ယနေ့ Thursday, 12th December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

သံတွဲရေတပ်ကျသွားပြီလို့ဆို ရေတပ်အနီးက မော်ရုံကျေးရွာကို လေကြောင်းက တိုက်ခိုက် လူ ၃၀ ထက်မနည်းသေဆုံးခဲ့

သံတွဲရေတပ်ကျသွားပြီလို့ဆို ရေတပ်အနီးက မော်ရုံကျေးရွာကို လေကြောင်းက တိုက်ခိုက် လူ ၃၀ ထက်မနည်းသေဆုံးခဲ့

လေးဝတီFM (၂၈ ၊ ဩဂုတ် ၊ ၂၀၂၄ )

ရခိုင်ပြည်နယ် သံတွဲမြို့ ကွင်းဝိုင်းကျေးရွာမှာ အခြေစိုက်ထားတဲ့ ‌ရေတပ် စခန်း ကို အာရက္ခတပ်တော် က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေပြီး အဲ့ဒီရေတပ်က အရာရှိတွေ စခန်းကို စွန့်ခွာသွားကြပြီလို့ ဒေသ ခံ သတင်းရင်းမြစ်ကပြောပါတယ်။

စစ်ကောင်စီ ရေတပ်ကို အာရက္ခတပ်တော် AA က ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရေတပ်ဌာနချုပ် အနီး ပေါက်ကွဲခဲ့လို့ အရာရှိအပါအဝင် ၅ ဉီးထက်မနည်းသေဆုံးခဲ့ပြီးတဲ့နောက်မှာ အဲ့ဒီတပ်က စစ်ကောင်စီတပ်သားတွေ ဟာ ကစဉ့်ကလျားထွက်ပြေးနေကြတယ်လို့လည်း ဆိုပါတယ်။

အလံဖြူထောင်ခဲ့ပြီးထွက်ပြေးတယ်တဲ့ ၊ တော်တော်များများ က တောင်ပေါ်တက်ပြေးသွားကြတယ်၊ အဲ့ ကောင်တွေကို နောက်က လိုက်ဖမ်းနေကြတယ် တောထဲမှာ ပစ်သံခတ်သံတွေ ကြားရတယ် ၊ ရွာသူရွာသားတွေက လယ်တွေ ကိုင်းတွေထဲ မသွားရဲကြ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းရင်းမြစ်တွေ အရ မော်ရုံကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ ‌ထက်မနည်းသေဆုံးခဲ့တယ်လို့ လေးဝတီFM က စုံစမ်းသိရှိရပါတယ်။

တအားပြင်းပြင်းထန်ထန်ဖြစ်တာ တစ်ပတ်လောက်ရှိပြီး နေ့ရောညရော ဖြစ်နေတာ လေယာဉ်လည်း ခဏခဏ လာတယ်၊ ချသွားတယ်၊ ဒီဘက်ကမ်းက အတိုင်းသားမြင်ရတယ်၊ လူ တွေ ကောင်းသေတယ် ” လို့ ဒေသခံတစ်ဉီး ပြောပါတယ်။

စစ်ကောင်စီဟာ ရေတပ်စခန်းမကျရေးအတွက် လေကြောင်းက ပစ်ကူပေးတဲ့နေရာမှာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက် နေတာလည်းဖြစ်ပါတယ်။

ငပလီကမ်းခြေ က ‌နောက်ဆုံးခုခံနေတဲ့ ဂျိတ္တောကျေးရွာက စစ်ကောင်စီတပ်တွေလည်း အဲ့ဒီနေရာကို စွန့်ခွာထွက်ပြေးသွားပြီဖြစ်တဲ့အတွက် ငပလီကမ်းခြေ တကြောမှာ ရှိတဲ့ မြပြင် ၊ လင်းသာ ၊ ဂျိတ္တော ၊ ဇီးဖြူကုန်း ၊ မဇင် ၊ ဂေါ့ စတဲ့ ကမ်းမြှောင်တစ်ခုလုံး နဲ့ ဟိုတယ် ဇုံတစ်ခု လုံးကို AA က ထိမ်းချုပ်နိုင်ထားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ – ပုံဟောင်း (မောရဝတီ စခန်းကို AA သိမ်းပိုက်ခဲ့စဉ်)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *