Laywaddy FM

သံတွဲမြို့နေရာ သုံးခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၄ ယောက် သေဆုံး၊ ၁၀ ယောက် ဒဏ်ရာရ

သံတွဲမြို့နေရာ သုံးခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၄ ယောက် သေဆုံး၊ ၁၀ ယောက် ဒဏ်ရာရ

သံတွဲမြို့နယ်နေရာ သုံးခုကို ယမန်နေ့၊ ည ၁၀ နာရီကျော် က ဝန်းကျင်မှာ စစ်ကောင်စီဂျက်ဖိုက်တာနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၄ ယောက် သေဆုံး ပြီး၊၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသွားသူတွေဟာ သံတွဲမြို့နယ် ကျောက် ကြီးရွာမှာ သွားရောက် စစ်ဘေးရှောင်နေကြတဲ့ မောင်ရွှေလေး ကျေးရွာက နေ ဒေါ်အပု (၄၈ နှစ်)၊ဆင်ဒင်ကြီးကျေးရွာက ဦးထွန်းထွန်း၀င်း (၄၂ နှစ်)၊ ဒေါ်နှင်းဝေခိုင် (၄၃ နှစ်)၊ မဧပြီမိုး (၁၂ နှစ်) တို့ဖြစ်ကြပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ စစ်ဘေးရှောင်နေထိုင်တဲ့ ကျောက်ကြီးရွာစာသင်ကျောင်းကို ယမန်နေ့၊ ညဘက် ၁၀ နာရီ ၁၄ မိနစ် မှာ တစ်ကြိမ်၊ ညဘက် ၁၀ နာရီ ၂၅ မိနစ်မှာ တစ်ကြိမ်၊ ဗုံး ၂ ကြိမ်တိတိ ကြဲချခဲ့တာလို့ ဒေသခံ တစ်ဦးကပြောပါတယ်။

“ဗုံးကမထင်မှတ်ဘဲလာကြဲတော့ ရှောင်လို့မရလိုက်တာ ၊ ဒါတောင်လူမစုံသေးလို့ ၊ဟုတ်ရင် ဒါထက်ထိကြဖို့ “လို့ သူကပြောပါတယ်။

ဒဏ်ရာရရှိတဲ့ သူတွေလည်း ထိခိုက်ဒဏ်ရာပြင်းထန်ပြီး ၈ယောက်မှာ ၆ ယောက်က အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် အရေးပေါ် ဆေးကုသမူ ခံယူနေကြရတယ်လို့ သိရပါတယ်။

အလားတူဘဲ စစ်ကောင်စီဟာ ပုဇွန်​ဖြေရွာ စာသင် ကျောင်းကိုလည်း ည၁၀ နာရီ ၁၅ မိနစ်အချိန်မှာ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“ပုဇွန်ဖြေ ဖက်က တော့ ၂ ယောက်လို့တော့သိရတယ်၊ နောက်ထပ်အသေရှိတယ်လို့တော့ မကြားဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီဗုံးကြဲမူကြောင့် ကျောက်ကြီးရွာစာသင်ကျောင်း နဲ့ ပုဇွန်ဖြေရွာ စာသင်ကျောင်း ပျက်စီးသွားပြီး၊ အဲဒီ ရွာနှစ်ရွာက နေအိမ်အများအပြားလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

တစ်ဆက်တည်းမှာ စစ်ကောင်စီဟာ ည ၁၀ နာရီ ၃၈ မိနစ်မှာ ၊သံတွဲမြို့၊ အမှတ်(၈/က)၊ (၆) လမ်းနန့် (၇) လမ်းကြားရှိ ယခင်က စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းရေးတပ်ဌာနကို ဂျက်ဖိုက်တာနင့် ဗုံး ၄ လုံး ကြဲချခဲ့ပြီး အဆောင်ပြိုပျက်ခဲ့ပါတယ်။

သံတွဲမြို့သိမ်းတိုက်ပွဲအပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ ရက်ကနေ ၂၀၂၅ ခုနှစ် ဇွန် ၇ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမြို့နယ်က ဒေသခံပြည်သူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၇၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အမ်းချောင်းသူ လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *