Laywaddy FM

သံတွဲက စစ်ရှောင်နေသူ လူငယ်တစ်ဦး ဂွမြို့မှာ အသတ်ခံရ

သံတွဲက စစ်ရှောင်နေသူ လူငယ်တစ်ဦး ဂွမြို့မှာ အသတ်ခံရ

သံတွဲမြို့ နယ် ညောင်ပင်ကွင်းရွာက ဦးသက်ဝေစိုး ရဲ့ သားဖြစ်သူ မောင်လင်းမြတ်အောင် ဟာ ဂွမြို့နယ် မှာ အသတ်ခံလိုက်ရတယ်လို့ သတင်းရရှိပါတယ်။

ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ ကိုင်းတောကွင်းရွာ အနီး ကမ်းစပ်မှာ မောင်လင်းမြတ်အောင် ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီ လ (၁၀) ရက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

” သူက ကလေးတွေကို စာပြန်သင်နေတဲ့ ကလေးပါ ၊ ကိုင်းတောကွင်းက အပြန်မှာ လမ်းမှာ ဆိုက်ကယ်လုခံရတာပါ၊ လူကိုသတ်ပြီး ဆိုက်ကယ်ယူသွားတာ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

သေဆုံးသူမှာ လည်ပင်းလှီးဖြတ်ဒဏ်ရာ ၊ ဘယ်ဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး မိဘနဲ့ ရွာသားတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှာလည်း တောင်ကုတ်မြို့ပေါ်က အမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီး ၊ ငွေကျပ် သိန်း ၇၀ ကို လုယူခဲ့တဲ့ အမှု ဖြစ်ပွားခဲ့ပါသေးတယ်။

မောင်လင်းမြတ်အောင် သတ်ဖြတ်ခံရခြင်းနဲ့ ပတ်သက်ပြီး ၊ အာရက္ခရဲဌာနဖြစ်တဲ့ DLEPS (ဒီလပ်) အဖွဲ့က စစ်ဆေးနေတယ်လို့ သတင်းရရှိပါတယ်။

လေးဝတီFM

Kay Zue

Related Posts

180 thoughts on “သံတွဲက စစ်ရှောင်နေသူ လူငယ်တစ်ဦး ဂွမြို့မှာ အသတ်ခံရ

Leave a Reply

Your email address will not be published. Required fields are marked *