ယနေ့ Sunday, 1st December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

တောင်ကုတ်တန်းလွဲရွာမကို သန်းခေါင်ယံ အချိန် လေကြောင်းကတိုက်ခိုက် ကလေးလူကြီး ၁၅ ဦးသေဆုံး

တောင်ကုတ်တန်းလွဲရွာမကို သန်းခေါင်ယံ အချိန် လေကြောင်းကတိုက်ခိုက် ကလေးလူကြီး ၁၅ ဦးသေ

ဖိုးလပြည့် (လေးဝတီ FM )

တောင်ကုတ်မြို့အနီးက တန်းလွဲရွာမကျေးရွာကို မနေ့ည သန်းခေါင်ယံအချိန်က လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ အတွက် အရပ်သား ကလေး ၊ လူကြီး ၁၅ ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦီးသိရပါတယ်။

တောင်ကုတ်မြို့နဲ့ အမ်းမြို့ကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မနေ့ညက အမ်းမြို့နယ်ထဲက မဲတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်က AA က သိမ်းပိုက်ပြီးချိန်မှာ စစ်ကောင်စီက အနီးတဝိုက်က ကျေးရွာတွေကို လေကြောင်းကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“‌ဈေးတန်းတစ်တန်းလုံး ပြိုသွားတယ် ရွာပျက်သွားသလိုဖြစ်သွားတယ်။ တရွာလုံး ပွတ်ပွတ်ညံသွားတာပဲ ၊ ၁၅ ယောက်သေတယ် ပျောက်တဲ့ လူတွေလည်း ပျောက်နေတုန်း ” လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

အခုဗုံးကြဲခံရတဲ့ ‌ရွာမ ကျေးရွာဟာ စက်တင်ဘာ ၂၄ ရက်က တစ်ကြိမ် အခုလို ညအချိန်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံ ခဲ့ရပါတယ်။

တောင်ကုတ်မြို့နဲ့ အမ်းမြို့ကြားက ကျေးရွာတွေဟာ အခုလို ညအချိန်ဆို လေကြောင်းက လာတိုက်ခိုက်တာကို တစ်ပတ်အတွင်း သုံးကြိမ်ထက်မနည်း ခံနေရတာဖြစ်ပါတယ်။

အောက်တိုဘာ ၃ ရက်က လည်း တောင်ကုတ်မြို့ ကင်းတောင်ကျေးရွာကို အခုလို ကြောင်း က တိုက်ခိုက်ခဲ့ပြီး အရပ်သား ၄ ဦးသေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ- အွန်လိုင်း

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *