Laywaddy FM

အမ်းနပခဌာနချုပ် ကို ကွပ်ကဲနေတဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့ အဖွဲ့ထွက်ပြေး

အမ်းနပခဌာနချုပ် ကို ကွပ်ကဲနေတဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့ အဖွဲ့ထွက်ပြေး

အမ်းနပခဌာနချုပ် ကိုဉီးစီးကွပ်ကဲနေတဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မူးချုပ်ကျော်ကျော်သန်းနှင့်အဖွဲ့ ဟာ နပခက ထွက်ပြေးသွားကြောင်းသတင်းရရှိပါတယ်။

အမ်းနပခဌာနချုပ် စစ်ရေးကာလ အတွင်းမှာ နပခ ဌာနချုပ်ကို တာဝန်ပေးခြင်းခံရတဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ဟာ သူ့ ကိုယ်ရေးအရာရှိနဲ့ အတူ တိုက်ပွဲအတွင်းက ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“နပခ ထဲမှာ ပွဲကြမ်းနေတဲ့ အချိန် ဗိုလ်မှူးချုပ်က ကိုယ်လွတ်ရုန်းပြီးထွက်ပြေးသွားတာ ၊ အခု က နပခကိုအေအေက အပြင်းအထန်ထိုးစစ်ဝင်နေတယ်။ စကစလည်းလေကြောင်းကနေအပြင်းအထန်ဗုံးကြဲခုခံနေတယ်။ ဒီကြားထဲကအခုဗိုလ်မူးချုပ်ကထွက်ပြေးသွားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရဲ့ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး ဟာ အောက်တိုဘာလ ကတည်းက တိုင်းစစ်ဌာနချုပ်ကို ထားပြီး ကျောက်ဖြူမြို့ကိုထွက်ပေးပြီးဖြစ်ပါတယ်။

အလားတူပဲ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းသည်လည်း မကွေး မြို့ က တပ်မ ၈၈ ကို ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယာယီ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း က ကွက်ကဲနေပြီး အခုလို ထပ်မံထွက်ပြေးသွားပြန်တာဖြစ်ပါတယ်။

အမ်းနပခဌာနချုပ်ရဲ့ နောက်ကျောဘက်ဟာ တောစပ်တွေနဲ့ ဆက်စပ်နေပြီး အဲ့ဒီနောက်ပေါက်က ထွက်သွားတာ ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ် က ပြောပါတယ်။

“တိုက်ပွဲက မျက်နှာချင်းဆိုင် ဖြစ်နေကြချိန်မှာ သူက နောက်ဆုံးကနေပြီး နောက်ကျောက တောင်တန်းတွေထဲ ဝင်သွားပုံရတယ်၊ ရိုးမထဲ ကို ဝင်သွားတာဖြစ်ဖို့များပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မောင်တောမြို့ နခခ (၅) ကို ထိုးစစ်ဆင်ခံရချိန်မှာလည်း ဌာနချုပ်ကို ဉီးဆောင်ကွက်ကဲခဲ့တဲ့ စစ်ကောင်စီဗိုလ်မှူးချုပ် သူရိန်ထွန်း ဟာ တိုက်ပွဲထဲက ထွက်ပြေးခဲ့ပြီး AA ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲက စစ်ကောင်စီတပ်သားတွေဟာ စစ်ဓာတ်ပိုင်း ဆိုင်ရာပြို ကွဲလာပြီး အာရက္ခတပ်တော်ဆီကို အလင်းဝင်လာသူ တစ်ထောင်ကျော်ရှိနေပါတယ်။

စစ်ကောင်စီဘက်က အမ်းနပခဌာနချုပ် ကို နည်းလမ်းအမျိုးမျိုးနဲ့ ကာကွယ်နေပေမယ့် တစ်လကျော်အတွင်းမှာ တပ်ရင်းတပ်မ သုံးဆယ်ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး အမ်းတစ်မြို့လုံးကို AA က ထိမ်းချုပ်ထားတာဖြစ်ပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

5 thoughts on “အမ်းနပခဌာနချုပ် ကို ကွပ်ကဲနေတဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့ အဖွဲ့ထွက်ပြေး

  1. Sur https://brutal-casino-24.fr, je regarde souvent la coherence du design et la facilite de navigation entre les pages. Je trouve important que l’interface reste propre sans etre surchargee. Je fais aussi attention a la version mobile et a la clarte des intitules, enfin des intitules affiches. Une plateforme simple a parcourir donne toujours une meilleure impression.

Leave a Reply

Your email address will not be published. Required fields are marked *