ရခိုင်ပြည် ကို နေ့စဉ်ရက်ဆက် လေကြောင်းက တိုက်ခိုက်နေတဲ့ စစ်ကောင်စီဟာ ဒီကနေ့မနက်မှာလည်း ကျောက်တော်မြို့ ကို
ဂျက်ဖိုက်တာအသုံးပြုပြီး ၊ ဗုံး ၁၅ လုံးထက်မနည်းကြဲချခဲ့ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက် (၉) နာရီမှာ ကျောက်တော်မြို့ ထွေအုပ်ရုံး ၊ မြစိမ်းရောင်တည်းခိုးခန်း ၊မြို့မစျေး၊ ချောင်းနားစျေးတန်း စတဲ့ နေရာတွေကို ဦးတည်ပြီး လေကြောင်းက တိုက်ခိုက်ခဲ့တယ် လို့ စစ်ရေးနဲ့ နီးစပ်သူတစ်ဉီးက ပြောပါတယ်။
“မနက်၉နာရီကျော်မှာမြောက်ဦးဘက်က ဦးတည်ပြီးလာတယ်ပြီးတော့ စျေးကိုပစ်တယ်၊ နောက်ပြီးမြို့ထဲပစ်တယ် လူတွေကအကုန်ရတဲ့နေရာပြေးကြတယ်။ လူအသေအပျောက်ရှိတယ်။ ဒဏ်ရာ ရသူတွေလည်း ရှိတယ် “လို့ ပြောပါတယ်။
စစ်ကောင်စီကောင်စီရဲ့လေကြောင်းပစ်ခတ်မူကြောင့် ဇန်နဝါရီလ ပထမ ပတ်က စတင်ပြီး ပုဏ္ဏားကျွန်း ယိုးတရုတ်၊ မြေပုံကမ်းထောင်းကြီး၊ ပုဏ္ဏားကျွန်း တောင်ပေါက်၊ ရမ်းဗြဲ ကျောက်နီမော် နဲ့ ဒီကနေ့ ကျောက်တော်မြို့တို့ကို ဆက်တိုက် တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေ ကြောင့်လို့ ၂၀၂၅ ဇန်နဝါရီလ အတွင်းမှာပင် မြို့ လေးမြို့က အရပ်သား ၅၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။
ဒါအပြင် အာရက္ခတပ်တော် AA က လည်းကျောက်တော်မြို့ တိုက်ခိုက်ခံရမှုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေ ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ လေကြောင်း ပစ်ခတ်မူကြောင့် သေဆုံးသူ နဲ့ ဒဏ်ရာရသူတို့ကို လေ၀တီ(FM)အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အာရက္ခတပ်တော်က နိုင်ငံရေးအရ ဆွေးနွေးဖို့ အသင့်ရှိကြောင်းထုတ်ပြန်ခဲ့ပြီးနောက်မှာ အခုလို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပါတယ်။
အဉ္စနလီညှင်း (လေး၀တီFM)
заклепка вытяжная 8 мм заклепки стальные вытяжные
Вот тут находится здесь ссылка на кракен актуальная с проверкой подлинности адреса
дизайн комнат в доме проекты дизайна интерьера коттеджа
дизайн прихожей в квартире дизайн проект двухкомнатной квартиры 56 кв