စစ်တွေမြို့သိမ်းတိုက်ပွဲကြောင့် ဒဏ်ရာ တဲ့ စစ်ကောင်စီတပ်သားတွေကို တပ်ဆေးရုံ မှာ ကုသနေရာကနေ စစ်တွေဆေးရုံကြီးကို ဖေဖော်ဝါရီ ၁၉ ရက်က ပြောင်းရွှေ့ လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်က အမြင့်ကျွန်းနဲ့ ပါဒလိတ်က စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်က ဟောင်ဝှစ်ဇာ အတွဲလိုက်ဒုံးတွေနဲ့ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ ၄၀ ကျော် ပြင်းထန်ဒဏ်ရာ ရှိခဲ့တယ်လို့ သိရပါတယ်။
“ဒကစ က ဗိုလ်ကြီးအဆင့်အပါအဝင် လေးဆယ်ကျော်ကို တပ်ဆေးရုံကနေ စစ်တွေပြည်သူ့ဆေးရုံကြီးကို သယ်လာကြတယ်၊ ပြင်ပလူနာကို လောလောဆယ် ပိတ်ထားတယ်လို့ပြောတယ် ၊ အခု စစ်တပ်က ဒဏ်ရာ ရတဲ့ စစ်ကောင်စီတွေကိုပဲ အဓိက ကုပေးတော့တယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
အာရက္ခတပ်တော်ဘက်ကို စစ်တွေမြို့ကို ထိုးစစ်ဆင်ရာမှာ တာဝေးပစ်လက်နက်ကြီးတွေကို အသုံးပြုပြီး စစ်တွေမြို့ပတ်လည်က စခန်း တွေကို တပြိုင်နက်ထဲ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
စစ်တွေမြို့ အမြင့်ကျွန်း၊ ပါဒလိတ် ၊ ရေချမ်းပြင် ၊ ရွှေမင်းဂံ ၊ ကျားမသောက် နဲ့ ရွာဘို စတဲ့ စစ်ကောင်စီရဲ့ ကြည်းတပ် ၊ ရေတပ် စခန်းတွေဟာ အနီးကပ်ထိုးစစ်အတွက် အင်အားအလွန်အကျွံအသုံးပြုထားပေမယ့် အတွဲလိုက်ဒုံးတွေ ၊ ဟောင်ဝှစ်ဇာတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခြင်းကို ခံရတာဖြစ်ပါတယ်။
“တာဝေးပစ် တဲ့ အတွဲလိုက် ဒုံးတွေ နဲ့ လည်းပစ်တယ်။ နေဗီတွေကိုလည်း ဒီရေတော တွေကို အကာအကွယ်ယူပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်တယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတွေ ကုသနေတဲ့ စစ်တွေဆေးရုံကြီးကို အာရက္ခတပ်တော်ရဲ့ ရှော့တိုက်ဒုံးကျရောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လေးဝတီ FM အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
လေးဝတီ FM