲ့ ခုခံ နေတယ်လို့ ဆိုပါတယ်။
“ကုလားပြင် (ရတနာမြိုင်) ကနေ တင့်ကားနဲ့ ထုနေတယ်။ ပုသိမ်ကနေ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတယ်။ ရေကျော်ဘက်မှာ ကမ်းထိုးယာဥ်ရှိတယ်။ အဲကလည်း ပစ်တယ်” လို့ ဂွမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။
ရေတပ် လေတပ် အမြှောက် တပ်တွေနဲ့ ခုခံတဲ့နေရာမှာ ကျိန္တလီ မြို့ ကို ပစ်မှတ်ထား ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ အတွက် ဒေသတွင်းမှာ အရပ်သားသေဆုံးမှုတွေလည်း မြင့်တက်လာနေတာဖြစ်ပါတယ်။
“မနေ့ညနေဘက်ကတော့ ကျောက်ပါးစပ် နဲ့ ဆားချက်ကြား က ရာဘာခြံတောင် နဲ့ ဒိုးတန်းတောင်ကြောမှာတော့ တိုက်ပွဲဖြစ်နေတယ်။ ကုလားပြင်မှာ တပ်စွဲထားတဲ့ စစ်သားတွေက ကျောက်ပါးစပ်ဘက်ကို လက်နက်ကြီးနဲ့ ပစ်တယ်၊ ဂွဘက်ကလည်း လှမ်းပစ်တယ်” လို့ ကျိန္တလီမြို့မှာ စစ်ရှောင်နေသူတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီသည် ဂွမြို့နယ် မကျစေရေးအတွက် ကုလားပြင် (ရတနာမြိုင်) ၊ ကြွေချိုင်၊ ဆပ်သွား၊ ကမ်းသာယာ နှင့် ဂွမြို့ထဲတွင် တပ်စွဲကာ စစ်အင်အားဖြည့်တင်းပြီး ခုခံနေကြောင်း သိရပါတယ်။
ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တိုက်ပွဲတွင် ပိတ်မိနေသော ဒေသခံပြည်သူများကို အာရက္ခတပ်တော်မှ ကယ်ထုတ်ထားပြီး သြဂုတ်လ ၁၅ရက်က စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကျဲမှုကြောင့် ခရစ်ယာဥ်ဘုရားရှိခိုးကျောင်း ပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။
заклепка вытяжная 8 мм заклепка вытяжная
Получите актуальную ссылка на маркетплейс кракен здесь с ежедневными обновлениями
дизайн дома внутри дизайн домов и коттеджей
стили дизайна квартир дизайн проект 2 х комнатной
полотенцесушитель с полкой купить полотенцесушитель водяной
косметология официальный сайт студия косметологии