Laywaddy FM

တောင်ကုတ်မြို့ အနီးဝန်းကျင်ကို စစ်ကောင်စီ လေကြောင်းက နေ့စဉ် တိုက်ခိုက်နေ ဒေသခံတွေမြို့ကို စွန့်ခွာလာကြ

တောင်ကုတ်မြို့ အနီးဝန်းကျင်ကို စစ်ကောင်စီ လေကြောင်းက နေ့စဉ် တိုက်ခိုက်နေ ဒေသခံတွေမြို့ကို စွန့်ခွာလာကြ

ကိုရဲ
လေးဝတီ FM (၂၂၊ သြဂုတ်၊ ၂၀၂၄)

ရခိုင်ပြည် တောင်ကုတ်မြို့ အနီးကို ဒီကနေ့ နေ့လည် ပိုင်းက စစ်ကောင်စီက ဂျက်တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။

တိုက်လေယာဥ် သုံးစီးနဲ့ မြို့ပတ်ဝန်းကျင်ကို ဝဲပြီးတော့ အရင်က ဗုံးကျဖူးတဲ့ မိုးတောင် နဲ့ မီးချောင်းထိုးဘက်ကို ချသွားတယ်” လို့ တောင်ကုတ်ဒေသခံတစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။

စစ်ကောင်စီက မြို့ ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေသလို တောင်ကုတ်မြို့ အပြင်ဘက်ကိုရောက်နေတဲ့ သူတွေကိုလည်း မြို့ထဲ ဝင်ခွင့်မပေးတော့ဘဲ ကန့်သတ်လိုက်တယ်လို့ဆိုပါတယ်။

ရိုးလမ်းပေါ်ပိတ်တယ် ၊ အခု ထွက်ခွင့်ရတုန်း ထွက်ဖို့ပြင်နေတယ်၊ ပြည်မှာလည်း ၁၁/ တွေ အဆင်မပြေ” လို့ ဒေသခံတစ်ဉီး က ပြောပါတယ်။

တောင်ကုတ်ဒေသခံအများစု ဟာ မြို့ထဲမှာပိတ်မိနေကြပြီး မြို့တွင်းက လူနေ အဆောက်အဉီတွေ ကို လည်း စစ်ကောင်စီက ကာကင်းအဖြစ် နေရာယူထားတာဖြစ်ပါတယ်။

တောင်ကုတ်ကို ဝင်ခွင့်ကို မပေးတော့ဘူး။ ထွက်ခွင့် တော့ရတယ်။ စစ်တပ်က ထောက်ခံစာယူပြီး သွားလို့ရတယ် ” လို့ နောက်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

သြဂုတ်လ ၁၆ရက် ညနေပိုင်းကလည်း စစ်ကောင်စီရဲ့ တိုက်လေယာဥ်နဲ့ ဗုံးကြဲ မှုကြောင့် တောင်ကုတ်မြို့နယ်က မိုးတောင်ပညာဒါန ဘုန်းတော်ကြီးကျောင်းကို ဗုံးကျခဲ့သဖြင့် ဦးဇင်းတစ်ပါး ဒဏ်ရာရရှိခဲ့ပြီး ကျောင်းဆောင်အချို့ ပျက်စီးခဲ့ပါတယ်။

အလားတူ ဇူလိုင်လ ၄ရက်ကလည်း စစ်ကောင်စီရဲ့ လေယာဥ်ဗုံးကြဲမှုကြောင့် တောင်ကုတ်မြို့ မှ ၂၅မိုင်အကွာတွင် တည်ရှိသော ပေါက်အင်းရွာဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ပါတယ်။

လတ်တလောမှာ တောင်ကုတ်မြို့ ပေါ်ရပ်ကွက် တွေကို စစ်ကောင်စီက ထိမ်းချုပ်ထားပြီး မြို့ အနီးမှာ တောင်ကုတ်-ပြည် ကားလမ်း၊ တောင်ကုတ်-မအီ ကားလမ်း၊ တောင်ကုတ်-သံတွဲ ကားလမ်း နှင့် သင်္ဘောဆိပ် တို့ကို သွားလာခွင့် ပိတ်ထားပြီး သံတွဲဘက်သို့သာ သွားခွင့်ပြုနေပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *