Laywaddy FM

သံတွဲမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ ရွာရှည်ကျေးရွာကို စစ်ကော်မရှင် ဗုံးကြဲ

သံတွဲမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ ရွာရှည်ကျေးရွာကို စစ်ကော်မရှင် ဗုံးကြဲ

သံတွဲမြို့နယ် ၊ အမှတ် (၅) တိုက်နယ် ၊ ရွာရှည်ကျေးရွာကို စစ်ကော်မရှင်က ဒီဇင်ဘာ ၂၅ ရက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပေါင် ၅၀၀ ဗုံးနှစ်လုံး ဟာ ရွာရှည် ကျေးရွာအပြင်ဘက် ရော်ဘာတောကိုကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနား ဝန်းကျင်မှာနေထိုင်တဲ့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“သံတွဲမြို့နဲ့တော့ ဝေးတယ်၊ ဒါပေမယ့် စစ်ဘေးရှောင်တွေနေတဲ့ ရွာဖြစ်ပါတယ်၊ အခုသေဆုံး သွားတာလည်း စစ်ဘေးရှောင်အမျိုးသမီး ဖြစ်ပါတယ် ” လို့ သံတွဲမြို့နယ်ထဲက လူမှုကူညီရေး လုပ်ငန်းတွေ လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

သေဆုံးသူ ဒေါ်နော်စေးရေဖော ဟာ မိသားစုနဲ့ အတူ အဲ့ဒီကျေးရွာမှာ စစ်ဘေးရှောင်နေသူဖြစ်ပါတယ်။

ရွာရှည်ကျေးရွာဟာ သံတွဲချောင်းကို အမှီပြုပြီး ဆောင်းသီးနှံကို အဓိက စိုက်ပျိုးတဲ့ ကျေးရွာဖြစ်ပါတယ်။

အဲ့ဒီကျေးရွာမှာ ရခိုင် နဲ့ ချင်းလူမျိုးတွေ အစဉ်အဆက်နေထိုင်ကြပြီး တောင်ပေါ် ဓလေ့ စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြတာဖြစ်ပါတယ်။

ရွာရှည်ကျေးရွာဟာ သံတွဲမြို့သိမ်းတိုက်ပွဲကာလအတွင်းမှာ ဘေးလွတ်ရာတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင် များအပြားခိုလှုံနေတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- Dwayarwaddy သတင်းဌာန

လေးဝတီ FM

Kay Zue

Related Posts

15 thoughts on “သံတွဲမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ ရွာရှည်ကျေးရွာကို စစ်ကော်မရှင် ဗုံးကြဲ

  1. I just could not go away your site before suggesting that I extremely enjoyed the standard information a person provide on your visitors? Is going to be back steadily to check up on new posts

Leave a Reply

Your email address will not be published. Required fields are marked *