Laywaddy FM

အမ်းနပခ ဌာနချုပ် ထဲ လေကြောင်းက လာချတဲ့ ရိက္ခာအမြောက်အများ AA ထပ်မံ ရရှိ

အမ်းနပခ ဌာနချုပ် ထဲ လေကြောင်းက လာချတဲ့ ရိက္ခာအမြောက်အများ AA ထပ်မံ ရရှိ

အမ်းနပခဌာနချုပ် ထဲ မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေ အတွက် စစ်ကူနဲ့ ရိက္ခာတွေကို လေကြောင်းက နေ့ရောညပါ ပို့ဆောင်နေ ပြီး အဲ့ဒီ ရိက္ခာတွေ တွေကို AA က ထပ်မံသိမ်းဆည်း ရရှိတယ်လို့ သိရပါတယ်။

အမ်းနပခဌာနချုပ်ထဲမှာ စစ်ကောင်စီ ပူးပေါင်းတပ်တွေ ဟာ စုပေါင်း ခံစစ်ပြင် ထားပြီး အင်အား

ရာနဲ့ချီပြီး ရှိသေးတဲ့ အတွက် အဲ့ဒီတပ်ဖွဲ့တွေ အတွက် ရိက္ခာတွေကို လေကြောင်းကနေ နေ့စဉ်ပို့ဆောင်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“နိုဝင်ဘာ ၂၇၊၂၈ ရက်နေ့က ညနေ က စပြီး ညဉ့်၁၁ နာရီထိလာချပေးတယ်။ ရိက္ခာထုပ်တွေမှာမီးသီးတွေတပ်ထားတယ်။နပခဌာနချုပ်ကွင်းထဲလည်းကျတယ် ၊ အပြင်လည်းကျတယ်။ အပြင်က အထုတ်တွေတော့ သူတို့ မကောက်ရဲဘူး။ ထွက်ကောက်တဲ့ လူကို စနိုက်ဘာနဲ့ ပစ်တာ လေးယောက်ထိထားတယ်၊ ဒီဘက်က အထုတ်တွေ ကို တော့ အကုန် AA က သိမ်းတယ် သူတို့ ဌာနချုပ်ထဲက တစ်လှမ်းမှ အပြင်ထွက်လို့မရဘူး အဲ့ အထဲမှာ ပဲ စုနေကြတယ် ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီရိက္ခာထုတ်တွေဟာ အမျိုးအစားလိုက် အစားအသောက်များ ၊ အရက်ပျံ ၊ ဆေးဝါး နဲ့ ကျည်ဆံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နပခ ထဲကို လာပို့တဲ့ ရိက္ခာတွေကို အခုလိုမျိုး သိမ်းဆည်းရရှိခဲ့ပါသေးတယ်။ နိုဝင်ဘာ ၂၇ ၊ ၂၈ ရက်တွေမှာ လည်း စစ်ကောင်စီရဲ့ ရိက္ခာ နဲ့ လက်နက်တွေကို အာရက္ခတပ်တော်က ထပ်မံသိမ်းယူခဲ့တာဖြစ်ပါတယ်။

နပခ ဌာနချုပ်ရဲ့ ရိက္ခာနဲ့ ထောက်ပို့ စခန်း ၊အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ် ကို အာရက္ခတပ်တော်က နိုဝင်ဘာ ၁၅ ရက်ကတည်းက ပဲ အပြီးသတ်သိမ်းပိုက်ထားတယ်လို့ လေးဝတီ fm က သတင်းရရှိထားပါတယ်။

ဒါအပြင် အဲ့ဒီ ထောက်ပို့ တပ်ကို သိမ်းပိုက်တဲ့ အချိန်မှာ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံရပြီး ရိက္ခာ ဂိုဒေါင်လည်း မီးလောင်ပေါက်ကွဲခဲ့ ပါတယ်။

လတ်တလောမှာ နပခ ဌာနချုပ်ထဲက လက်ကျန်ခုခံနေတဲ့ အဖွဲ့တွေဟာ စားနပ်ရိက္ခာပြတ်လတ်လာတဲ့ အခြေအနေကိုလည်းကြုံနေရတဲ့ အခြေအနေမျိုးရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

” စစ်ကူတွေကိုလည်း ဌာနချုပ်ထဲဲကို ပို့တယ်၊ စနိုက်ဘာ သမားတွေ လို့ သိရတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ မောင်တောမှာရှိတဲ့ စကခ (၅) လို ပတ်လည်ကနေ ပိတ်ဆို့ တိုက်ခိုက်တာကိုခံနေရတာဖြစ်ပါတယ်။

နပခ ဌာနချုပ်ထဲမှာ အမည်စာရင်းအားဖြင့် အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ ၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း ၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း ၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ တို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ စစ်ကူ စစ်ကြောင်းတွေကို ပို့လွှတ်ထားပြီီးအဲ့ဒီ စစ်ကြောင်းတွေဟာ အမ်း ရိုးမ ထဲမှာ ကြားဖြတ်တိုက်ခိုက်ခံနေရ တာဖြစ်ပါတယ်။

အမ်းချောင်းသူ (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

24 thoughts on “အမ်းနပခ ဌာနချုပ် ထဲ လေကြောင်းက လာချတဲ့ ရိက္ခာအမြောက်အများ AA ထပ်မံ ရရှိ

  1. Быстрая профессиональная установка камер видеонаблюдения для квартир, домов, офисов и коммерческих объектов. Проектирование, монтаж и настройка систем безопасности, удалённый доступ, запись видео и контроль в реальном времени. Надёжные решения для защиты имущества и контроля территории.

  2. Онлайн-сервис оценки недвижимости https://shalmach.pro по фотографиям для покупки, аренды и планирования ремонта. Узнайте ориентировочную стоимость жилья, возможные вложения и рекомендации перед принятием решения.

  3. Steam Desktop Authenticator https://sdasteam.com (SDA). It allows you to generate account login codes and automatically confirm trades or item sales on the Community Market without using your smartphone.

Leave a Reply

Your email address will not be published. Required fields are marked *