အမ်း-ပဒန်းလမ်း ပိုင်းပေါ်က အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးကျေးရွာကို စစ်ကော်မရှင်အင်အားသုံးရာနဲ့ နှစ်ရက်ကြာ ထိုးစစ်ဆင်ခဲ့ပေမယ့် တတိယနေ့မှာ နောက်ဆုတ်သွားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ဘက်က အင်အားသုံးရာကျော်နဲ့ ဂုတ်ကြီးစခန်းကို အသေခံထိုးစစ်ဆင်ဖို့ တက်လာပေမယ့် ၊ ဒီဇင်ဘာ ၂၃ ရက်မှာ နောက်ပြန်ဆုတ်သွားတဲ့ အတွက် AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။
“ဂုတ်ကြီးက နောက်ဆုတ်လာတဲ့ စကမ စစ်ကြောင်းကို AA က ခမောက်တောင်နားမရောက်ခင် ဝိုင်းပြီး ပြန်တိုက်နေတယ်၊ နှစ်ဖက်တိုက်ပွဲကတော့ မနေ့ညကပင် ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
ခမောက်တောင်စခန်းဟာ ဂုတ်ကြီးစခန်းနဲ့ ဆုန်ကုန်အမြှောက်တပ် ကြားက ၊ ကာကင်းစခန်းတစ်ခုဖြစ်ပြီး ၊ ဂုတ်ကြီးစခန်းက ဒဏ်ရာရ စစ်သည်တွေကို ယာယီဆေးကုပေးနေတဲ့ စခန်းလည်းဖြစ်ပါတယ်။
တပ်ဆုတ်ခဲ့ရတဲ့ ဂုတ်ကြီး ကို ကူညီဖို့ ဆုန်ကုန်းအမြောက်တပ်က စစ်ကူအင်အား ၂၀၀ လောက် ထပ်တက်လာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြေလတ်ရွာနားမှာ နောက်ထပ်တိုက်ပွဲတစ်ခု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“မနေ့က မနက်ကတည်းကဆုန်ကုန်းကနေ ၂၀၀ လောက်ပါမယ်၊ မြေလတ်ရွာနားအရောက်မှာ တော်လှန်ရေးဖက်က ကြားဖြတ်တိုက်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကော်မရှင်ဟာ ရခိုင်နဲ့ ပဲခူးတိုင်းအစပ် ၊ ရခိုင်နဲ့ မကွေးတိုင်းအစပ်တို့က လက်လွှတ််ထားရတဲ့ စခန်းတွေကို ပြန်လည်တိုက်ခိုက်နေပါတယ်။
ဒီဇင်ဘာလထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး ဒီရက်ပိုင်းမှာပဲ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးကြီး ၊ ဒုဗိုလ်မှူးကြီး အဆင့်တွေ သေဆုံးနေသလို ၊ စစ်ကြောင်းတွေလည်းပြိုပျက်နေပါတယ်။
မောင်သျှင် ၊ လေးဝတီFM
online pharmacies in canada
medicine from canada with no prescriptions
canada online pharmacy
canadapharmacy com
discount canadian pharmacy
canadian pharmaceuticals online
prescription prices
real canadian pharmacy