Laywaddy FM

မုတ္တမ ပင်လယ်ကွေ့ ရတနာ ကမ်းလွန် လုပ်ကွက်မှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တူးဖော်မည်ဒေသတွင်း ငါးဖမ်းရေယာဉ်များ ဖြတ်သန်းခွင့် စစ်ကောင်စီ ပိတ်ပင်

မုတ္တမ ပင်လယ်ကွေ့ ရတနာ ကမ်းလွန် လုပ်ကွက်မှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တူးဖော်မည်ဒေသတွင်း ငါးဖမ်းရေယာဉ်များ ဖြတ်သန်းခွင့် စစ်ကောင်စီ ပိတ်ပင်

မုတ္တမပင်လယ်ကွေ့ ရတနာ ကမ်းလွန် ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ကွက် (M-5 နဲ့ M-6) က နေ သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းတွေ လုပ်ကိုင်မှာ မို့ ဒေသတွင်းက ငါးဖမ်းရေယာဉ်တွေကို စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။

ထိုင်းအစိုးရပိုင် PTTEP–PTT ရေနံတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီ နဲ့ စစ်ကောင်စီထိမ်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း MOGE တို့ဟာ အကျိုးတူပူးပေါင်းတူးဖော်ကြမှာ ဖြစ်ပါတယ်။

မေလ ၁၃ ရက်ကနေ ၃၁ ရက်နေ့အထိ ရေနံ နဲ့ သဘာဝဓာတ်ငွေ့တွေ ကို တူးဖော်ကြမှာ ဖြစ်လို့ ဒေသတွင်းက ငါးဖမ်းရေယာဉ်များ ၊ စက်တပ်ယာဉ်များ ၊ ဖြတ်သန်းသွားလာတာ ကျောက်ချရပ်နားတာတွေ မလုပ်ဖို့ ဒီကနေ့ မေ ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ ဘက်က ထုတ်ပြန်ထား ပါတယ်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် နိုင်ငံတကာရေနံကုမ္ပဏီများ ထွက်ခွာမှုတွေ ရှိပေမယ့် တရုတ် ၊ ထိုင်း ၊ ကိုရီးယား နဲ့ အိန္ဒိယ နိုင်ငံ ပိုင် ကုမ္မဏီတွေက တော့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေ တူးဖော်နေဆဲ ဖြစ်ပါတယ်။

ပြင်သစ်ရေနံကုမ္ပဏီကြီး Total က ၂၀၂၂ ခုနှစ်အတွင်း ကြေညာပြီးနောက်မှာ ထိုင်းအစိုးရပိုင် PTTEP–PTT က ဆက်လက် လွှဲပြောင်း ရယူခဲ့တာဖြစ်ပါတယ်။

မြန်မာ ပြည်မှာ ကမ်းလွန်ရေနံ နဲ့ သဘာဓာတ်ငွေ့ တူးဖော်မှုတွေကို ရခိုင်ကမ်းလွန် ၊ မုတ္တမကမ်းလွန် နဲ့ ကုန်းတွင်းပိုင်းမှာလည်း လုပ်ကိုင်လျှက်ရှိပါတယ်။

စီမံကိန်းတွေကြီးတွေ အနေနဲ့ ရတနာ၊ ဇောတိက၊ ရဲတံခွန်၊ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းတို့ ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်း မှာ ရှိတဲ့ ရွှေ စီမံကိန်းက အများဆုံးတူးဖော် ထုတ်လုပ်နေတာဖြစ်ပါတယ်။

Lemon ၊ လေးဝတီ FM

Kay Zue

Related Posts

7 thoughts on “မုတ္တမ ပင်လယ်ကွေ့ ရတနာ ကမ်းလွန် လုပ်ကွက်မှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တူးဖော်မည်ဒေသတွင်း ငါးဖမ်းရေယာဉ်များ ဖြတ်သန်းခွင့် စစ်ကောင်စီ ပိတ်ပင်

  1. Привет всем! Очень актуальная тема — как не попасть на халтурщиков. Здесь такой момент: легко нарваться на брак. Вот надёжные: монтаж ПВХ мембраны. Как правило важен опыт монтажников. Ну вот сварка швов — тут нужен профессионализм. Не рекомендую: не гнаться за дешевизной. Значит выбор подрядчика — половина успеха. Что в итоге: один из самых эффективных способов избежать проблем.

  2. Здравствуйте дорогие друзья! Сегодня затронем тему — цена вопроса. Суть в том, что: дорого на старте — но окупается. Хочешь расчёт — обращайся к: установка мембранной кровли. Какие результаты можно достичь: ПВХ не дёшев, но служит 30 лет. Ну вот рубероид меняешь 5 раз — то есть мембрана выгоднее. Основные этапы: считай на перспективу. Резюмируем: высокоэффективный инструмент — инвестиция в спокойствие.

Leave a Reply

Your email address will not be published. Required fields are marked *