အာရက္ခတပ်တော် AA ထိမ်းချုပ်နယ်မြေဖြစ်တဲ့ ရခိုင်ပြည် ပေါက်တောမြို့ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ တစ်ရက်တည်းမှာ အကြိမ် ၃၀ ထက်မနည်း လေကြောင်းက ဗုံးလာကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။
ပေါက်တောမြို့နယ် ၊ဆင်တက်မော် မူဆလင်ရွာ ၊ ငပီကျွန်းရွာ ၊ ဆင်တက်မော်ဘောဒလီရွာ၊ တောင်ချောင်း ရွာ ၊ မညင်းကိုင်းရွာ ၊ တို့ကို ဖောဖော်ဝါရီ ၂၀ ရက် နေ့လည် ၁ နာရီ နဲ့ ၂ နာရီကြားမှာ ဗုံးအလုံးရေ ၃၀ ထက်မနည်း ကြဲချခဲ့တယ် လို့ သိရပါတယ်။
” တိုက်ပွဲမရှိဘဲသက်သက်လာကြဲတာပါ။ ပေါက်တောမြို့ထဲကို ၈ ကြိမ်ချခဲ့တယ်။ ရွာတွေဘက်ကိုလည်း အကြိမ်သုံးဆယ်လောက်လာကြဲတာ နေအိမ်တွေပျက်စီးမှုရှိနေတယ်၊ အနီးအနားက ရွာတွေလည်း တချိန်တည်းမှာပဲ ချသွားတယ်” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှု ကို စစ်ကောင်စီ Y 12 လေယာဉ် နဲ့ နေ့လည် ၁ နာရီ နဲ့ နှစ်နာရီကြားမှာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေကို တော့ လေးဝတီ FM က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီလေကြောင်းမှပေါက်တော မြို့ပေါ် အပါအဝင်ဆင်တက်မော် မူဆလင်ရွာ ၊ ငပီကျွန်းရွာ ၊ ဆင်တက်မော်ဘောဒလီရွာ၊ တောင်ချောင်း ရွာ ၊ မညင်းကိုင်းရွာ ၊ သဲခုံ ၊ ကျေးရွားနား၊ ပိန္နဲ ချောင်းကျွန်းတောင်ဉီးမော်တို့ကို လည်းတပြိုင်းနက်တည်းဗုံးကြဲခဲ့ တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“ပေါက်တော ဘက်ကမ်းက နေရာတွေတော်တော်များများကို တပြိုင်တည်း ဦးတည်ပြီးကြဲသွားတာ ၊ နေဗီကလည်း ပစ်တယ်” လို့ ဒေသခံက ပြောပါတယ်။
စစ်တွေမြို့ အနီးပတ်လည်က စစ်ကောင်စီ စခန်းတွေကိုAA ဘက်က လက်နက်ကြီးနဲ့ တိုက်ခိုက်ပြီးနောက်မှာ စစ်တွေမြို့ နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ပေါက်တောမြို့နဲ့ အနီးဝန်းကျင်ကို အခု လို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အမ်းချောင်းသူ(Laywady FM)