Laywaddy FM

တရုတ်ဖိအားကြောင့် ကျောက်ဖြူတိုက်ပွဲများ ပိုမိုပြင်းထန်လာ

တရုတ်ဖိအားကြောင့် ကျောက်ဖြူတိုက်ပွဲများ ပိုမိုပြင်းထန်လာ

တရုတ်က သူ့စီမံကိန်း အကောင်အထည်ဖော်မှုတွေ မထိခိုက်ဖို့ စစ်ကောင်စီကို ဖိအားပေးပြီးနောက်ပိုင်း ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရရှိပါတယ်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ တရုတ်သမ္မတနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ ဘေးကင်းလုံခြုံမှုရှိစေဖို့ အာမခံချက်ပေးခဲ့ရတာဖြစ်ပါတယ်။

မေလ ၁၀ ရက် ညပိုင်းမှာ စစ်ကောင်စီရဲ့ အင်အား ၂၀၀ ကျော် စစ်ကြောင်းတစ်ခုဟာ မလကျွန်းရွာနဲ့ လိပ်ခမော်ကျေးရွာအနီး ကို ထိုးစစ်ဆင်လာပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

“ဒီရက်ထဲမှာ ရန်ကုန်ဘက်ကနေ သဘေ်ာနဲ့ အင်အား ၂၀၀ လောက်လာတယ် သစ်ပုတ်တောင်ကိုတင်တယ်၊ အဲ့ကနေ ရှေ့တန်းကိုပို့တယ်။”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ လ က စစ်ကောင်စီဘက်က ပို့လွှတ်ခဲ့တဲ့ စစ်ကြောင်းတွေ ဟာ အကျအဆုံးများပြီး ၊ ထွက်ပြေး သူတွေလည်းရှိနေ ပါတယ်။ စစ်ကောင်စီဘက်ကတော့ အင်အားတွေကို အလုံးအရင်းနဲ့ ထပ်မံပို့နေပြီး
ပြည့်သူ့ စစ်အများအပြားကို အသုံးပြုနေတာ လို့ ဆိုပါတယ်။

ကျောက်ဖြူ စစ်မျက်နှာပြင်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး လေကြောင်း က လည်းအင်အားသုံးပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

“တအုန်းအုန်းနဲ့ ချနေကြတာပဲ အထိအခိုက် တွေ ကိုတော့ မသိရသေးဘူး “ လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်ဖြူ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရေတပ်လက်နက်ကြီးများ ၊ အသေခံဒရုန်းများ အပြင် ခြေလျှင်တပ်တွေကိုလည်း အင်အားရာနဲ့ချီပြီး ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။
စီမံကိန်းလုံခြုံရေး အကြောင်းပြပြီး ရောက်ရှိနေတဲ့ တရုတ်လုံခြုံရေးတပ်တွေဟာ လည်း စစ်ကောင်စီဘက်က ဒရုန်း နည်းပညာတွေကို ပံ့ပိုးပေးနေတယ်လို့ လေးဝတီ FM က သိရှိထားပါတယ်။

တိုက်ပွဲဧရိယာ ဟာ ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံကိန်း ဧရိယာထဲမှာ ပြင်းထန်နေတာဖြစ်ပြီး ၊ အဲ့ဒီ ဧရိယာထဲက ကျေးရွာအများစု ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဉ္စနလီညှင်း ၊ လေး၀တီFM

Kay Zue

Related Posts

22 thoughts on “တရုတ်ဖိအားကြောင့် ကျောက်ဖြူတိုက်ပွဲများ ပိုမိုပြင်းထန်လာ

  1. I encountered your site after doing a search for new contesting using Google, and decided to stick around and read more of your articles. Thanks for posting, I have your site bookmarked now.

  2. I’ve been surfing online more than 3 hours today, yet I never found any interesting article like yours. It’s pretty worth enough for me. In my view, if all web owners and bloggers made good content as you did, the net will be much more useful than ever before.

  3. Thank you, I have just been searching for information about this topic for ages and yours is the greatest I’ve discovered till now. But, what about the conclusion? Are you sure about the source?

  4. Have you given any kind of thought at all with converting your current web-site into French? I know a couple of of translaters here that will would certainly help you do it for no cost if you want to get in touch with me personally.

  5. I think it is a nice point of view. I most often meet people who rather say what they suppose others want to hear. Good and well written! I will come back to your site for sure!

  6. Nice blog here! Also your web site loads up very fast! What host are you using? Can I get your affiliate link to your host? I wish my web site loaded up as fast as yours lol

  7. I appreciate, cause I found just what I was looking for. You’ve ended my four day long hunt! God Bless you man. Have a great day. Bye -.

Leave a Reply

Your email address will not be published. Required fields are marked *