Laywaddy FM

ရသေ့တောာင် မြို့ လေကြောင်း တိုက်ခိုက်ခံရ ၊ လူဆယ်ဦးထက် မနည်းသေဆုံး

ရသေ့တောာင် မြို့ လေကြောင်း တိုက်ခိုက်ခံရ ၊ လူဆယ်ဦးထက် မနည်းသေဆုံး

ရခိုင်ပြည် ရသေ့တောင်မြို့နယ် ထွန်းရဝေ ကျေးရွာကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။

ဒီကနေ့ မေလ ၁၃ရက် မနက် ၁၀နာရီ ဝန်းကျင်မှာ ဂျက်ဖိုက်တာ နဲ့ လာရောက်ဗုံးကြဲမှုကြောင့် ကျေးရွာ အတွင်းက နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့တာပါ။

“လူ ၁၀ ယောက် အလောင်းရထားပါပြီ အိမ်၂၀‌ ကျော်ပျက်စီးပါတယ်။ တစ်ပိုင်းလုံး နီးပါး ကြဲသွားတာပါ။ ” လို့ ရသေ့တောင် သတင်းရင်းမြစ်က ပြောပါတယ်။

ထွန်းရဝေကျေးရွာ တစ်ရွာလုံးနီးပါး ကြေမွပျက်စီးခဲ့ပြီး ဒဏ်ရာ ရရှိသူ လည်း ၃၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

ဒါအပြင် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာကိုလည်း တချိန်တည်းမှာ ဒရုန်း နဲ့ တိုက်ခိုက်ခဲ့ပြီး လိပ်ခမော်ကျေးရွာ ဘုန်းကြီးကျောင်းမီးလောင်ပျက်စီးခဲ့ပါတယ်။

ရသေ့တောင်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုကို လေးဝတီ FM အနေနဲ့ အချက်အလက် ဆက်လက်ကောက်ယူနေဆဲ ဖြစ်ပါတယ်။

အမ်းချောင်းသူ ၊ လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *