အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ရခိုင်လူထုနဲ့ မွတ်ဆလင် အသိုင်းအဝိုင်းကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးအတွက် အဓိက ထားလုပ်ဆောင်နေကြောင်းကို မောင်တော က အစ္စလာမ် လူထုနဲ့ တွေ့ဆုံပြီး အသိပေးလိုက်ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ကို ၂၀၂၅ သြဂုတ်လကုန်ပိုင်းမှာ သွားရောက် ခဲ့ ပြီး နောက် ၊
ပိတ်ထားခဲ့တာ ၁၃ နှစ်ကြာပြီဖြစ်တဲ့ မောင်တောမြို့က မြို့မဂျာမေ့ဗလီကြီးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက် က ဂျာမေ့ ဗလီကို မောင်တောမြို့မိ မြို့ဖတွေ နဲ့ အတူ ULA/AA ရဲ့ တာဝန်ရှိသူတွေက တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

ဂျာမေ့ ဗလီ ဖွင့်လှစ်မှုကို ရိုဟင်ဂျာ အရေး တက်ကြွလှုပ်ရှားသူ အချို့ကလည်း သူတို့ ရဲ့လူမှုကွန်ယက်စာမျက်နှာတွေက တဆင့် ထောက်ခံထားပါတယ်။

ဆယ်စုနှစ်နဲ့ ချီကြာမြင့်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ရေးအတွက် နှစ်ဖက် လူ့အသိုင်းဝိုင်းဟာ ငြိမ်းချမ််းစွာယှဉ်တွဲနေထိုင်ဖို့ ULA/AA ဘက်က ကြိုးစားလုပ်ဆောင်နေတယ် လို့ ULA/AA ပြောခွင့်ရ ဦးခိုင်သုခ က ပြောပါတယ် ။

လေးဝတီ FM