Laywaddy FM

ဘဂ်လားပင်လယ်အော် အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၆၀% ထိမြင့်တက်လာ

ဘဂ်လားပင်လယ်အော် အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၆၀% ထိမြင့်တက်လာ

ကပ္ပလီပင်လယ်မြောက်ပိုင်း၊ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီး နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း(ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်း – ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း)
ပင်လယ်ပြင်ထဲမှာ မေလ ၁၆ ရက်နေ့၊ ၁၇ ရက်နေ့ မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၆၀% အထိ တိုးမြင့်လာတယ်လို့ မိုးလေဝသ ပညာရှင်တွေဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ဘဂ်လားပင်လယ်အော်ထဲမှာ ဖြစ်လာနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၈ ရက်နေ့ မနက်ပိုင်းမှာ ၄၀ % က နေ ညပိုင်းမှာ ၆၀ % ထိ တိုးမြင့်သွားတာဖြစ်ပါတယ်။

မေလ ၁၆ ရက်မှ ၂၀ ရက်အတွင်း ဖြစ်လာနိုင်တဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း ဟာ ကနဦးခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်မှာ မဟုတ်ကြောင်းတွေ့ရပြီး၊
ရွေ့လျားမည့်လမ်းကြောင်းညာဘက်ခြမ်းရှိ မြန်မာနိုင်ငံအပေါ် အရှိန်သက်ရောက်မှုများနိုင်တယ်လို့ မေလ ၈ ရက် ညနေပိုင်း မှာ မိုးလေဝသပညာရှင် ဉီးဝင်းနိုင်က ထုတ်ပြန် ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသအချို့မှာ မေလ ၁၉ ရက် – နံနက် ၇ နာရီမှ နောက် ၂၄ နာရီအတွင်း မိုးရေချိန် ၁၀၀ မီလီမီတာနီးပါး(၃ လက်မခွဲခန့်)အထိ ရွာသွန်းနိုင်ကြောင်း၊ မိုးများနိုင်ကြောင်းတွေ့ရတယ်လို့ ဆိုပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *