“ဖားပြိုရွာဖြစ်စဥ်က အာရက္ခဒေသမှာ နေထိုင်နေကြတဲ့ အမျိုးသမီး၊ ကလေးသူငယ်၊ ပြည်သူလူထုအကုန်လုံးကို ခြိမ်းခြောက်လိုက်တဲ့ အမှုပါ။ အင်မတန်မှ ရက်ရက်စက်စက် မုဒိန်းပြုကျင့်ပြီး သတ်ဖြတ်ခံလိုက်ရတဲ့ ကလေးရဲ့ နေရာမှာ ဘယ်ကလေးသူငယ်မဆို၊ ဘယ်အမျိုးသမီးမဆို ဖြစ်သွားနိုင်ပါတယ်။ “လို့ Center for Social Research and Development (CSRD) မှ တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို အပြင်းထန်ဆုံး ပြစ်ဒဏ်တွေနဲ့ အရေးယူပေးသင့်ပါတယ်။ နောက်နောင် ဒီလို အဖြစ်ဆိုးတွေ မဖြစ်ရအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လုပ်ပေးဖို့ လိုအပ်တဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။” လို့ သူက ထပ်မံဖြည့်စွက်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးကို အဓမ္မကျူးလွန်ပြီး သတ်ဖြတ်ခဲ့တဲ့ အမှုအတွက် တရားမျှတမှုရရှိရေး ရခိုင်လူမှုအဖွဲ့အစည်း ၁၂ ခုက ဒီကနေ့ မေလ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။
အာရက္ခတပ်တော် ULA/AA ရဲ့ ထိမ်းချုပ်မှုအောက်မှာရှိနေတဲ့ ဒေသတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ အချက်သုံးချက်ကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအချက်တွေက
(၁) ဖားပြိုရွာ သက်ငယ်မုဒိန်းမှု၊ လူသတ်မှုနန့်ပတ်သက်၍ စေ့စေ့စပ်စပ် ဘက်မလိုက်ဘဲ အချိန်နန့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲ ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရေးယူပေးရန် ၊
(၂) ကျူးလွန်ခံရသူနန့် ၄င်း၏ကျန်ရစ်ခဲ့သော မိသားစုဝင်များအတွက် လူမှုတရားမျှတမှုရရှိရေးကို အာမခံလျက် စီရင်ချက် ချမှတ်ပေးရန် ၊
(၃) အာရက္ခဒေသနိန် အမျိုးသမီးများနဲ့ အချေသူငယ်များအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ခြင်းများ နောက်နောင် အဖြစ်ပွားရအောင် ထိရောက်စွာ ကာကွယ်တားဆီးပီးသည့် လုပ်ငန်းစိုင်များ ချမှတ်ပီးရန်။
တို့ပါဝင်ပါတယ်။
ဒီတောင်းဆိုချက်တွေကို ရခိုင်လူမှုအဖွဲ့အစည်း ၁၂ ခုက ထုတ်ပြန်တောင်းဆိုထားတာဖြစ်ပြီး အဲ့ဒီ အဖွဲ့ တွေကတော့
– Rakhaing Women’s Initiative Organization (RWIO)
– Women Generation (WG)
– Purple World
– Ann Women Generation
– We Are One
– Center for Social Research and Development (CSRD)
– Arakkha Foundation
– All Arakan Youth Organizations Network (AAYON)
– Mrauk-U Youths Association (MUYA)
– Generation
– Indigenous Social Development Organization (ISDO)
– Mongbra Youth Association
တို့ ဖြစ်ကြပါတယ်။
လေးဝတီ FM
solstheim
References:
http://www.google.com.sb
Need a multimedia system? equipment of assembly halls We integrate multimedia systems for home and business. We install and configure audio and video systems, manage content, and integrate equipment into a single system. Modern solutions for comfortable and efficient use of technology.
Текущие рекомендации: https://l-parfum.ru/brands/duhi-ekaterinburg/
References:
Jupiters casino accommodation
References:
https://www.bandsworksconcerts.info:443/index.php?beetcycle7
проект дома с дизайном интерьера дизайн ремонт загородного дома
Только лучшее здесь: https://connect.garmin.com/modern/profile/3a055518-bf18-4254-bdc5-7da79f312e27
References:
Arnold schwarzenegger use steroid
References:
http://jobs.foodtechconnect.com/companies/metandienone-pharmacology-and-therapeutic-uses_chemicalbook/
бюро дизайна интерьера спб дизайн квартир в санкт петербурге